Samsung Galaxy Note 20 သရုပ်ဖော်ပုံထွက်လာ

Samsung Galaxy Note 20 သရုပ်ဖော်ပုံနဲ့ ဗီဒီယိုလေးတွေ ထွက်လာပါတယ်။ Samsung Galaxy Note 20 ရုပ်ပုံကို ရရှိတဲ့ သတင်းအချက်အလက်အခြေခံ ရေးဆွဲထားတာ ဖြစ်ပါတယ်။ ဒါကြောင့် အတည်မပြုနိုင်သေးပါဘူး။

ပုံတွေက Samsung Galaxy S20 Ultra နဲ့တော်တော်ဆင်ပါတယ်။ Galaxy Note 20 ဟာ ထောင့်တွေက စတုရန်းပုံသဏ္ဍာန်ရှိပြီး အရွယ်ပိုမိုကြီးမားဖွယ်ရှိပါတယ်။အရွယ်အစားကတော့ Samsung Galaxy Note 10+ အရွယ်လောက်ရှိပါတယ်။

Samsung Galaxy Note 20+ လည်းထွက်လာနိုင်ပါတယ်။ သတင်းအရ မျက်နှာပြင်အရွယ်အစား ၆.၇ လက်မရှိပြီး display ကပြန့်ပြူးနေပါမယ်။ Note ထုတ်ကုန်မှာ ဘေးကွေးဒီဇိုင်း မပါတော့တဲ့အတွက် S-Pen အသုံးပြုရလွယ်ကူလာပါမယ်။

S Pen တည်နေရာကိုလည်း ညာဘက်ကနေ ဘယ်ဘက်အထိ ပြောင်းလဲပေးပါတယ်။ SIM ကတ်ထည့်သွင်းတဲ့နေရာလည်း အပေါ်ဘက်မှာ ရှိလာပါမယ်။

ဖုန်းရဲ့ ညာဘက်ထောင့်မှာ ပါဝါခလုတ်နဲ့ volume ခလုတ်တွေကို နေရာချထားပါတယ်။ Galaxy Note 20 နဲ့ Note 20+ တွေမှာ Snapdragon 865 ဒါမှမဟုတ် Exynos 990 အသုံးပြုထားဖွယ်ရှိပါတယ်။ ဘက်ထရီကတေ့ 4500mAh ပါဝင်လာဖွယ်ရှိပါတယ်။

စိုးထက်
Ref: GSMArena.