Samsung Galaxy A51

Price – 509,000 Ks (6GB/128GB)

အားသာချက်

ပရီမီယံဒီဇိုင်းက ဆွဲဆောင်မှုရှိသလို၊ ကိုင်ရတာ ပေါ့ပါးမှုရှိပါတယ်။ တောက်ပကောင်းမွန်တဲ့ Display ၊ နေ့ညရိုက်ကူးမှုအတွက် ကောင်းမွန်တဲ့ ကင်မရာစနစ်၊ တစ်ရက်ကျော်လောက် အသုံးပြုနိုင်တဲ့ ဘက်ထရီ စနစ်တွေက ဒီဖုန်းရဲ့ အားသာချက်ပဲဖြစ်ပါတယ်။

အားနည်းချက်

သူ့အရင်က ထွက်ခဲ့တဲ့ Galaxy A50s ကို အဆင့်မြှင့်လိုက်တဲ့ ဖုန်းတစ်လုံးလို့ ဆိုရမှာဖြစ်သလို နေ့စဉ်အသုံးပြုမှုအတွက် အဆင်ပြေပေမယ့် Galaxy A50s မှာ သုံးခဲ့တဲ့ အရမ်းကြီး စွမ်းဆောင်ရည်မမြင့်တဲ့ Mid-range chipset ကိုပဲ ဆက်သုံးထားတာက ဒီဖုန်းရဲ့ အားနည်းချက်ပါ။

စွမ်းဆောင်ရည်

• Exynos 9611 (10 nm) CPU • Mali-G72 M34 GPU
• 6GB RAM • 128GB; microSD up to 512GB

Samsung Galaxy A51 မှာ Hxynos 9611F chipset သုံးထားပြီး RAM 6GB နဲ့ အချက်အလက်သိုလှောင်နိုင်မှုကတော့ 128GB ပါဝင်ပါတယ်။ Multitasking နဲ့ နေ့စဉ် အသုံးပြုမှုအတွက် မြန်ဆန်တဲ့ စွမ်းဆောင်ရည်ရှိသလို PUBG, ML စတဲ့ အွန်လိုင်းဂိမ်းကစားတွေက သိပ်ပြီး ပြောစရာမရှိပေမယ့် 3D ဂရပ်ဖစ်အမြင့်ဂိမ်းတွေ ကစားဖို့ကတော့ သိပ်အဆင်ပြေလှမှာ မဟုတ်ပါဘူး။ စပီကာပိုင်းကလည်း အသံထွက်ကျယ်လောင်မှုရှိပေမယ့် အရမ်းကြီးကောင်းတယ်လို့ မခံစားရပါဘူး။ One UI က သူ့အရင်ဗားရှင်းထက် ပိုပြီး ချောမွေ့ကောင်းမွန်လာပြီး ဒီဖုန်းမှာ Android 10 အခြေခံထားတဲ့ One UI 2.0 ကို သုံးထားပါတယ်။ Under display လက်ဗွေစနစ်ကလည်း မြန်ဆန်မှုရှိသလို လက်အနည်းငယ် စိုစွတ်နေတဲ့အခါမှာတောင် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Face recognition စနစ်နဲ့ Samsung Knox လုံခြုံရေးစနစ်တွေကိုလည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ဒီဇိုင်းနဲ့ မျက်နှာပြင်

• Hole- Punch Display Design • 6.5 inch Super AMOLED display
• Fingerprint (under display) • Glass (front), plastic (back), plastic frame
• 20:9 aspect ratio (405 ppi density) • 172g

Samsung Galaxy A51 က သူ့အရင်ထွက်ခဲ့တဲ့ Galalxy A50s ကို အဆင့်မြှင့်ထားတာဖြစ်ပေမယ့် ဒီဖုန်းရဲ့ Display က notch မ ပါတော့ဘဲ punch-hole FullView Display ဒီဇိုင်းဖြစ်သွားတာက Samsung ရဲ့ High-end ဖုန်းကို ကိုင်ရသလို ပရီမီယံဆန်တယ်လို့ ခံစားရမှာဖြစ်ပေမယ့် ကိုယ်ထည်ကတော့ ပလတ်စတစ်ကိုယ်ထည်ပါ။ ရှေ့ဘက်မျက်နှာပြင်ကို Gorilla Glass 3 နဲ့ ဖုန်းအုပ်ထားပြီး ကျောဘက်က A50s နဲ့မတူတဲ့ Texture ဒီဇိုင်းက high-end ဖုန်းတွေထက် ပိုပြီး ဆွဲဆောင်မှုရှိတယ်လို့ မြင်ပါတယ်။

