Samsung Galaxy M11

စျေးနှုန်း – ၂၀၉,၀၀၀ Ks (3/32GB)

အားသာချက်

ကိုယ်ထည်နဲ့ ဒီဇိုင်းပိုင်း ဆွဲဆောင်မှုရှိသလို Punch-hole selfie ကင်မရာဒီဇိုင်း၊ ကောင်းမွန်တဲ့ ကင်မရာနဲ့ ဘက်ထရီစနစ်တွေ အပြင် Dolby Atmos အသံစနစ်နဲ့ microSD ကတ်စနစ်တွေ ထောက်ပံ့ပါဝင်တာက ဒီဖုန်းရဲ့ အားသာချက်ပဲ ဖြစ်ပါတယ်။

အားနည်းချက်

ထည့်သွင်းအသုံးပြုထားတဲ့ CPU က ခေတ်မမီတော့ဘူးလို့ ခံစားရတာနဲ့ ကင်မရာစနစ်က ဗီဒီယိုကို 30fps တစ်မျိုးနဲ့သာ ရိုက်ကူးနိုင်တာ၊ gyro-EIS စနစ် မပါဝင်တာနဲ့ Display က OLED မဟုတ်တာတွေက အားနည်းချက်ပဲ ဖြစ်ပါတယ်။

စွမ်းဆောင်ရည်

  • Qualcomm Snapdragon 450 (14 nm) CPU
  • Adreno 506 GPU
  • 3GB RAM
  • 32GB; microSDXC
  • Android 10, One UI 2.0

Samsung Galaxy M11 မှာ အမြန်နှုန်း 1.8GHz ရှိတဲ့ Snapdragon 450 Octa-core SoC ကို Adreno 506 GPU စနစ်နဲ့ တွဲဖက် အသုံးပြုထားပြီး RAM 3GB နဲ့ အချက်အလက် သိုလှောင်နိုင်မှုကတော့ 32GB ပါဝင်ပါတယ်။

Snapdragon 450 processor ကို ၂၀၁၈ ထုတ် Galaxy J8 မှာ သုံးခဲ့ဖူးပြီး ဒီ CPU က သာမန်လုပ်ဆောင်ချက်တွေ အတွက် ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ရှိတယ်လို့ ဆိုရမှာပါ။ Entry-level ဖုန်းအတွက် ကောင်းမွန်တဲ့ စွမ်းဆောင်ရည် ရှိပေမယ့် အရမ်းကြီး ကောင်းတယ်လို့တော့ ပြောလို့မရဘူး။ GeekBench 5.1 (multi-core) ရမှတ် ၄၈၉ ရှိပါတယ်။ နေ့စဉ်သုံး လုပ်ငန်းဆောင်တာမျိုးစုံ အတွက် ချောမွေ့ကောင်းမွန်မှုရှိသလို Milti task အသုံးပြုတာမျိုး၊ app သုံးတာမျိုးအတွက်လည်း အဆင်ပြေမှာပါ။ ဒီဖုန်းမှာ Android 10 OS အခြေခံ Samsung ရဲ့ နောက်ဆုံးထွက်ဗားရှင်း One UI 2.0 ကို ထည့်သွင်းပေးထားပြီး ဒီ OS က dark mode, blue light filter, smart view, focus mode နဲ့ Dolby Atmos စနစ်တွေကို အပြည့်အဝ ထောက်ပံ့ပေးပါတယ်။ One UI 2.0 စနစ်မှာ Always On Display နဲ့ Edge Lighting စနစ်တွေ မပါဝင်တာက လွဲရင် သုံးရတာ တည်ငြိမ်မှုရှိမှာ ဖြစ်ပြီး Dolby Atmos လုပ်ဆောင်ချက်ကလည်း ဖုန်းရဲ့ အသံအရည်အသွေးကို အကောင်းဆုံး ခံစားနိုင်စေမှာပါ။ OS စနစ်မှာ pre-installed bloatware တွေပါဝင်ပေမယ့် မသုံးချင်ရင်တော့ ဖြုတ်ပစ်နိုင်မှာဖြစ်ပါတယ်။

ဒီဇိုင်းနဲ့ မျက်နှာပြင်

  • Punch-Hole selfie camera
  • 6.4 inches, PLS TFT display
  • 19.5:9 aspect ratio
  • Fingerprint (rear-mounted)
  • 197g

