Samsung Galaxy Note 10 ကုိ တရားဝင္ ထုတ္ေဖာ္မိတ္ဆက္

[ Zawgyi ]

Samsung ဟာ Galaxy Note 10 စမတ္ဖုန္း ဗားရွင္း ၂ မ်ိဳးကုိ မိတ္ဆက္ခဲ့ပါတယ္။ အဲဒီ စမတ္ဖုန္းေတြက ပုံမွန္ Note 10 နဲ႔ အရြယ္ႀကီးမားတဲ့ Note 10 Plus တုိ႔ပဲျဖစ္ပါတယ္။ Note 10 Plus ရဲ႕အရြယ္အစားက Note 9 ေလာက္ပဲရွိေပမယ့္ မ်က္ႏွာျပင္ႀကီးမားၿပီး စြမ္းေဆာင္ရည္ျမင့္မားသလို stylus လည္းပါဝင္လာပါတယ္။ Note 10 ဟာ Galaxy S10 အရြယ္နီးပါးေလာက္နဲ႔ stylus ပါဝင္ၿပီး စြမ္းေဆာင္ရည္ျမင့္မားတဲ့ ထုတ္ကုန္ျဖစ္ပါတယ္။

Note 10 ကုိ ေဒၚလာ ၉၄၉ နဲ႔ စတင္ေရာင္းခ်မွာ ျဖစ္ၿပီး RAM 8GB နဲ႔ storage 256GB ပါဝင္လာမွာပါ။ Note 10 Plus ကုိေတာ့ ေဒၚလာ ၁,၀၉၉ နဲ႔ စတင္ေရာင္းခ်ၿပီ RAM 12GB နဲ႔ storage 256GB ပါဝင္ကာ storage 512GB ပါဝင္တဲ့ဗားရွင္းကေတာ့ ေဒၚလာ ၁၀၀ ထပ္မံ က်သင့္ပါတယ္။ Note 10 နဲ႔ Note 10 Plus ကုိႀကိဳတင္မွာယူႏိုင္ၿပီ ျဖစ္ၿပီး ၾသဂုတ္လ ၂၃ ရက္ စတင္ေရာင္းခ်မွာ ျဖစ္ပါတယ္။ Note 10 5G ကုိေတာ့ ၾသဂုတ္လ ၂၃ ရက္မွာ ႀကိဳတင္မွာယူႏိုင္ေပမယ့္ အခ်ိန္အကန္႔အသတ္နဲ႔ Verizon ကေရာင္းခ်မွာ ျဖစ္ပါတယ္။

Samsung အေနနဲ႔ Note 10 ရဲ႕အေျခအေန၊ finish နဲ႔တည္ေဆာက္မႈအရည္အေသြးကုိ အဓိကထား လုပ္ေဆာင္ထားပါတယ္။

Samsung အေနနဲ႔ ဖုန္းရဲ႕ထိပ္နဲ႔ ေအာက္ဘက္က ေဘးေဘာင္ကုိ မပါသေလာက္ျဖစ္ေအာင္ ဖန္တီးထားၿပီး မ်က္ႏွာေကြးေၾကာင့္ ေဘးေဘာင္ကို မျမင္ရေတာ့ပါဘူး။ Note 10 မွာပါဝင္တဲ့ hole-punch ေရွ႕ selfie ကင္မရာကလည္း Galaxy S10 ထက္ေသးငယ္ပါတယ္။ ဒါ့အျပင္ screen ေအာက္ဘက္မွာ fingerprint sensor ကိုထည့္သြင္းထားပါတယ္။ ေက်ာဘက္ကင္မရာေတြကလည္း iPhone လိုမ်ိဳး ေဒါင္လိုက္ျဖစ္ၿပီး ကင္မရာ ၃ လုံး ပါဝင္လာပါတယ္။ S Pen stylus ကလည္းေကာင္းမြန္ၿပီး သတၱဳကုိယ္ထည္စပ္ဒီဇိုင္းကို အသုံးျပဳထားပါတယ္။

