Samsung Galaxy Note 9 မိတ္ဆက္ပြဲကုိ ၾသဂုတ္လ ၉ ရက္တြင္ ျပဳလုပ္မည္

[ Zawgyi ]

Samsung ဟာ Galaxy ထုတ္ကုန္သစ္ မိတ္ဆက္ဖို႔အတြက္ ၾသဂုတ္လ ၉ ရက္မွာ ပြဲတစ္ခု ျပဳလုပ္သြားမယ္လို႔ သိရပါတယ္။ အဲဒီပြဲဖိတ္စာမွာ Galaxy Note 9 အမည္ကို မေဖာ္ျပထားေပမယ့္ Samsung Galaxy Unpacked 2018 ဗီဒီယိုမွာေတာ့ Note stylus ႐ုပ္ပုံပါဝင္တာေၾကာင့္ ပြဲမွာ Galaxy Note 9 ကုိမိတ္ဆက္ဖို႔ ေသခ်ာသေလာက္ရွိပါတယ္။

Samsung အေနနဲ႔ Galaxy Note 9 ကို ၾသဂုတ္လ ၉ ရက္မွာ မိတ္ဆက္ႏိုင္တယ္လို႔ Bloomberg က အခုလအေစာပုိင္းမွာ ေဖာ္ျပခဲ့ဖူးပါတယ္။ မၾကာေသးခင္ကလည္း Note 9 ဟာ FCC ဆီက ခြင့္ျပဳခ်က္ရရွိထားပါတယ္။ ဒါေၾကာင့္ Note 9 ဟာ သိပ္မၾကာခင္မွာ ထြက္ေပၚလာဖို႔ ရွိပါတယ္။

Note 9 ဟာ Note 8 ကို အဆင့္ျမႇင့္တင္မႈ အနည္းငယ္ျပဳလုပ္ထားတဲ့ ထုတ္ကုန္ျဖစ္တယ္လို႔ ေကာလာဟလသတင္းေတြက ေဖာ္ျပေနၾကပါတယ္။ Note 9 ကုိ ဒီဇိုင္းပုိင္း ေျပာင္းလဲျပင္ဆင္မႈထက္ ကင္မရာကို အဓိကထားၿပီး အဆင့္ျမႇင့္တင္သြားဖို႔ အာ႐ုံစိုက္ထားတယ္လို႔ သိရပါတယ္။ ထုတ္ကုန္သစ္မိတ္ဆက္ပြဲ ဗီဒီယိုအရ Note 9 ထုတ္ကုန္အတြက္ အဝါေရာင္ကုိ ထည့္သြင္းထားတယ္လို႔ ယူဆရပါတယ္။

Samsung အေနနဲ႔ Note ေမာ္ဒယ္ေတြမွာ hardware စမ္းသပ္မႈေတြ ျပဳလုပ္ဖြယ္ရွိပါတယ္။ Note 9 မွာ ကာလရွည္ၾကာ ေကာလာဟလသတင္းထြက္ေပၚေနတဲ့ in-display fingerprint scanner လုိမ်ိဳး အရာေတြ ပါဝင္လာဖြယ္ရွိပါတယ္။

စိုးထက္
Ref: TheVerge

[ Unicode ]

Samsung ဟာ Galaxy ထုတ်ကုန်သစ် မိတ်ဆက်ဖို့အတွက် သြဂုတ်လ ၉ ရက်မှာ ပွဲတစ်ခု ပြုလုပ်သွားမယ်လို့ သိရပါတယ်။ အဲဒီပွဲဖိတ်စာမှာ Galaxy Note 9 အမည်ကို မဖော်ပြထားပေမယ့် Samsung Galaxy Unpacked 2018 ဗီဒီယိုမှာတော့ Note stylus ရုပ်ပုံပါဝင်တာကြောင့် ပွဲမှာ Galaxy Note 9 ကိုမိတ်ဆက်ဖို့ သေချာသလောက်ရှိပါတယ်။

Samsung အနေနဲ့ Galaxy Note 9 ကို သြဂုတ်လ ၉ ရက်မှာ မိတ်ဆက်နိုင်တယ်လို့ Bloomberg က အခုလအစောပိုင်းမှာ ဖော်ပြခဲ့ဖူးပါတယ်။ မကြာသေးခင်ကလည်း Note 9 ဟာ FCC ဆီက ခွင့်ပြုချက်ရရှိထားပါတယ်။ ဒါကြောင့် Note 9 ဟာ သိပ်မကြာခင်မှာ ထွက်ပေါ်လာဖို့ ရှိပါတယ်။

Note 9 ဟာ Note 8 ကို အဆင့်မြှင့်တင်မှု အနည်းငယ်ပြုလုပ်ထားတဲ့ ထုတ်ကုန်ဖြစ်တယ်လို့ ကောလာဟလသတင်းတွေက ဖော်ပြနေကြပါတယ်။ Note 9 ကို ဒီဇိုင်းပိုင်း ပြောင်းလဲပြင်ဆင်မှုထက် ကင်မရာကို အဓိကထားပြီး အဆင့်မြှင့်တင်သွားဖို့ အာရုံစိုက်ထားတယ်လို့ သိရပါတယ်။ ထုတ်ကုန်သစ်မိတ်ဆက်ပွဲ ဗီဒီယိုအရ Note 9 ထုတ်ကုန်အတွက် အဝါရောင်ကို ထည့်သွင်းထားတယ်လို့ ယူဆရပါတယ်။

Samsung အနေနဲ့ Note မော်ဒယ်တွေမှာ hardware စမ်းသပ်မှုတွေ ပြုလုပ်ဖွယ်ရှိပါတယ်။ Note 9 မှာ ကာလရှည်ကြာ ကောလာဟလသတင်းထွက်ပေါ်နေတဲ့ in-display fingerprint scanner လိုမျိုး အရာတွေ ပါဝင်လာဖွယ်ရှိပါတယ်။

စိုးထက်
Ref: TheVerge