Samsung Galaxy Chromebook

ဈေးနှုန်း – ကန်ဒေါ်လာ ၉၉၉

အားသာချက်

ရုပ်ထွက်အရည်အသွေးမြင့်မားလှတဲ့ 4K AMOLED Display နဲ့ ပါးလွှာတဲ့အလူမီနီယံကိုယ်ထည်ကို အနီရောင်ဒီဇိုင်းနဲ့ဖန်တီးထားတာက အထူးဆွဲဆောင်မှုရှိပြီး မြန်ဆန်တဲ့စွမ်းဆောင်ရည်နဲ့ S-Pen တစ်ပါတည်း ပါဝင်တာတွေက ဒီ Laptop ရဲ့ နှစ်သက်စရာအချက်တွေပါ။

အားနည်းချက်

4K Display သုံးထားတာဖြစ်လို့ ဘက်ထရီပိုင်းက ထင်သလောက် မသုံးနိုင်တာ၊ အဖွင့်အပိတ် ပတ္တာပိုင်း အားနည်းတာနဲ့ အသုံးပြုစဉ်မှာ Laptop ကိုယ်ထည် အနည်းငယ်ပူနွေးတာတွေက ဒီ Laptop ရဲ့ အားနည်းချက်လို့ ဆိုရမှာပါ။

သုံးသပ်ချက်

Ultra-portable ဒီဇိုင်းနဲ့ ထုတ်ထားတဲ့ Samsung Galaxy Chromebook က 2-in-1 ပုံစံအသုံးပြုနိုင်တဲ့ Laptop တစ်လုံး ဖြစ်ပါတယ်။ ဆွဲဆောင်မှုအပြည့်ရှိတဲ့ ဒီဇိုင်းနဲ့ အရည်အသွေး၊ အသံထွက်ပိုင်းကောင်းမွန်မှု၊ Galaxy Note ဖုန်းတွေလို S-Pen တွေ ပါဝင်လာတာက Laptop ကို Note ဖုန်းလိုပါ အလွယ်တကူ အသုံးပြုနိုင်စေမှာ ဖြစ်ပါတယ်။ Chromebook အများရဲ့ ဘက်ထရီက တစ်နေ့တာအတွက် လုံလောက်မှုရှိဖို့ အဓိကဖန်တီးထားကြတာ ဖြစ်ပေမယ့် ဒီ Laptop ရဲ့ ဘက်ထရီကတော့ ရှိသင့်တဲ့ ပျှမ်းကြာချိန် ၆ နာရီထက် လျော့နည်းတာတွေ့ရပါတယ်။ ဒါကလည်း 4K AMOLED panel ကြောင့်လို့ သုံးသပ်ရမှာဖြစ်ပေမယ့် 1080p YouTue ဗီဒီယိုကြည့်တာကို ၁၅ မိနစ်ဝန်းကျင်မှာ Laptop ကိုယ်ထည်ပူနွေးတာ ရေရှည်အတွက်တော့ စဉ်းစားစရာပါ။ မိမိအနေနဲ့ ဒီဇိုင်းလှပြီး ဆွဲဆောင်မှုအပြည့်ရှိသလို စွမ်းဆောင်ရည်ပိုင်း မြင့်မားကောင်းမွန်တဲ့ ဒေါ်လာတစ်ထောင်အောက် 2-in-1 Ultra Portable Laptop တစ်လုံးကိုမှ ကိုင်ချင်တယ်ဆိုရင်တော့ ဒီ Laptop က ရွေးချယ်စရာတစ်ခုလို့လည်း ဆိုချင်ပါတယ်။

အသေးစိတ်ဖော်ပြချက်

၁၃.၃ လက်မရှိတဲ့ 4K AMOLED Display က Touchscreen အမျိုးအစားဖြစ်ပါတယ်။ ဒီ laptop မှာ Intel Core i5-10210U processor ကို အသုံးပြုထားပြီး ဂရပ်ဖစ်အနေနဲ့ Intel UHD Graphic ထောက်ပံ့ပါဝင်ပါတယ်။ RAM 8 GB နဲ့ အချက်အလက် သိုလှောင်နိုင်မှုကတော့ 256GB SSD တွေ ပါဝင်ပါတယ်။ အသံထွက်ပိုင်း ထူးခြားကောင်းမွန်ပြီး ကြည်လင်မှုရှိတဲ့အတွက် ကျေနပ်စရာပါ။ စမတ်ဖုန်း selfie ကင်မရာအရည်အသွေးလို ထွက်တဲ့ 1MP Webcam ကို တပ်ဆင်ထားသလို Tent mode ပုံစံသုံးတဲ့အခါ အသုံးပြုနိုင်ဖို့ ကီးဘုတ်အပေါ်ဘက် ကိုယ်ထည်မှာ 8MP ကင်မရာတစ်လုံး ထည့်သွင်းထားတာကလည်း ကမ္ဘာ့ပထမဆုံး chromebook လို့ဆိုရမှာ ဖြစ်ပါတယ်။ Touchpad ရဲ့ sensitivity ကလည်း တုံ့ပြန်မှုကောင်းမွန်ပါတယ်။ USB Type-C ပေါက် ဘယ်ညာ တစ်ပေါက်စီ၊ microSD ကတ်ပေါက်နဲ့ S-Pen ပေါက်တွေနဲ့ နားကြပ်ပေါက်တွေ ထောက်ပံ့ပါဝင်ပါတယ်။
မြင်ကွင်းတောက်ပမှု 150 nits နဲ့ WiFi ချိတ်ဆက်ပြီး အွန်လိုင်းအဆက်မပြတ် အသုံးပြုမှုကို ဘက်ထရီနဲ့ ၅ နာရီ ၅၆ မိနစ်ခန့်သာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အလေးချိန်ကတော့ ၁.၀၈ ကီလိုဂရမ် (၂.၄ ပေါင်) ရှိမှာ ဖြစ်ပါတယ်။

Ref: www.Laptopmag.com