Samsung Galaxy Note 10 နှင့် Note 10 Plus ဖုန်းများကို သြဂုတ် ၉ ရက်မှ စတင်၍ ကြိုတင်မှာယူနိုင်မည်

[ Zawgyi ]




-ရဲထွဋ်ဝင်း

[ Unicode ]

Samsung Note စီးရီးစမတ်ဖုန်းသစ်ဖြစ်တဲ့ Galaxy Note 10 နဲ့ Note 10 Plus ဖုန်းတွေကို သြဂုတ် ၈ ရက်က မိတ်ဆက်ခဲ့ပြီး သြဂုတ် ၉ ရက်မှ ၂၇ ရက်အတွင်း နီးစပ်ရာ Samsung ဖုန်းအရောင်းဆိုင်တွေမှာ စရန်ငွေ တစ်သိန်းကျပ် ပေးသွင်းကာ ကြိုတင်မှာယူနိုင်မယ်လို့ သိရပါတယ်။

တန်ဖိုးအနေနဲ့ Note 10 Plus RAM 12GB + 512GB မော်ဒယ်က ၁,၈၉၉,ဝဝဝ ကျပ်ဖြစ်ပြီး RAM 12GB + 256 မော်ဒယ်က ၁,၆၉၉,ဝဝဝ ကျပ်ဖြစ်ပါတယ်။ Galaxy Note 10 Plus မှာ အော်ရိုရာအဖြူ၊ အနက်၊ ရောင်ပြေး အရောင် ၃ မျိုးရှိပါတယ်။ Galaxy Note 10 ကတော့ RAM 8GB + 256GB မော်ဒယ်ကို ၁,၄၉၉,ဝဝဝ ကျပ်ဖြစ်ပြီး အော်ရိုရာရောင်ပြေး၊ ပန်းရောင် အရောင် ၂ မျိုးနဲ့ ရွေးချယ်မှာယူနိုင်မှာဖြစ်ပါတယ်။

ကြိုတင်မှာယူသူတွေအနေနဲ့ သြဂုတ် ၃၁ ရက်မှ စက်တင်ဘာလ ၈ ရက်အတွင်း မိမိ မှာယူခဲ့တဲ့ဆိုင်မှာ ထုတ်ယူနိုင်မှာဖြစ်ပြီး Note 10 Plus ကြိုတင်မှာယူသူတွေအနေနဲ့ သိုလှောင်နိုင်မှုပမာကို 512GB သို့ upgrade ပြုလုပ်ခွင့်ရရှိမှာဖြစ်ကာ Note 10 မှာယူသူတွေကတော့ Galaxy Bugs ကို လက်ဆောင်ရရှိမှာဖြစ်ပါတယ်။