Samsung Galaxy Note 8 မြန်မာနိုင်ငံတွင်မိတ်ဆက်မည်

Samsung Galaxy Note 8 ကိုမြန်မာနိုင်မှာ စတင်မိတ်ဆက်မယ်လို့ သိရပါတယ်။

အဲဒီအခမ်းအနားကို စက်တင်ဘာလ ၁၈ ရက်၊ နေ့လယ် ၁ နာရီခွဲမှာ ရန်ကုန်မြို့ Novotel Hotel မှာကျင်းပမယ် လို့ Samsung Myanmar ကနေသတင်းထုတ်ပြန်ပါတယ်။ Samsung ရဲ့ Galaxy Note 8 မှာ ကျောဘက်ကင်မရာနှစ်ခုပါဝင်သလို Note ဖုန်းတွေရဲ့ သင်္ကေတဖြစ်တဲ့ S Pen stylus ကိုလည်း ထည့်သွင်းပေးထားတယ်လို့ သိရပါတယ် ။Note 8 ကို သြဂုတ်လ ၂၄ ရက်မှစတင်ကာ ကြိုတင်မှာယူနိုင်ပြီး စက်တင်ဘာ ၁၅ ရက်မှစတင်ကာ အမေရိကန်၊ ယူကေ၊ တောင်ကိုရီးယားနဲ့ အခြားနိုင်ငံအချို့မှာ တင်ပို့ရောင်းချသွားမယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ကမ္ဘာတစ်ဝန်းရောင်းချမှုကိုတော့ အောက်တိုဘာလမှာ စတင်သွားမယ်လို့ သတင်းထုတ်ပြန်ခဲ့ပြီး မြန်မာနိုင်ငံကိုလည်း စတင်မိတ်ဆက်မှာ ဖြစ်ပါတယ်။ Dual camera စနစ်ကို Samsung ကိုယ်တိုင် ဖန်တီးတည်ဆောက်ထားပြီး wide-angle အတွက် 13MP sensor တစ်ခုနဲ့ telephoto အတွက် 12MP sensor တစ်ခုပါဝင်ကြောင်း၊ ကင်မရာနှစ်ခုစလုံးမှာ optical image stabilization ပါဝင်တယ်လို့ သိရပါတယ်။

-ထွန်းထွန်း