Samsung Galaxy M11 ရဲ့ ကိုယ်ထည်နဲ့ ကျောဘက်ကာဗာက ပိုလီကာဗွန်နိတ်ပလတ်စတစ် ဖြစ်ပြီး ရှေ့ဘက် မျက်နှာပြင်ကိုတော့ ဖန်သားမျက်နှာပြင်နဲ့ အသုံးပြုထားတာဖြစ်ပါတယ်။ ကျောဘက်ကာဗာကို ထောင့်ကွေးပုံစံဒီဇိုင်းနဲ့ ဖန်တီးထားတာ ဖြစ်ပြီး Samsung ရဲ့ mid-range အလယ်အလတ်တန်းစားဖုန်းတွေ ဖြစ်တဲ့ Galaxy M21 နဲ့ M31 ဒီဇိုင်းတွေနဲ့ ဆင်တယ်လို့ ဆိုရမှာပါ။ ကျောဘက်ကင်မရာကို ဒေါင်လိုက်ထည့်သွင်းထားပြီး လက်ဗွေစနစ်ကို ကျောဘက်မှာ ထည့်သွင်းထားတာဖြစ်ပါတယ်။ ရှေ့ဘက်ကင်မရာကိုတော့ Punch-hole ပုံစံနဲ့ ထည့်သွင်းဖန်တီးထားတာက entry level ဖုန်းတစ်လုံးအတွက် နှစ်သက်စရာပါ။ ဖုန်းရဲ့ ညာဘက်ဘောင်ထဲမှာ ပါဝါခလုတ်နဲ့ အသံအတိုးအကျယ်ခလုတ်တွေ ထည့်သွင်းထားပြီး ဘယ်ဘက်ဘောင်ထဲမှာ SIM ကတ်ပေါက်ရှိမှာ ဖြစ်ပါတယ်။ အောက်ဘက်ဘောင်ထဲမှာတော့ USB Type-C အားသွင်းပေါက်နဲ့ စပီကာတစ်လုံး တပ်ဆင်ထားပြီး နားကြပ်ပေါက်ကတော့ အပေါ်ဘက်ဘောင်ထဲမှာ ထည့်သွင်းပေးထားပါတယ်။

ဒီဖုန်းရဲ့ ၆.၄ လက်မရှိတဲ့ PLS TFT Infinity-O Display က ရုပ်ထွက်အရည်အသွေး 720×15600 pixel အထိ ထောက်ပံ့ပေးနိုင်ပါတယ်။ ဖုန်းကိုယ်ထည်မှာ မြင်ကွင်းပါဝင်မှုက ၈၁.၆ ရာခိုင်နှုန်း ရှိပြီး Screen ရဲ့ pixel density က 268 ppi ရှိပါတယ်။ HD+ မျက်နှာပြင်က ရုပ်ထွက်ကာလာcontrast ပိုင်းကြည်လင်ပြတ်သားမှုရှိပြီး နေရောင်အောက်မှာ အသုံးပြုတဲ့အခါမှာScreen ရဲ့ Brightness က ဘတ်ဂျက် entry-level ဖုန်းတစ်လုံးအတွက် အဆင်ပြေတယ်လို့ ဆိုရမှာပါ။

ကင်မရာ

  • Standard: 13MP (wide), f/1.8, PDAF
  • 5MP, f/2.2 (ultrawide)
  • 2MP, f/2.4 (depth)
  • Selfie : 8M, f/2.0 (wide)
  • Video : 1080p@30fps
LED flash, HDR, Panorama

Samsung Galaxy M11 မှာ 13MP အဓိက ကင်မရာ၊ 5MP ultra-wide ကင်မရာနဲ့ 2MP depth ကင်မရာ စုစုပေါင်း ကင်မရာသုံးလုံးကို ကျောဘက်မှာ LED flash နဲ့ တွဲပြီး ဒေါင်လိုက်ဒီဇိုင်းနဲ့ ထည့်သွင်းထားပါတယ်။ Entry-level ဘတ်ဂျက်ဖုန်းတစ်လုံး အတွက် ကင်မရာစနစ်က ကျေနပ်စရာပါ။ ultra-wide ကင်မရာက မြင်ကွင်းကျယ်ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို ရိုက်ကူးနိုင်မှာဖြစ်ပြီး Live Focus စနစ်ကို ဓာတ်ပုံနဲ့ ဗီဒီယို နှစ်မျိုးစလုံးမှာ အသုံးပြုနိုင်မှာပါ။ ကင်မရာစွမ်းဆောင်ရည်ပိုင်းက နေ့ပိုင်းအလင်းရောင်ထဲ ရိုက်ကူးမှုအတွက် အရည်အသွေးကောင်းမွန်တဲ့ ဓာတ်ပုံတွေကို ရိုက်ကူးနိုင်မှာဖြစ်သလို Pro mode ထောက်ပံ့ပါဝင်တဲ့အတွက် manual အနေနဲ့ ချိန်ညှိရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ Auto HDR စနစ်လည်း ထောက်ပံ့ပါဝင်ပြီး ညပိုင်း အလင်းအားနည်းတဲ့ အခြေအနေမျိုးမှာ ရိုက်ကူးမှုကတော့ ပုံမှန်entry-level ဖုန်းတစ်လုံးမှာရှိသင့်တဲ့ ပျှမ်းမျှအရည်အသွေးတွေကို ပိုင်ဆိုင်ထားပါတယ်။
ရှေ့ဘက်မျက်နှာပြင်ထဲက 8MP selfie ကင်မရာကို Punch-hole ထဲမှာ ထည့်သွင်းထားတာ ဖြစ်ပြီး ကာလာရုပ်ထွက်ပိုင်း ကောင်းမွန်တဲ့ selfie ဓာတ်ပုံတွေကို ရိုက်ကူးနိုင်တာ စိတ်ကျေနပ်စရာပါ။ ကင်မရာစနစ်မှာ PDAF နည်းပညာ ထောက်ပံ့ပါဝင်ပြီး ရှေ့နောက်ကင်မရာနှစ်ခုစလုံးက 30fps ဗီဒီယိုကို 1080p အရည်အသွေးနဲ့ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ ဒီဖုန်းမှာ ဗီဒီယိုစနစ်အတွက် gyro-EIS နည်းပညာ ထောက်ပံ့ပါဝင်မှု မရှိပါဘူး။

