Samsung Galaxy A90 5G ကိုတရားဝင်မိတ်ဆက်

Samsung ဟာ 5G စမတ်ဖုန်း ၃ မျိုးကို မိတ်ဆက်ထားပြီးသားဖြစ်ပါတယ်။ အဲဒါတွေကတော့ Galaxy S10 5G, Galaxy Note10 5G နဲ့ Galaxy Note10+ 5G တို့ပဲဖြစ်ပါတယ်။ ကုမ္ပဏီအနေနဲ့ အခုဆိုရင် စတုတ္ထမြောက် 5G ဖုန်းဖြစ်တဲ့ Galaxy A90 5G ကိုမိတ်ဆက်ခဲ့ပါတယ်။ မျိုးဆက်သစ်ကွန်ရက်ထောက်ပ့ံမှုပါဝင်တဲ့ ပထမဆုံး အဆင့်မြင့် အလယ်အလတ်တန်းစား စမတ်ဖုန်းဖြစ်လာပါတယ်။

Galaxy A90 5G မှာ Snapdragon 855 SoC နဲ့အတူ RAM 6GB ဒါမှမဟုတ် 8GB တွဲဖက်ထားပါတယ်။ စမတ်ဖုန်းမှာ Android Pie နဲ့ storage 128GB အသုံးပြုထားပါတယ်။ RAM 6GB နဲ့အတူ microSD ကတ်ပေါက်နဲ့ storage ကို 512GB အထိ တိုးချဲ့နိုင်ပါတယ်။ Galaxy A90 5G မှာ ၆.၇ လက်မ FHD+ Super AMOLED Infinity-U display အပြင် fingerprint reader ကိုထည့်သွင်းထားကာ 32MP selfie ကင်မရာကို cut-out ဒီဇိုင်းမှာ ထည့်သွင်းထားပါတယ်။

ဖုန်းရဲ့ကျောဘက်မှာ ထူးခြားတဲ့ ဂျီဩမေထြီပုံစံနဲ့ မှန်ထည်ကို အသုံးပြုထားပါတယ်။ ဖုန်းမှာ ကင်မရာ ၃ လုံးပါဝင်ပြီး ကျောဘက်မှာ 48MP, ultra-wide 8MP နဲ့ 5MP depth sensor တွေပါဝင်လာပါတယ်။ ကျောဘက်ကင်မရာတွေမှာ Super Steady, Scene Optimizer နဲ့ Flaw Detector အပြင် Live Focus Mode လည်းရှေ့ကင်မရာမှာ ပါဝင်လာပါတယ်။

Galaxy A90 5G မှာ Samsung DeX ထောက်ပံ့ထားပြီး A စီးရီးမော်ဒယ်မှာ ပထမဆုံးပါဝင်လာတာ ဖြစ်ပါတယ်။စမတ်ဖုန်းမှာ အနက်နဲ့ အဖြူထုတ်လုပ်ထားပြီး 25W အားသွင်းမြန်ဆန်တဲ့စနစ် ထောက်ပံ့မှုပါဝင်တဲ့ 4,500mAh ပါဝင်လာပါတယ်။Galaxy A90 5G ဈေးနှုန်းကတော့ မသိသေးပေမယ့် တောင်ကိုရီးယားမှာ ၄ ရက်မှာ စတင်ရောင်းချပြီး အခြားဈေးကွက်တွေမှာ တိုးချဲ့ရောင်းချသွားမှာ ဖြစ်ပါတယ်။

စိုးထက်
Ref: GSMArena