Samsung Galaxy Note Fan Edition ဖုန်းမော်ဒယ်သစ်ကို ပြည်တွင်းမှာစတင်မိတ်ဆက်

Galaxy Note Fan Edition စမတ်ဖုန်းမော်ဒယ်သစ်ကို နိုဝင်ဘာလ ပထမအပတ်အတွင်း ပြည်တွင်းဈေးကွက်မှာ စတင်ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။ Galaxy Note Fan Edition ဆိုတာကတော့ မသုံးရသေးတဲ့ Galaxy Note7 ကို ဘေးကင်းစိတ်ချရတဲ့ ဘက်ထရီနဲ့ အစားထိုး ထုတ်လုပ်ထားတဲ့ Note မော်ဒယ်သစ် စမတ်ဖုန်းပဲဖြစ်ပါတယ်။
Galaxy Note Fan Edition ကို အပြာနဲ့ အနက်အရောင် နှစ်မျိုးဖြင့် ဝယ်ယူနိုင်မှာဖြစ်ပြီး တန်ဖိုး ၇၉၉,၀၀၀ ကျပ်ရှိမှာဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း