Samsung Galaxy Note10 နဲ႔ Note 10+ မွာဘာေတြပါဝင္လာမလဲ

[ Zawgyi ]

Samsung Note10 ထုတ္ကုန္ကုိ ၾသဂုတ္လ ၈ ရက္မွာ မိတ္ဆက္မွာျဖစ္ပါတယ္။ ဒါေပမယ့္ ထုတ္ကုန္မမိတ္ဆက္ခင္မွာ Note10 နဲ႔ Note10+ နဲ႔ပတ္သက္တဲ့အခ်က္အလက္မ်ားစြာ ထြက္ေပၚခဲ့ပါတယ္။

Samsung အေနနဲ႔ Unpacked ပြဲမွာ Note ထုတ္ကုန္ ၃မ်ိဳးကို မိတ္ဆက္ဖြယ္ရွိၿပီး Note10 အငယ္စားဗားရွင္းနဲ႔ အႀကီးစားဗားရွင္းတစ္ခုနဲ႔ 5G ေထာက္ပံ့မႈပါဝင္တဲ့ ထုတ္ကုန္ေတြကုိ ေဈးကြက္တစ္ခ်ိဳ႕မွာ ေရာင္းခ်မယ္လို႔ သတင္းထြက္လာပါတယ္။

Galaxy S10 5G ကေတာ့ Not10+ နဲ႔ဒီဇိုင္းတူညီမယ္လို႔ သိရပါတယ္။

ေပါက္ၾကားထြက္ေပၚလာတဲ့ ဓာတ္ပုံေတြအရ Galaxy Note 10 ေက်ာဘက္ဒီဇိုင္းေတြကို အေျပာင္းအလဲျပဳလုပ္ထားပါတယ္။ ကင္မရာေတြကုိ ေရျပင္ညီကေန ေဒါင္လိုက္ပုံစံ ျပဳလုပ္ထားၿပီး ေထာင့္ဘက္ကပ္ထားပါတယ္။

Galaxy Note 10 ဗားရွင္းမွာ Qualcomm Snapdragon 855+ ေထာက္ပံ့ထားတဲ့ ထုတ္ကုန္ကုိ ေဈးကြက္တစ္ခ်ိဳ႕မွာ ေရာင္းခ်မွာ ျဖစ္ၿပီး မေၾကညာရေသးတဲ့ Exynos 9825 chipset ပါဝင္တဲ့ ထုတ္ကုန္ကုိ ႏိုင္ငံမ်ားစြာမွာ ေရာင္းခ်မွာ ျဖစ္ပါတယ္။ မ်က္ႏွာျပင္အရြယ္အစားေတြက ပုံမွန္ Note10 အတြက္ ၆.၃လက္မနဲ႔ Note 10+ အတြက္ ၆.၈လက္မတုိ႔ျဖစ္ပါတယ္။ Dynamic AMOLED panel ကုိအသုံးျပဳထားၿပီး ႐ုပ္ထြက္အရည္အေသြးက QHD+ ျဖစ္ပါတယ္။

Galaxy Note10 အတြက္ 128GB ဗားရွင္းမရွိဘဲ UFS 3.0 storage အသစ္အသုံးျပဳထားတဲ့ 256GB အျပင္ 512GB ေမာ္ဒယ္ေတြပဲ ေရာင္းခ်မွာ ျဖစ္ပါတယ္။

Galaxy Note10 နဲ႔ Note10+ မွာကင္မရာသုံးလုံးပါဝင္ၿပီး 12MP အဓိကကင္မရာ၊ 16MP ultra-wide နဲ႔ 12MP telephoto အျပင္ ToF sensor တို႔ပါဝင္လာပါတယ္။

အရြယ္အႀကီးဆုံး ဘက္ထရီပမာဏကေတာ့ 4,300mAh ျဖစ္ၿပီး အေသးဆုံးကေတာ့ 3,500mAh ျဖစ္ပါတယ္။ ဘက္ထရီ၂မ်ိဳးစလုံးကုိ အားသြင္းျမန္ဆန္စနစ္ေထာက္ပံ့ထားၿပီး အငယ္စားဗားရွင္းမွာ 25W နဲ႔ plus မွာေတာ့ 45W ပါဝင္တယ္လို႔ သိရပါတယ္။