ကျောဘက်ကင်မရာစနစ်တပ်ဆင်ထားပုံကလည်း သေသပ်မှုရှိပါတယ်။ မြင်ကွင်းရဲ့ဘယ်ဘက်ဘောင်ထဲမှာတော့ SIM ကတ်ပေါက်၊ ညာဘက်ဘောင်ထဲမှတော့ အသံအတိုးအကျယ် ခလုတ်နဲ့ ပါဝါခလုတ်ကို တပ်ဆင်ထားပြီး အောက်ဘက်ဘောင်ထဲမှာတော့ နားကြပ်ပေါက်ကို အားသွင်းပေါက်ဘေးနားကပ်လျက်မှာ ထည့်သွင်းထားပါတယ်။ လက်ဗွေလုံခြုံရေးစနစ်ကတော့ Under diaplay အနေနဲ့ ထည့်သွင်းပေးထားပါတယ်။

မျက်နှာပြင်အရွယ်အစားက ၆.၅ လက်မရှိတဲ့ Super AMOLED Display မျက်နှာပြင်ဖြစ်ပြီး ရုပ်ထွက်အရည်အသွေး 1080×24060 pixel အထိ ထောက်ပံ့ပေးနိုင်ပါတယ်။ Display ပိုင်းကောင်းမွန်တဲ့ Samsung ဖုန်းတွေက သုံးစွဲသူတွေကို ကျေနပ်စေသလိုပဲ ဒီဖုန်းကလည်း Mid-range ဖြစ်ပေမယ့် Display က နေ့ည အသုံးပြုမှုအတွက် အထူးကောင်းမွန်သလို တောက်ပမှုရှိကာ ဖုန်းကိုယ်ထည်မှာ Touch panel ပါဝင်မှု screen-to-body ratio က ၈၇.၄ ရာခိုင်နှုန်း ရှိပါတယ်။ ၁၇၂ ဂရမ် အလေးချိန်က ၆.၅ လက်မရှိတဲ့ မြင်ကွင်းကျယ်ဖုန်းအတွက် ကိုင်ရတာ ပါးလွှာပြီး လေးတယ်လို့တော့ မခံစားရပါဘူး။ ဒါကလည်း သူ့အရင်ထွက်ခဲ့တဲ့ A50s ထက်ပိုမိုကောင်းမွန်တဲ့ Display ဆိုတာ ငြင်းမရတဲ့အချက်တစ်ခုပါ။

ကင်မရာ

• Standard: 48MP (wide), f/2.0, PDAF • 5MP (depth), f/2.2
• 5MP (macro), f/2.4 • 12MP (ultrawide), f/2.2
• Selfie camera: 32MP, f/2.2 • Video : 10800p 30fps

ကျောဘက်မှာ Galaxy A50s မှာမပါတဲ့ f/2.4 ရှိတဲ့ 5MP (macro) ကင်မရာအပို ပါဝင်လာပြီး ultrawide ကင်မရာက 12MP ဖြစ်သွားတာတွေက အဓိကပြောင်းလဲမှုတစ်ခု ဖြစ်ပြီး ဒီဖုန်းမှာတော့ depth ကင်မရာ၊ wide ကင်မရာအပါအဝင် စုစုပေါင်း ကင်မရာလေးလုံး ပါဝင်ပြီး ရှေ့ဘက်ကင်မရာကတော့ Galaxy A50s မှာပါဝင်ခဲ့တဲ့ 32MP အမျိုးအစားဖြစ်ပါတယ်။ ကင်မရာစနစ်က အသုံးပြုရလွယ်ကူသလို နေ့ဘက်နဲ့ ညပိုင်းရိုက်ကူးမှုတွေမှာ ကောင်းမွန်တဲ့ ရုပ်ထွက်ကာလာပိုင်းနဲ့ ရိုက်ကူးနိုင်သလို ရှေ့ဘက်ကင်မရာစနစ်ကလည်း ကျေနပ်စရာကောင်းလှပါတယ်။ ရှုခင်းရိုက်တာ၊ အလှပုံရိုက်ကူးတာအပြင် မြင်ကွင်းကျယ်နဲ့ ရိုက်ထားတဲ့ပုံတွေက mid-ragne ဖုန်းတစ်လုံးအတွက် ကျေနပ်စရာကောင်းလှပါတယ်။ ကင်မရာစနစ်မှာ PDAF စနစ် ထောက်ပံ့ပါဝင်ပြီး ရှေ့နောက် ကင်မရာနှစ်ခုစလုံးနဲ့ 30fps ဗီဒီယိုကို 1080p အရည်အသွေးနဲ့ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။

