Samsung Galaxy Fold မှာ ကွန်ပျူတာနဲ့ချိတ်ဆက်နိုင်မယ့် DeX feature ပါဝင်လာ

Samsung Galaxy Fold အတွက် နောက်ဆုံးဖြန့်ချိလိုက်တဲ့ update software မှာ ကွန်ပျူတာနဲ့ ဖုန်း ချိတ်ဆက်နိုင်မယ့် DeX ပါဝင်လာပါတယ်။

DeX ဟာ USB ကတစ်ဆင့် ဖုန်းကို Windows ဒါမှမဟုတ် Mac ကွန်ပျူတာနဲ့ ချိတ်ဆက်ပြီး ကွန်ပျူတာရဲ့ မော်နီတာ၊ keyboard နဲ့ mouse တို့နဲ့ တွဲဖက်သုံးစွဲနိုင်ပါတယ်။ ဒါကြောင့် သုံးစွဲသူက တိကျမှုမြင့်မားတဲ့ ကွန်ပျူတာ mouse နဲ့ဂိမ်းကစားတာ ဒါမှမဟုတ် keyboard အသုံးပြုပြီး Office စာရွက်စာတမ်းတွေ တည်းဖြတ်နိုင်ပါတယ်။ ဒါ့အပြင် ဖုန်းနဲ့ ကွန်ပျူတအကြား ဖိုင်တွေကို အလွယ်တကူ drag နဲ့ drop လုပ်ပြီး လွှဲပြောင်းနိုင်ပါတယ်။

Galaxy Fold မှာ DeX mode ပါဝင်ကာ မော်နီတာနဲ့ တိုက်ရိုက်ချိတ်ဆက်မှု ထောက်ပံ့ထားပြီးသားပါ။ ဒါပေမဲ့ သုံးစွဲသူက ကွန်ပျူတာပေါ်မှာ DeX app ကိုသွင်းထားတဲ့အခါမှာ သက်သောင့်သက်သာ သုံးစွဲနိုင်ပါတယ်။

Samsung က Galaxy Fold အတွက် ဖြန့်ချိလိုက်တဲ့ update ကတော့ 900MB နီးပါးပြီး F900FXXU2ASKB ဗားရှင်းအတွက် ထောက်ပံ့ပေးလိုက်တာ ဖြစ်ပါတယ်။ အလားတူ update ကိုလည်း Galaxy Fold 5G အတွက် မကြာခင် ထောက်ပံ့ပေးဖွယ်ရှိပါတယ်။

စိုးထက်
Ref: GSMArena