Samsung Galaxy Note10 စီးရီးဓာတ်ပုံတွေ ပေါက်ကြား

[Zawgyi]



စိုးထက်
Ref:GSMArena

[Unicode]

အသစ်ထွက်ရှိလာမယ့် Samsung Galaxy Note10 နဲ့ Note10+ ဓာတ်ပုံတွေ ပေါက်ကြားထွက်ပေါ်လာပါတယ်။ သတင်းအချက်အလက်တွေကို အစောဆုံးဖော်ပြပေးနေတဲ့ Evan Blas က Twitter ကနေ Note10 အနက်၊ အဖြူနဲ့ ပုလဲရောင် ဖုန်းပုံတွေကို ဖော်ပြလိုက်ပါတယ်။

Galaxy Note10+ မှာတော့ LED flash နဲ့အတူ ToF ကင်မရာအပို ပါဝင်လာတာတွေ့ရပါတယ်။ Note10 စမတ်ဖုန်း အရွယ်အစားက ပိုမို ကြီးမားလာတာကို S Pen ကပြနေပါတယ်။ S Pen ကတော့ ပုံမှန်အရွယ်အစား ဖြစ်ပေမယ့် ဘက်ထရီပမာဏ ပိုမို ကြီးမားလာတာကြောင့် အပိုနေရာလွတ် ပါဝင်လာပါတယ်။

စိုးထက်
Ref:GSMArena