Samsung Galaxy Note 9 ကုိ unbox လုပ္တဲ့ ဗီဒီယိုထြက္ေပၚလာ

[ Zawgyi ]

Samsung ဟာ ၾသဂုတ္လ ၉ ရက္မွာ Galaxy Note 9 ကုိ မိတ္ဆက္သြားဖို႔ စီစဥ္ထားေပမယ့္ Note 9 ကို unbox လုပ္တဲ့ ဗီဒီယိုကေတာ့ ထြက္ေပၚေနၿပီ ျဖစ္ပါတယ္။

အဲဒီ ဗီဒီယိုကို MySmartPrice က YouTube မွာတင္ခဲ့ၿပီး Galaxy Note 9 ဘူးရဲ႕ ေက်ာဘက္မွာပါဝင္တဲ့ အေသးစိတ္ အခ်က္အလက္ေတြကို ျပသခဲ့ပါတယ္။ Samsung Galaxy Note 9 ရဲ႕ screen က ၆.၃ လက္မ QHD+ Super AMOLED ျဖစ္ပါတယ္။

ဒါ့အျပင္ အေသးစိတ္အခ်က္အလက္အရ RAM 6GB, storage 64GB အျပင္ ေက်ာဘက္ကင္မရာ 12MP ႏွစ္ခု၊ 8MP ေရွ႕ကင္မရာ 8MP တို႔ပါဝင္ၿပီး ဖုန္နဲ႔ေရဒဏ္ခံႏိုင္တဲ့ IP68, iris scanner, AKG နားၾကပ္နဲ႔ ႀကိဳးမဲ့အားသြင္းစနစ္တို႔ ပါဝင္လာပါတယ္။ အဲဒီအခ်က္အလက္ေတြအားလုံးဟာ ေကာလာဟလသတင္းထဲမွာ ပါဝင္ခဲ့ၾကပါတယ္။

ဗီဒီယိုထဲမွာ chipset ကိုမေဖာ္ျပထားေပမယ့္ ဘူးထဲမွာ ဥေရာပကုိ တင္ပုိ႔ေရာင္းခ်တဲ့ charger ပါဝင္တာေၾကာင့္ Exynos 9810 ကို အသုံးျပဳထားဖြယ္ရွိပါတယ္။ အေမရိကန္ကို တင္ပုိ႔ေရာင္းခ်မယ့္ Galaxy Note 9 ဗားရွင္းမွာေတာ့ Snapdragon 845 ကိုအသုံးျပဳထားဖြယ္ရွိပါတယ္။

Note 9 ဒီဇိုင္းဟာ အရင္ေပါက္ၾကားထြက္ေပၚတဲ့ ဓာတ္ပုံေတြနဲ႔ ကိုက္ညီပါတယ္။ Note 9 ေက်ာဘက္မွာ ဖန္ထည္၊ မ်က္ႏွာျပင္ေကြးပါဝင္ၿပီး ကင္မရာေတြနဲ႔ fingerprint scanner ေနရာခ်ထားပုံကလည္း Samsung Galaxy Note 8 နဲ႔ အလြန္တူပါတယ္။

ဒါ့အျပင္ အျပာေရာင္ Note 9 သ႐ုပ္ေဖာ္ပုံတစ္ပုံလည္း ေပါက္ၾကားထြက္ေပၚခဲ့ပါေသးတယ္။ အဲဒီပုံကို MySmartPrice ကေဝမွ်ခဲ့ၿပီး မၾကာေသးခင္က ေတြ႕ျမင္ခဲ့ရတဲ့ Note 9 ပန္းေရာင္ဒီဇိုင္းနဲ႔ တူညီပါတယ္။

စိုးထက္
Ref: TechRadar

[ Unicode ]

Samsung ဟာ သြဂုတ်လ ၉ ရက်မှာ Galaxy Note 9 ကို မိတ်ဆက်သွားဖို့ စီစဉ်ထားပေမယ့် Note 9 ကို unbox လုပ်တဲ့ ဗီဒီယိုကတော့ ထွက်ပေါ်နေပြီ ဖြစ်ပါတယ်။

အဲဒီ ဗီဒီယိုကို MySmartPrice က YouTube မှာတင်ခဲ့ပြီး Galaxy Note 9 ဘူးရဲ့ ကျောဘက်မှာပါဝင်တဲ့ အသေးစိတ် အချက်အလက်တွေကို ပြသခဲ့ပါတယ်။ Samsung Galaxy Note 9 ရဲ့ screen က ၆.၃ လက်မ QHD+ Super AMOLED ဖြစ်ပါတယ်။

ဒါ့အပြင် အသေးစိတ်အချက်အလက်အရ RAM 6GB, storage 64GB အပြင် ကျောဘက်ကင်မရာ 12MP နှစ်ခု၊ 8MP ရှေ့ကင်မရာ 8MP တို့ပါဝင်ပြီး ဖုန်နဲ့ရေဒဏ်ခံနိုင်တဲ့ IP68, iris scanner, AKG နားကြပ်နဲ့ ကြိုးမဲ့အားသွင်းစနစ်တို့ ပါဝင်လာပါတယ်။ အဲဒီအချက်အလက်တွေအားလုံးဟာ ကောလာဟလသတင်းထဲမှာ ပါဝင်ခဲ့ကြပါတယ်။

ဗီဒီယိုထဲမှာ chipset ကိုမဖော်ပြထားပေမယ့် ဘူးထဲမှာ ဥရောပကို တင်ပို့ရောင်းချတဲ့ charger ပါဝင်တာကြောင့် Exynos 9810 ကို အသုံးပြုထားဖွယ်ရှိပါတယ်။ အမေရိကန်ကို တင်ပို့ရောင်းချမယ့် Galaxy Note 9 ဗားရှင်းမှာတော့ Snapdragon 845 ကိုအသုံးပြုထားဖွယ်ရှိပါတယ်။

Note 9 ဒီဇိုင်းဟာ အရင်ပေါက်ကြားထွက်ပေါ်တဲ့ ဓာတ်ပုံတွေနဲ့ ကိုက်ညီပါတယ်။ Note 9 ကျောဘက်မှာ ဖန်ထည်၊ မျက်နှာပြင်ကွေးပါဝင်ပြီး ကင်မရာတွေနဲ့ fingerprint scanner နေရာချထားပုံကလည်း Samsung Galaxy Note 8 နဲ့ အလွန်တူပါတယ်။

ဒါ့အပြင် အပြာရောင် Note 9 သရုပ်ဖော်ပုံတစ်ပုံလည်း ပေါက်ကြားထွက်ပေါ်ခဲ့ပါသေးတယ်။ အဲဒီပုံကို MySmartPrice ကဝေမျှခဲ့ပြီး မကြာသေးခင်က တွေ့မြင်ခဲ့ရတဲ့ Note 9 ပန်းရောင်ဒီဇိုင်းနဲ့ တူညီပါတယ်။

စိုးထက်
Ref: TechRadar