Note 10 Plus ကႀကီးမားေပမယ့္ ပါးလႊာပါတယ္။ Galaxy Note 10 မွာ နားၾကပ္ေပါက္ မပါဝင္ပါဘူး။ နားၾကပ္ေပါက္မထည့္သြင္းတဲ့ ေနရာလြတ္အတြက္ ဘက္ထရီကုိ ပုိမို ထည့္သြင္းထားပါတယ္။ Samsung အေနနဲ႔ Note 10 မွာ ေဒၚလာ ၉.၉၉ တန္ဖိုးရွိ USB-C နားၾကပ္ကုိ ထည့္သြင္းခဲ့ပါတယ္။ Samsung က နားၾကပ္ေပါက္အျပင္ Bixby ခလုတ္ကုိလည္း ဖယ္ရွားလိုက္ပါတယ္။ ဒါေပမဲ့ Note 10 ရဲ႕ပါဝါခလုတ္ကုိ ၾကာၾကာႏွိပ္ထားရင္ Bixby ကုိ အသုံးျပဳႏိုင္ၿပီး ပါဝါခလုတ္ကုိ ႏွစ္ခ်က္ႏွိပ္ရင္ ကင္မရာကိုအသုံးျပဳႏိုင္ပါတယ္။ ဖုန္းရဲ႕ဘယ္ဘက္ျခမ္းမွာ ခလုတ္အားလုံးကုိ ေနရာခ်ထားပါတယ္။

Samsung Galaxy Note 10 ကုိ အေရာင္ ၄ မ်ိဳးနဲ႔ ထုတ္လုပ္ထားပါတယ္။ Note 10 နဲ႔ Note 10 Plus မွာ HDR10+ ခြင့္ျပဳခ်က္ရ OLED ေတြပါဝင္လာပါတယ္။ Samsung ကေတာ့ မ်က္ႏွာျပင္ေတြရဲ႕ refresh rate ကုိမေဖာ္ျပခဲ့ပါဘူး။

Note 10 Plus မွာ ဘက္ထရီ 4,300mAh နဲ႔အရြယ္ေသးငယ္တဲ့ Note 10 မွာေတာ့ ဘက္ထရီ 3,500mAh ျဖစ္တယ္လို႔ Samsung ကေျပာထားပါတယ္။ ဖုန္း ႏွစ္မ်ိဳးစလုံးမွာ အားသြင္းျမန္ဆန္တဲ့ USB PD ကုိအသုံးျပဳထားၿပီး Note 10 Plus ကို 45W အထိရွိတဲ့ adapter ေတြနဲ႔အားသြင္းႏိုင္ပါတယ္။

Samsung ဟာ Note 10 အတြက္ ေက်ာဘက္ကင္မရာကို အေျပာင္းအလဲ အနည္းငယ္ ျပဳလုပ္ထားပါတယ္။ ေရွ႕ဘက္မွာ selfie ကင္မရာ ၁ လုံးနဲ႔ ေက်ာဘက္ကင္မရာမွာ wide, regular နဲ႔ telephoto ကို ထည့္သြင္းထားပါတယ္။ Note 10 Plus မွာေတာ့ time-of-flight ကင္မရာကုိ Samsung ကထည့္သြင္းထားပါတယ္။

Samsung Galaxy Note 10 မွာ AR doodles နဲ႔ 3D scanner တို႔ပါဝင္လာၿပီး အလြန္အားရစရာေကာင္းပါတယ္။ 3D scanner နဲ႔ အျပည့္အဝ scan လုပ္ႏိုင္ၿပီး ဓာတ္ပုံေတြအတြင္း 3D ဇာတ္ေကာင္ထည့္သြင္းတာ ဒါမွမဟုတ္ 3D print ထုတ္ႏိုင္တဲ့ ဖိုင္ကို ဖန္တီးတာ ျပဳလုပ္ႏိုင္ပါတယ္။

Samsung ဟာ Note 10 ရဲ႕ဗီဒီယိုပုိင္းကုိ အားထုတ္လုပ္ကုိင္ထားပါတယ္။ Samsung ဟာ ေရြးခ်ယ္ႏိုင္တဲ့ effect တစ္ခုအျဖစ္ ေနာက္ခံကုိဝါးႏိုင္တဲ့ Live Focus ထည့္သြင္းထားၿပီး video stabilization feature က effect ကုိ တိုးတက္ေအာင္ ျပဳလုပ္ေပးႏိုင္ပါတယ္။ ဒါ့အျပင္ zoom microphone feature လည္းပါဝင္ပါတယ္။