Samsung အေနနဲ႔ ဖုန္း၂မ်ိဳးစလုံးမွာ 25W ထည့္သြင္းသြားမွာျဖစ္ပါတယ္။ ဒါေၾကာင့္ Plus ေပၚမွာ 45W အားသြင္းျမန္ႏႈန္းကို အသုံးခ်ႏိုင္ဖို႔ ကုမၸဏီဆီကေန သီးျခားထုတ္ကုန္တစ္ခု ဝယ္ယူႏိုင္မယ္လို႔ ေကာလာဟလသတင္းထြက္ေပၚေနပါတယ္။ 5G ဗားရွင္းမွာလည္း 25W ပါဝင္လာမယ္လို႔ သတင္းေတြက ေဖာ္ျပေနပါတယ္။

Samsung အေနနဲ႔ S Pen မွာ ထိေတြ႕စရာမလိုဘဲ လက္ဟန္နဲ႔အသုံးျပဳႏိုင္မယ့္ featuer သစ္တစ္ခ်ိဳ႕ ပါဝင္လာမယ္လို႔ သိရပါတယ္။ A Sound on Display နည္းပညာလည္း ပါဝင္မယ္လုိ႔ သတင္းထြက္ေပၚေနပါတယ္။

Bixby ခလုတ္အျပင္ 3.5mm နားၾကပ္ေပါက္လညး္ မပါဝင္ဘူး။

Samsung Galaxy Note10 နဲ႔ Note10+ ကုိ အနက္၊ အျဖဴနဲ႔ ပုလဲအျပင္ ႏွင္းဆီေရာင္နဲ႔လည္း ထုတ္လုပ္မယ္လို႔ သိရပါတယ္။

Samsung Galaxy Note10 နဲ႔ Note10+ အတြက္ေဈးႏႈန္းကေတာ့ အနည္းျမင့္မားႏိုင္ပါတယ္။ လာမယ့္နာရီအနည္းငယ္အတြင္း Samsung ရဲ႕ Note10 ထုတ္ကုန္ေတြ ေဈးႏႈန္းနဲ႔ ဘယ္လို feature ေတြပါဝင္လာမလဲဆိုတာ သိႏိုင္ပါတယ္။

စိုးထက္
Ref: GSMArena

[ Unicode ]

Samsung Note10 ထုတ်ကုန်ကို သြဂုတ်လ ၈ရက်မှာ မိတ်ဆက်မှာဖြစ်ပါတယ်။ ဒါပေမယ့် ထုတ်ကုန်မမိတ်ဆက်ခင်မှာ Note10 နဲ့ Note10+ နဲ့ပတ်သက်တဲ့အချက်အလက်များစွာ ထွက်ပေါ်ခဲ့ပါတယ်။

Samsung အနေနဲ့ Unpacked ပွဲမှာ Note ထုတ်ကုန် ၃မျိုးကို မိတ်ဆက်ဖွယ်ရှိပြီး Note10 အငယ်စားဗားရှင်းနဲ့ အကြီးစားဗားရှင်းတစ်ခုနဲ့ 5G ထောက်ပံ့မှုပါဝင်တဲ့ ထုတ်ကုန်တွေကို ဈေးကွက်တစ်ချို့မှာ ရောင်းချမယ်လို့ သတင်းထွက်လာပါတယ်။

Galaxy S10 5G ကတော့ Not10+ နဲ့ဒီဇိုင်းတူညီမယ်လို့ သိရပါတယ်။

ပေါက်ကြားထွက်ပေါ်လာတဲ့ ဓာတ်ပုံတွေအရ Galaxy Note 10 ကျောဘက်ဒီဇိုင်းတွေကို အပြောင်းအလဲပြုလုပ်ထားပါတယ်။ ကင်မရာတွေကို ရေပြင်ညီကနေ ဒေါင်လိုက်ပုံစံ ပြုလုပ်ထားပြီး ထောင့်ဘက်ကပ်ထားပါတယ်။

