Samsung Galaxy M11 ကို တရားဝင် ထုတ်ဖော်ပြသ

Samsung ဟာ Galaxy M11 အမည်ရ စမတ်ဖုန်းတစ်မျိုးကို မိတ်ဆက်လိုက်ပါတယ်။ ဖုန်းကို ယူအေအီးဝက်ဘ်ဆိုက်မှာ တင်ခဲ့တာ ဖြစ်ပါတယ်။

Samsung Galaxy M11 မှာ မျက်နှာပြင် ၆.၄ လက်မ LCD HD+ ရုပ်ထွက်အရည်အသွေးနဲ့ punch hole မှာ selfie ကင်မရာ ထည့်သွင်းထားပါတယ်။ Galaxy M11 မှာ 1.8GHz octa-core CPU အသုံးပြုထားပြီး RAM 3GB, storage 32GB တို့ပါဝင်ပါတယ်။

ကျောဘက်မှာ ကင်မရာ ၃ လုံးကို ဒေါင်လိုက်စီထားပါတယ်။ အဓိက ကင်မရာကတော့ 13MP f/1.8 ဖြစ်ပြီး field of view ၁၁၅ ဒီဂရီနဲ့အတူ 5MP f/2.2 ပါဝင်လာပါတယ်။

တတိယကင်မရာကတော့ depth sensor ဖြစ်ပြီး portrait ဓာတ်ပုံတွေ ရိုက်ကူးနိုင်ပါတယ်။ ဗီဒီယိုတွေကိုတော့ 1080p 30fps နဲ့ပဲ ရိုက်လို့ရပါတယ်။
ရှေ့ကင်မရာ 8MP f/2.0 selfie ကင်မရာမှာ fixed focus ပါဝင်လာပါတယ်။

     

Samsung Galaxy M11 ဘက်ထရီကတော့ 5,000mAh ဖြစ်ပြီ USB-C port ကနေ အားသွင်းနိုင်ကာ အလေးချိန် ၁၉၇ ဂရမ် ရှိပါတယ်။

အခြားချိတ်ဆက်မှုတွေကတော့ Bluetooth 4.2, 3.5mm နားကြပ်ပေါက်အပြင် 2.4GHz Wi-Fi b/g/n ပါဝင်ပေမယ့် NFC မပါဝင်ပါဘူး။ ဖုန်းမှာ LTE ချိတ်ဆက်မှုပါဝင်ပြီး SIM card ၂ ခု အသုံးပြုနိုင်ပါတယ်။

စိုးထက်
Ref: GSMArena