S Pen ကလည္း အရင္ထုတ္ကုန္ထက္ ပုိမုိေကာင္းမြန္ၿပီး လုပ္ေဆာင္ခ်က္ေတြ ပိုမုိမ်ားျပားလာပါတယ္။ ကင္မရာကုိ အဖြင့္၊ အပိတ္လုပ္ႏိုင္သလို PowerPoint slide ေတြကိုလည္း S Pen နဲ႔ေရႊ႕ႏိုင္ပါတယ္။ Samsung ဟာ gyroscope နဲ႔ accelerometer ကို S Pen မွာထည့္သြင္းထားပါတယ္။

-စိုးထက္
Ref: TheVerge

[ Unicode ]

Samsung ဟာ Galaxy Note 10 စမတ်ဖုန်း ဗားရှင်း ၂ မျိုးကို မိတ်ဆက်ခဲ့ပါတယ်။ အဲဒီ စမတ်ဖုန်းတွေက ပုံမှန် Note 10 နဲ့ အရွယ်ကြီးမားတဲ့ Note 10 Plus တို့ပဲဖြစ်ပါတယ်။ Note 10 Plus ရဲ့အရွယ်အစားက Note 9 လောက်ပဲရှိပေမယ့် မျက်နှာပြင်ကြီးမားပြီး စွမ်းဆောင်ရည်မြင့်မားသလို stylus လည်းပါဝင်လာပါတယ်။ Note 10 ဟာ Galaxy S10 အရွယ်နီးပါးလောက်နဲ့ stylus ပါဝင်ပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ ထုတ်ကုန်ဖြစ်ပါတယ်။

Note 10 ကို ဒေါ်လာ ၉၄၉ နဲ့ စတင်ရောင်းချမှာ ဖြစ်ပြီး RAM 8GB နဲ့ storage 256GB ပါဝင်လာမှာပါ။ Note 10 Plus ကိုတော့ ဒေါ်လာ ၁,၀၉၉ နဲ့ စတင်ရောင်းချပြီ RAM 12GB နဲ့ storage 256GB ပါဝင်ကာ storage 512GB ပါဝင်တဲ့ဗားရှင်းကတော့ ဒေါ်လာ ၁၀၀ ထပ်မံ ကျသင့်ပါတယ်။ Note 10 နဲ့ Note 10 Plus ကိုကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး သြဂုတ်လ ၂၃ ရက် စတင်ရောင်းချမှာ ဖြစ်ပါတယ်။ Note 10 5G ကိုတော့ သြဂုတ်လ ၂၃ ရက်မှာ ကြိုတင်မှာယူနိုင်ပေမယ့် အချိန်အကန့်အသတ်နဲ့ Verizon ကရောင်းချမှာ ဖြစ်ပါတယ်။

Samsung အနေနဲ့ Note 10 ရဲ့အခြေအနေ၊ finish နဲ့တည်ဆောက်မှုအရည်အသွေးကို အဓိကထား လုပ်ဆောင်ထားပါတယ်။

Samsung အနေနဲ့ ဖုန်းရဲ့ထိပ်နဲ့ အောက်ဘက်က ဘေးဘောင်ကို မပါသလောက်ဖြစ်အောင် ဖန်တီးထားပြီး မျက်နှာကွေးကြောင့် ဘေးဘောင်ကို မမြင်ရတော့ပါဘူး။ Note 10 မှာပါဝင်တဲ့ hole-punch ရှေ့ selfie ကင်မရာကလည်း Galaxy S10 ထက်သေးငယ်ပါတယ်။ ဒါ့အပြင် screen အောက်ဘက်မှာ fingerprint sensor ကိုထည့်သွင်းထားပါတယ်။ ကျောဘက်ကင်မရာတွေကလည်း iPhone လိုမျိုး ဒေါင်လိုက်ဖြစ်ပြီး ကင်မရာ ၃ လုံး ပါဝင်လာပါတယ်။ S Pen stylus ကလည်းကောင်းမွန်ပြီး သတ္တုကိုယ်ထည်စပ်ဒီဇိုင်းကို အသုံးပြုထားပါတယ်။

