Samsung Galaxy Note 9 တြင္ 4000mAh ဘက္ထရီ ပါဝင္မည္

[ Zawgyi ]

Samsung Galaxy Note 9 ထုတ္ကုန္သစ္မွာ 4000mAh ဘက္ထရီ ပါဝင္တယ္လို႔ ဘရာဇီးဆက္သြယ္ေရးေအဂ်င္စီ (ANATEL) ကေန ေပါက္ၾကားထြက္ေပၚလာတဲ့ စာရြက္စာတမ္းအရ သိရပါတယ္။

လက္ရွိမွာ Galaxy Note 9 နဲ႔ပတ္သက္ၿပီး ေကာလာဟလအမ်ားအျပား ထြက္ေပၚေနပါတယ္။ ေကာလာဟလသတင္းတခ်ိဳ႕မွာ Note 9 ရဲ႕အေသးစိတ္အခ်က္အလက္၊ အေရာင္အမ်ိဳးမ်ိဳးနဲ႔ ဘက္ထရီပမာဏေတြကုိ ခန္႔မွန္းေဖာ္ျပထားပါတယ္။ ဒါေပမဲ့ အခုသတင္း အခ်က္အလက္ကေတာ့ Note 9 ရဲ႕ဘက္ထရီပမာဏကို တရားဝင္အတည္ျပဳ ေဖာ္ျပခ်က္ပဲျဖစ္ပါတယ္။

ဒီႏွစ္ ဧၿပီလေနာက္ပုိင္းက Note 9 မွာ ႀကီးမားတဲ့ ဘက္ထရီပမာဏ ပါဝင္တယ္လို႔ ေကာလာဟလေတြ ထြက္ေပၚခဲ့ပါတယ္။ ဇြန္လ အတြင္းမွာေတာ့ ဒီအေၾကာင္းကို သတင္းရင္းျမစ္တခ်ိဳ႕က အတည္ျပဳခဲ့ၾကပါတယ္။ ဒါေပမဲ့ အခုထြက္ေပၚလာတဲ့ ခြင့္ျပဳခ်က္ စာရြက္ စာတမ္းေတြက အဲဒီသတင္းေတြကုိ အတည္ျပဳေပးလုိက္တာ ျဖစ္ပါတယ္။ အခုစာရြက္စာတမ္းမွာေတာ့ Note 9 နဲ႔ပတ္သက္တဲ့ အျခားအခ်က္အလက္ေတြကို အမ်ားႀကီး မေဖာ္ျပထားပါဘူး။

Samsung Galaxy Note 8 မွာေတာ့ 3,300mAh ဘက္ထရီပဲ ပါဝင္ခဲ့ပါတယ္။ Note 9 မွာ ဘက္ထရီအႀကီးစားနဲ႔အတူ အားသြင္းျမန္ဆန္တဲ့ နည္းပညာျဖစ္တဲ့ Quick Charge 4.0 ပါဝင္လာဖြယ္ရွိသလို ႀကိဳးမဲ့အားသြင္းစနစ္လည္း ပါဝင္လာႏိုင္ပါတယ္။ ဒါ့အျပင္ Galaxy Note 9 မွာႀကီးမားတဲ့ ၆.၄ လက္မ display ပါဝင္လာဖြယ္ရွိပါတယ္။ Galaxy Note 9 ကုိဗားရွင္းႏွစ္မ်ိဳး ထုတ္လုပ္မယ္လို႔လည္း Geekbench မွာ ေဖာ္ျပထားပါတယ္။ အဲဒီဗားရွင္းတစ္မ်ိဳးစီမွာ Snapdragon 845 နဲ႔ Exynos 9810 SoC အသုံးျပဳထားတယ္လို႔ သိရပါတယ္။

စိုးထက္
Ref: GizmoChina

[ Unicode ]

Samsung Galaxy Note 9 ထုတ်ကုန်သစ်မှာ 4000mAh ဘက်ထရီ ပါဝင်တယ်လို့ ဘရာဇီးဆက်သွယ်ရေးအေဂျင်စီ (ANATEL) ကနေ ပေါက်ကြားထွက်ပေါ်လာတဲ့ စာရွက်စာတမ်းအရ သိရပါတယ်။

လက်ရှိမှာ Galaxy Note 9 နဲ့ပတ်သက်ပြီး ကောလာဟလအများအပြား ထွက်ပေါ်နေပါတယ်။ ကောလာဟလသတင်းတချို့မှာ Note 9 ရဲ့အသေးစိတ်အချက်အလက်၊ အရောင်အမျိုးမျိုးနဲ့ ဘက်ထရီပမာဏတွေကို ခန့်မှန်းဖော်ပြထားပါတယ်။ ဒါပေမဲ့ အခုသတင်း အချက်အလက်ကတော့ Note 9 ရဲ့ဘက်ထရီပမာဏကို တရားဝင်အတည်ပြု ဖော်ပြချက်ပဲဖြစ်ပါတယ်။

ဒီနှစ် ဧပြီလနောက်ပိုင်းက Note 9 မှာ ကြီးမားတဲ့ ဘက်ထရီပမာဏ ပါဝင်တယ်လို့ ကောလာဟလတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဇွန်လ အတွင်းမှာတော့ ဒီအကြောင်းကို သတင်းရင်းမြစ်တချို့က အတည်ပြုခဲ့ကြပါတယ်။ ဒါပေမဲ့ အခုထွက်ပေါ်လာတဲ့ ခွင့်ပြုချက် စာရွက် စာတမ်းတွေက အဲဒီသတင်းတွေကို အတည်ပြုပေးလိုက်တာ ဖြစ်ပါတယ်။ အခုစာရွက်စာတမ်းမှာတော့ Note 9 နဲ့ပတ်သက်တဲ့ အခြားအချက်အလက်တွေကို အများကြီး မဖော်ပြထားပါဘူး။

Samsung Galaxy Note 8 မှာတော့ 3,300mAh ဘက်ထရီပဲ ပါဝင်ခဲ့ပါတယ်။ Note 9 မှာ ဘက်ထရီအကြီးစားနဲ့အတူ အားသွင်းမြန်ဆန်တဲ့ နည်းပညာဖြစ်တဲ့ Quick Charge 4.0 ပါဝင်လာဖွယ်ရှိသလို ကြိုးမဲ့အားသွင်းစနစ်လည်း ပါဝင်လာနိုင်ပါတယ်။ ဒါ့အပြင် Galaxy Note 9 မှာကြီးမားတဲ့ ၆.၄ လက်မ display ပါဝင်လာဖွယ်ရှိပါတယ်။ Galaxy Note 9 ကိုဗားရှင်းနှစ်မျိုး ထုတ်လုပ်မယ်လို့လည်း Geekbench မှာ ဖော်ပြထားပါတယ်။ အဲဒီဗားရှင်းတစ်မျိုးစီမှာ Snapdragon 845 နဲ့ Exynos 9810 SoC အသုံးပြုထားတယ်လို့ သိရပါတယ်။

စိုးထက်
Ref: GizmoChina