Samsung Galaxy Note 20 ဓာတ်ပုံထွက်လာ

Samsung Galaxy Note 20 ဓာတ်ပုံက Samsung တရားဝင်ဝက်ဘ်ဆိုက်မှာ မတော်တဆ ပေါ်လာပါတယ်။ အခုဆိုရင် နာမည်ကျော် သတင်းအချက်အလက် ဖော်ထုတ်သူ Jimmy Is Promo ကလည်း Galaxy Note 20 ဓာတ်ပုံတွေကို Twitter မှာ တင်ခဲ့တယ်။ Galaxy Note 20 ဒါမှမဟုတ် Note 20 Ultra ကျောဘက်မှာ glossy black finish ကိုအသုံးပြုထားတဲ့အတွက် ကျော့ရှင်းပါတယ်။

ပေါက်ကြားထွက်ပေါ်လာတဲ့ ဓာတ်ပုံတွေအရ ကင်မရာအစိတ်အပိုင်းတွေက ပေါက်ကြားခဲ့တဲ့ သရုပ်ဖော်ပုံနဲ့ ဆင်ပါတယ်။

ပုံမှန် ကင်မရာ ၂ လုံးနဲ့ ထောင့်မှန်စတုဂံ ပယ်ရီစကုပ်တို့ကို ဒေါင်လိုက် ထည့်သွင်းထားပါတယ်။ ဒါ့အပြင် LED flash နဲ့ ToF ကင်မရာနဲ့ laser autofocus တို့လည်းပါဝင်လာပါတယ်။

စိုးထက်
Ref: Pocketnow