Note 10 Plus ကကြီးမားပေမယ့် ပါးလွှာပါတယ်။ Galaxy Note 10 မှာ နားကြပ်ပေါက် မပါဝင်ပါဘူး။ နားကြပ်ပေါက်မထည့်သွင်းတဲ့ နေရာလွတ်အတွက် ဘက်ထရီကို ပိုမို ထည့်သွင်းထားပါတယ်။ Samsung အနေနဲ့ Note 10 မှာ ဒေါ်လာ ၉.၉၉ တန်ဖိုးရှိ USB-C နားကြပ်ကို ထည့်သွင်းခဲ့ပါတယ်။ Samsung က နားကြပ်ပေါက်အပြင် Bixby ခလုတ်ကိုလည်း ဖယ်ရှားလိုက်ပါတယ်။ ဒါပေမဲ့ Note 10 ရဲ့ပါဝါခလုတ်ကို ကြာကြာနှိပ်ထားရင် Bixby ကို အသုံးပြုနိုင်ပြီး ပါဝါခလုတ်ကို နှစ်ချက်နှိပ်ရင် ကင်မရာကိုအသုံးပြုနိုင်ပါတယ်။ ဖုန်းရဲ့ဘယ်ဘက်ခြမ်းမှာ ခလုတ်အားလုံးကို နေရာချထားပါတယ်။

Samsung Galaxy Note 10 ကို အရောင် ၄ မျိုးနဲ့ ထုတ်လုပ်ထားပါတယ်။ Note 10 နဲ့ Note 10 Plus မှာ HDR10+ ခွင့်ပြုချက်ရ OLED တွေပါဝင်လာပါတယ်။ Samsung ကတော့ မျက်နှာပြင်တွေရဲ့ refresh rate ကိုမဖော်ပြခဲ့ပါဘူး။

Note 10 Plus မှာ ဘက်ထရီ 4,300mAh နဲ့အရွယ်သေးငယ်တဲ့ Note 10 မှာတော့ ဘက်ထရီ 3,500mAh ဖြစ်တယ်လို့ Samsung ကပြောထားပါတယ်။ ဖုန်း နှစ်မျိုးစလုံးမှာ အားသွင်းမြန်ဆန်တဲ့ USB PD ကိုအသုံးပြုထားပြီး Note 10 Plus ကို 45W အထိရှိတဲ့ adapter တွေနဲ့အားသွင်းနိုင်ပါတယ်။

Samsung ဟာ Note 10 အတွက် ကျောဘက်ကင်မရာကို အပြောင်းအလဲ အနည်းငယ် ပြုလုပ်ထားပါတယ်။ ရှေ့ဘက်မှာ selfie ကင်မရာ ၁ လုံးနဲ့ ကျောဘက်ကင်မရာမှာ wide, regular နဲ့ telephoto ကို ထည့်သွင်းထားပါတယ်။ Note 10 Plus မှာတော့ time-of-flight ကင်မရာကို Samsung ကထည့်သွင်းထားပါတယ်။

Samsung Galaxy Note 10 မှာ AR doodles နဲ့ 3D scanner တို့ပါဝင်လာပြီး အလွန်အားရစရာကောင်းပါတယ်။ 3D scanner နဲ့ အပြည့်အဝ scan လုပ်နိုင်ပြီး ဓာတ်ပုံတွေအတွင်း 3D ဇာတ်ကောင်ထည့်သွင်းတာ ဒါမှမဟုတ် 3D print ထုတ်နိုင်တဲ့ ဖိုင်ကို ဖန်တီးတာ ပြုလုပ်နိုင်ပါတယ်။

Samsung ဟာ Note 10 ရဲ့ဗီဒီယိုပိုင်းကို အားထုတ်လုပ်ကိုင်ထားပါတယ်။ Samsung ဟာ ရွေးချယ်နိုင်တဲ့ effect တစ်ခုအဖြစ် နောက်ခံကိုဝါးနိုင်တဲ့ Live Focus ထည့်သွင်းထားပြီး video stabilization feature က effect ကို တိုးတက်အောင် ပြုလုပ်ပေးနိုင်ပါတယ်။ ဒါ့အပြင် zoom microphone feature လည်းပါဝင်ပါတယ်။

S Pen ကလည်း အရင်ထုတ်ကုန်ထက် ပိုမိုကောင်းမွန်ပြီး လုပ်ဆောင်ချက်တွေ ပိုမိုများပြားလာပါတယ်။ ကင်မရာကို အဖွင့်၊ အပိတ်လုပ်နိုင်သလို PowerPoint slide တွေကိုလည်း S Pen နဲ့ရွှေ့နိုင်ပါတယ်။ Samsung ဟာ gyroscope နဲ့ accelerometer ကို S Pen မှာထည့်သွင်းထားပါတယ်။

Ref: TheVerge