Samsung Galaxy Note 20 စမတ်ဖုန်းများအတွက် Pre-order စတင်လက်ခံ

Samsung Galaxy Note 20 စမတ်ဖုန်းတွေကို ကြိုတင်မှာယူလိုတဲ့ မြန်မာနိုင်ငံမှ သုံးစွဲသူတွေအတွက် Samsung မြန်မာမှ သြဂုတ် ၆ ရက်မှ ၂၆ ရက်အထိ စာရင်းကောက်ခံ ပေးသွားမယ်လို့ သိရပါတယ်။

ကြိုတင်မှာယူမှုအတွက် ဈေးနှုန်းတွေကတော့ Samsung Galaxy Note 20 ကို ၁,၂၉၉,၀၀၀ ကျပ် (ကြေးရောင်၊မီးခိုးရောင်၊ အစိမ်းရောင်) ၊ Samsung Galaxy Note 20 Ultra ကို ၁,၆၅၉,၀၀၀ ကျပ် (ကြေးရောင်၊ အနက်ရောင်၊ အဖြူရောင်) စသည်ဖြင့် ကြိုက်နှစ်သက်ရာ ရွေးချယ်မှာယူနိုင်မှာဖြစ်ပါတယ်။

အဆိုပါ စမတ်ဖုန်း အမျိုးအစား ၂ မျိုးစလုံးတွင် အဆင့်မြှင့်တင်ထားသော S Pen နဲ့ S Note၊ ပရော်ဖက်ရှင်နယ်အဆင့် ကင်မရာ၊ ဖုန်းနဲ့မော်နီတာမျက်နှာပြင်ကို ချိတ်ဆက်ပြီး ကွန်ပျူတာ တစ်လုံးကဲ့သို့ အသုံးပြုနိုင်မယ့် Samsung DeX လုပ်ဆောင်ချက်နဲ့ တစ်နေ့တာ စိတ်တိုင်းကျ အသုံးပြုနိုင်မယ့် all-day intelligent battery အပါအဝင် အဆင့်မြှင့်တင်ထားတဲ့ နောက်ဆုံး ပေါ် လုပ်ဆောင်ချက်တွေ ပါဝင်ပါတယ်။

ကြိုတင်မှာယူတဲ့အခါမှာ ကနဦးပေးသွင်းငွေ ၁၀၀,၀၀၀ ကျပ် ပေးသွင်းပြီးပါက သြဂုတ် ၂၈ ရက် မှ စက်တင်ဘာ ၅ ရက်အတွင်း ကြိုတင်မှာယူထားသော ဖုန်းအရောင်းဆိုင်တွေမှာ သွားရောက် ထုတ်ယူနိုင်မှာဖြစ်ပါတယ်။ ကြိုတင်မှာယူထားသူတွေအနေနဲ့ Samsung Myanmar မှ ပေးအပ်သော အပိုထပ်ဆောင်း လက်ဆောင်တွေဖြစ်တဲ့ Galaxy Note 20 Ultra အတွက် Galaxy Buds Live နဲ့ Galaxy Note 20 စမတ်ဖုန်းအတွက် Galaxy Buds+ တို့ကို ပေးအပ်သွားမှာဖြစ်ပါတယ်။

-အောင်သူ