Samsung Galaxy Buds Live

Active Noise Cancellation စနစ်ထောက်ပံ့ပေးထားလို့ ခရီးသွားတဲ့အခါမှာ ပတ်ဝန်းကျင် အသံနှောင့်ယှက်မှုမှ ကင်းစေမယ့် Samsung Galaxy Buds Live ဖြစ်ပါတယ်။ Quick charging စနစ်ထောက်ပံ့ထားလို့ ငါးမိနစ်အားသွင်းတာနဲ့ တစ်နာရီပြန်ပြီး အသုံးပြုနိုင်သလို Wired စနစ်နဲ့ရော Wireless, D2D စနစ်နဲ့ပါ အားပြန်သွင်းနိုင်ပါတယ်။ Chipset အနေနဲ့ BCM 43015 ကိုအသုံးပြုထားတာ ဖြစ်ပြီး OS ကို RTOS ထောက်ပံ့ပေးထားပါတယ်။ အသံနဲ့ နိုးထနိုင်တဲ့ Bixby voice wake-up ထောက်ပံ့ပါဝင်ပါတယ်။ Control အပိုင်းမှာ Single Tap, Double Tap, Triple Tap နဲ့ ထိတွေ့ပြီး လုပ်ဆောင်ချက်တွေကို ထိန်းချူပ်နိုင်မှာ ဖြစ်ပါတယ်။ Sensor အနေနဲ့လည်း Accelerometer, Gyro, Proximity, Hall, Touch, Grip, Voice Pickup Unit စတာတွေ ထောက်ပံ့ပေးထားပါတယ်။ Bluetooth 5.0 ထောက်ပံ့ပေးထားပြီး Android 5.0 နဲ့အထက် iOS 10 နဲ့ အထက်ရှိ စမတ်ဖုန်း Tablet တွေနဲ့ ချိတ်ဆက်အသုံးပြုနိုင်မှာပါ။ Earbud အရွယ်အစားက16.5 x 27.3 x 14.9mm ဖြစ်ပြီး အလေးချိန်က 5.6g သာရှိလို့ တပ်ဆင်တဲ့အခါမှာ ပေါ့ပါးပြီး သက်သာမှုရှိပါတယ်။ Charging Case အရွယ်အစားကတော့ 50.0 x 50.2 x 27.8mm ဖြစ်ပြီး အလေးချိန်က 42.2g သာရှိပါတယ်။

တန်ဖိုးက ၂၁၉,၀၀၀ ကျပ် ဖြစ်ပြီး Technoland ဖုန်း – ၀၉ ၉၇၀၀ ၃၅၁၀၄ (ရန်ကုန်)၀၉ ၉ ၆၇၉ ၁၈၀၆၀ (မန်း)နဲ့ ၀၉ ၉ ၇၆၀၁၈၃၉ ၃ (နေပြည်တော်) ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««