ဘက်ထရီ

• Li-Po 4000mAh • 2.0, Type-C
• USB On-The-GO • 15W Fast Battery Charging

Li-Po 4000mAh ဘက်ထရီနဲ့ အားသွင်းမြန်တဲ့ 15W fast charging နည်းပညာတွေ ပါဝင်ပြီး မြန်ဆန်တဲ့ 15W fast battery အားသွင်းစနစ် ထောက်ပံ့ပါဝင်ပါတယ်။ မိမိအနေနဲ့ ဖုန်းနဲ့ ဂိမ်းအရမ်းမဆော့ဘူး၊ ရုပ်ရှင်အများကြီးမကြည့်ဘူး ပုံမှန် ဆိုရှယ်မီဒီယာသုံးတာ၊ ဖုန်းပြောတာလောက်ဆိုရင်တော့ ၂ ရက်နီးပါးလောက် သုံးနိုင်မှာဖြစ်ပြီး ဗီဒီယိုတွေ၊ ဂိမ်းတွေ အရမ်းဆော့မယ်ဆိုရင်တော့ တစ်ရက်ဝန်းကျင်လောက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ 15W fast charger စနစ်က မိနစ် ၄၀ အတွင်း ၀-၄၅ ရာခိုင်နှုန်းသွင်းပေးနိုင်ပါတယ်။ အားသွင်းခေါင်းကတော့ USB Type-C အမျိုးအစားဖြစ်ပြီး USB OTG စနစ်၊ NFC နဲ့ Bluetooth 5.0 စနစ်တွေ ထောက်ပံ့ပါဝင်ပါတယ်။

သုံးသပ်ချက်

Samsung Galaxy A51 က သူ့အရင်ထွက်ခဲ့တဲ့ Galaxy A50s နဲ့ A70 တို့ထက် ဈေးပိုသက်သာပြီး စွမ်းဆောင်ရည်ပိုင်းကို အဆင့်မြှင့်တင်ပေးထားတဲ့ Mid-range ဖုန်းတစ်လုံးလို့ဆိုရမှာပါ။ ပရီမီယံဒီဇိုင်း၊ ကောင်းမွန်တဲ့ ကင်မရာစနစ်၊ အချိန်ကြာကြာ အသုံးပြုနိုင်တဲ့ ဘက်ထရီစနစ်တွေက ပြိုင်ဘက် Mid-range ဖုန်းတွေနဲ့ ကောင်းကောင်းယှဉ်နိုင်သလို မြန်ဆန်ကောင်းမွန်တဲ့ UI ကလည်း ဒီဖုန်းကို သုံးရတာ မြန်ဆန်မှုရှိတယ်လို့ ခံစားရမှာဖြစ်ပေမယ့် သူ့အရင်ထွက်ခဲ့တဲ့ A50s မှာ သုံးခဲ့တဲ့ CPU ကိုပဲ ဆက်လက်သုံးထားတဲ့အတွက် 3D ဂရပ်ဖစ်ဂိမ်းအမြင့်တွေကို အလယ်အလတ် Settings နဲ့ ဆော့ကစားဖို့အတွက် အနည်းငယ် အဆင်မပြေတာလောက်ကလွဲရင် အရမ်းအဆိုးကြီးမဟုတ်ဘူးလို့ ဆိုရမှာပါ။ ပြိုင်ဘက်မော်ဒယ်ဖြစ်တဲ့ Redmi K20 Pro နဲ့ယှဉ်မယ်ဆိုရင်တော့ ဂိမ်းပိုင်းနဲ့ ညပိုင်းကင်မရာရိုက်ကူးမှုပိုင်းက လွဲရင် Galalxy A51 ဖုန်းက Samsung ရဲ့ High-end ဖုန်းအသွင်အပြင် အပြည့်ကို ပိုင်ဆိုင်ထားတဲ့ ပရီမီယံ mid-range စမတ်ဖုန်းတစ်လုံးပဲဖြစ်ပါတယ်။

Display
Performance 
Camera 
Battery 
Hand On 
Over All 

-ရဲထွဋ်ဝင်း