Samsung Galaxy Note 20 စီးရီးရဲ့ လျှို့ဝှက် feature (၅) ခု

Samsung ဟာ ဒီလအစောပိုင်းမှာ Galaxy Note 20 နဲ့ Galaxy Note 20 Ultra တို့ကို မိတ်ဆက်ခဲ့ပါတယ်။ အခုဆိုရင် Samsung က ဖုန်းက လျှို့ဝှက် tip နဲ့ trick ၅ ခုကို တရားဝင်ထုတ်ပြန်လိုက်ပါတယ်။

Single Take

Samsung Galaxy Note 20 ဒါမှမဟုတ် Galaxy Note 20 Ultra သုံးစွဲသူတွေက AI ထောက်ပံ့ထားတဲ့ Single Take လုပ်ဆောင်ချက်ကို အသုံးပြုနိုင်ပါတယ်။ အဲဒီ လုပ်ဆောင်ချက် ၅ စက္ကန့်ကနေ ၁၅ စက္ကန့်အတွင်း ဓာတ်ပုံနဲ့ ဗီဒီယို ၁၄ မျိုးကို တစ်ပြိုင်နက်တည်း ရိုက်ပေးနိုင်ပါတယ်။ ကင်မရာ app က menu option မှာ Single Take လုပ်ဆောင်ချက်ကို ရွေးချယ်ပြီးတာနဲ့ capture time ကို ၅ စက္ကန့်ကနေ ၁၅ စက္ကန့်အထိ ရွေးလို့ရပါတယ်။ Shutter ခလုတ်ကို နှိပ်ပြီး ဓာတ်ပုံရိုက်လိုက်တာနဲ့ အကောင်းဆုံးဓာတ်ပုံတွေ ဖမ်းယူပေးပါတယ်။ ပြီးရင်တော့ thumbnail preview ကိုကြည့်နိုင်ပါတယ်။

အဆင့်မြှင့်တင်ထားတဲ့ Single Take လုပ်ဆောင်ချက်နဲ့ portrait ပုံကောင်းတွေကိုလည်း ရိုက်ကူးနိုင်ပါတယ်။ Portrait ပုံတွေရိုက်ကူးလိုက်တဲ့အခါမှာ Single Take ကနောက်ခံ အရောင်တွေ ရွေးချယ်ပေးပါတယ်။

သူငယ်ချင်းတွေနဲ့ Wi-Fi ကိုဝေမျှခြင်း

Galaxy Note 20 ဖုန်းတွေမှာ သူငယ်ချင်းတွေနဲ့ Wi-Fi password ကို အလွယ်တကူ ဝေမျှနိုင်အောင် ဖန်တီးပေးထာပါတယ်။

အကောင်းဆုံး Wi-Fi ကွန်ရက်ကို ရှာဖွေပေးခြင်း

အများပြည်သူဆိုင်ရာ နေရာတွေက Wi-Fi ကိုချိတ်ဆက်ဖို့ လိုလာရင် Galaxy Note 20 ဖုန်းတွေက အမြန်ဆုံးနဲ့ အတည်ငြိမ်ဆုံး ကွန်ရက်ကို ရှာဖွေပေးပါတယ်။ ဒါကြောင့် အလုံခြုံဆုံး၊ အတည်ငြိမ်ဆုံး Wi-Fi ကွန်ရက်ကို ရှာဖွေပေးပါတယ်။

စိတ်ကြိုက်သီချင်းကို အတူတူ နားထောင်ခြင်း

Galaxy Note 20 စီးရီးမှာ ပရိသတ်တွေ အကြိုက်တွေ့စေမယ့် အရာကတော့ Music Share ကိုအသုံးပြုပြီး စိတ်ကြိုက်သီချင်းကို ဝေမျှနိုင်တယ်။ အရင်က သူငယ်ချင်းရဲ့ ဖုန်းနဲ့ ချိတ်လိုက်ရင် သီချင်းနားထောင်နိုင်တဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်။ ဖုန်းကို Buds နဲ့ အပြန်အလှန် ချိတ်ဆက်ထားပြီး Music Share ဖွင့်လိုက်ရင် Buds နှစ်ခုစလုံး သီချင်းတစ်ပုဒ်ထဲကို အတူတူ နားထောင်လို့ရပါတယ်။

Bixby နဲ့ထိန်းချုပ် ဗီဒီယို ကြည့်ခြင်း

အသံနဲ့ ထိန်းချုပ်နိုင်တဲ့ Bixby ကိုအသုံးချပြီး ဖုန်းပေါ်မှာ စိတ်ကြိုက် အစီအစဉ်တွေ ကြည့်နိုင်ပါတယ်။

-စိုးထက်
Ref: PhoneArena/SamsungNewsroom

(၁) စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ……
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 ၊ မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