ဘက်ထရီ

  • Li-Po 5000mAh
  • 15W Fast Charging
  • 2.0, Type-C

ဒီဖုန်းမှာ 5000mAh ပမာဏ ဘက်ထရီကိုအသုံးပြုထားပြီး အားသွင်းစနစ်ကတော့USB Type-C အမျိုးအစား ဖြစ်ပါတယ်။ ပုံမှန်ဖုန်းသုံးတာမျိုး အတွက် ဘက်ထရီနဲ့ ၂ ရက်ဝန်းကျင်လောက် အသုံးပြုတာက ဘတ်ဂျက်ဖုန်းတစ်လုံးအတွက် သဘောကျစရာပါ။ ဘက်ထရီစနစ်မှာ 15W Quick Charge 3.0 အားသွင်းမြန်ဆန်တဲ့ နည်းပညာ ထောက်ပံ့ပါဝင်ပါတယ်။

သုံးသပ်ချက်

ဒီဖုန်းက ဒီဇိုင်းပိုင်း ဆွဲဆောင်မှုရှိသလို ကိုင်ရတာလည်း အဆင်ပြေကျစ်လျစ်တဲ့ ကိုယ်ထည်နဲ့ flag-ship နဲ့ mid-range တွေလိုမျိုး punch-hole selfie ကင်မရာကို ထည့်သွင်းထားတာ နှစ်သက်စရာပါ။ Display က AMOLED အစား TFT HD screen အမျိုးအစားကို သုံးထားပြီး CPU ရဲ့ စွမ်းဆောင်ရည်ပိုင်းက ပျှမ်းမျှသာရှိတာတွေက ပြိုင်ဘက်တွေနဲ့ ယှဉ်ရင် သိပ်အားမရဘူးလို့ ဆိုရမှာပါ။ ဒါပေမယ့် ဘက်ထရီစနစ်မှာ USB Type-C ကို အသုံးပြုထားပြီး ဘက်ထရီနဲ့ ၂ ရက်ဝန်းကျင်သုံးနိုင်တာ၊ microSD စနစ်ပါဝင်တာနဲ့ ကင်မရာစနစ်က entry-level ဖုန်းဖြစ်ပေမယ့် ကျေနပ်စရာကောင်းမွန်တာတွေက ပေးရတဲ့ ဈေးနဲ့ဆိုရင်တော့ သုံးရတာ တန်တယ်လို့ ဆိုရမှာပါ။ သင့်အနေနဲ့ ဒီထက် ပိုက်ဆံနည်းနည်း ပိုသုံးမယ်ဆိုရင်တော့ ဒီဖုန်းထက် CPU ပိုင်း၊ Display ပိုင်း၊ ကင်မရာပိုင်း ပိုကောင်းတဲ့ ၂၀၁၉ ထုတ် Redmi Note 8 ကို ရနိုင်ပေမယ့် ဘတ်ဂျက် entry-level ဖုန်းကို နောက်ဆုံးထွက် OS နဲ့ ဒီဇိုင်းအသွင်အပြင် ရှိတဲ့ ဖုန်းကို သုံးချင်ရင်တော့ Samsung Galaxy M11 က ရွေးချယ်ဖို့ သင့်တော်တဲ့ ဖုန်းတစ်လုံးလို့ ဆိုနိုင်ပါတယ်။

-ရဲထွဋ်ဝင်း

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««