Galaxy Note 10 ဗားရှင်းမှာ Qualcomm Snapdragon 855+ ထောက်ပံ့ထားတဲ့ ထုတ်ကုန်ကို ဈေးကွက်တစ်ချို့မှာ ရောင်းချမှာ ဖြစ်ပြီး မကြေညာရသေးတဲ့ Exynos 9825 chipset ပါဝင်တဲ့ ထုတ်ကုန်ကို နိုင်ငံများစွာမှာ ရောင်းချမှာ ဖြစ်ပါတယ်။ မျက်နှာပြင်အရွယ်အစားတွေက ပုံမှန် Note10 အတွက် ၆.၃လက်မနဲ့ Note 10+ အတွက် ၆.၈လက်မတို့ဖြစ်ပါတယ်။ Dynamic AMOLED panel ကိုအသုံးပြုထားပြီး ရုပ်ထွက်အရည်အသွေးက QHD+ ဖြစ်ပါတယ်။

Galaxy Note10 အတွက် 128GB ဗားရှင်းမရှိဘဲ UFS 3.0 storage အသစ်အသုံးပြုထားတဲ့ 256GB အပြင် 512GB မော်ဒယ်တွေပဲ ရောင်းချမှာ ဖြစ်ပါတယ်။

Galaxy Note10 နဲ့ Note10+ မှာကင်မရာသုံးလုံးပါဝင်ပြီး 12MP အဓိကကင်မရာ၊ 16MP ultra-wide နဲ့ 12MP telephoto အပြင် ToF sensor တို့ပါဝင်လာပါတယ်။

အရွယ်အကြီးဆုံး ဘက်ထရီပမာဏကတော့ 4,300mAh ဖြစ်ပြီး အသေးဆုံးကတော့ 3,500mAh ဖြစ်ပါတယ်။ ဘက်ထရီ၂မျိုးစလုံးကို အားသွင်းမြန်ဆန်စနစ်ထောက်ပံ့ထားပြီး အငယ်စားဗားရှင်းမှာ 25W နဲ့ plus မှာတော့ 45W ပါဝင်တယ်လို့ သိရပါတယ်။

Samsung အနေနဲ့ ဖုန်း၂မျိုးစလုံးမှာ 25W ထည့်သွင်းသွားမှာဖြစ်ပါတယ်။ ဒါကြောင့် Plus ပေါ်မှာ 45W အားသွင်းမြန်နှုန်းကို အသုံးချနိုင်ဖို့ ကုမ္ပဏီဆီကနေ သီးခြားထုတ်ကုန်တစ်ခု ဝယ်ယူနိုင်မယ်လို့ ကောလာဟလသတင်းထွက်ပေါ်နေပါတယ်။ 5G ဗားရှင်းမှာလည်း 25W ပါဝင်လာမယ်လို့ သတင်းတွေက ဖော်ပြနေပါတယ်။

Samsung အနေနဲ့ S Pen မှာ ထိတွေ့စရာမလိုဘဲ လက်ဟန်နဲ့အသုံးပြုနိုင်မယ့် featuer သစ်တစ်ချို့ ပါဝင်လာမယ်လို့ သိရပါတယ်။ A Sound on Display နည်းပညာလည်း ပါဝင်မယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

Bixby ခလုတ်အပြင် 3.5mm နားကြပ်ပေါက်လညး် မပါဝင်ဘူး။

Samsung Galaxy Note10 နဲ့ Note10+ ကို အနက်၊ အဖြူနဲ့ ပုလဲအပြင် နှင်းဆီရောင်နဲ့လည်း ထုတ်လုပ်မယ်လို့ သိရပါတယ်။

Samsung Galaxy Note10 နဲ့ Note10+ အတွက်ဈေးနှုန်းကတော့ အနည်းမြင့်မားနိုင်ပါတယ်။ လာမယ့်နာရီအနည်းငယ်အတွင်း Samsung ရဲ့ Note10 ထုတ်ကုန်တွေ ဈေးနှုန်းနဲ့ ဘယ်လို feature တွေပါဝင်လာမလဲဆိုတာ သိနိုင်ပါတယ်။

Ref: GSMArena