Samsung Galaxy A51 နဲ့ Galaxy A71 ကို တရားဝင်မိတ်ဆက်

Samsung ဟာ Galaxy A ၂၀၂၀ မော်ဒယ်တွေဖြစ်တဲ့ Galaxy A51 နဲ့ Galaxy A71 တို့ကို ထုတ်ဖော်မိတ်ဆက်ခဲ့ပါတယ်။

Samsung Galaxy A51

Galaxy A51 မှာ Exynos 9611 SoC ကို RAM 8GB နဲ့တွဲဖက်ပေးထားပါတယ်။ Android 10 အခြေခံ One UI 2.0 ပါဝင်ပြီး storage 128GB ပါဝင်လာပါတယ်။ ဒါ့အပြင် microSD ကတ်ပေါက် ပါဝင်ပြီး 512GB အထိ တိုးချဲ့ထည့်သွင်းနိုင်ပါတယ်။

Galaxy A51 မျက်နှာပြင်အရွယ်အစား ၆.၅ လက်မ 20:9 Infinity-O AMOLED display နဲ့ရုပ်ထွက်အရည်အသွေး FullHD+ ပါဝင်လာပါတယ်။ ဖုန်းရဲ့မျက်နှာပြင်ထဲမှာ fingerprint ထည့်သွင်းထားပြီး 32MP selfie ကင်မရာ ထည့်သွင်းထားပါတယ်။ စမတ်ဖုန်းကျောဘက်မှာ ကင်မရာတွေကို L ပုံသဏ္ဍာန်ထည့်သွင်းထားပြီး အဓိက ကင်မရာ 48MP နဲ့ 12MP ultrawide (၁၂၃ ဒီဂရီ FOV), 5MP depth နဲ့ 5MP macro တို့ပါဝင်လာပါတယ်။ ကင်မရာတွေမှာ Smart Switch, Live Focus နဲ့ Super Steady ဗီဒီယိုတို့ ပါဝင်လာပါတယ်။

Galaxy A51 မှာ ဘက်ထရီ 4,000mAh နဲ့အတူ 15W အားသွင်းမြန်ဆန်စနစ် ပါဝင်လာကာ အနက်၊ အဖြူ၊ အပြာနဲ့ ပန်းရောင်ဆိုပြီး အရောင် ၄ မျိုး ထုတ်လုပ်ထားပါတယ်။

 

 

A51 ကို ဒီဇင်ဘာလ ၁၆ ရက်မှာ ဗီယက်နမ်နိုင်ငံအတွင်း ကြိုတင်မှာယူနိုင်ပြီ ဖြစ်ကာ ဒေါ်လာ ၃၅၀ နဲ့ စတင်ရောင်းချသွားမှာ ဖြစ်ပြီး ဒီဇင်ဘာလ ၂၇ ရက်မှာ စတင်ရောင်းချမှာ ဖြစ်ပါတယ်။ ဗီယက်နမ်မှာ A51 ကို စတင်မှာယူသူတွေ အနေနဲ့ ဒေါ်လာ ၇၀ တန်ဖိုးရှိ အခမဲ့ လက်ဆောင်ရရှိမှာ ဖြစ်ပါတယ်။ လက်ဆောင်ထဲမှာ Samsung ရဲ့ C&T ITFIT A08C Wireless Bluetoth နားကြပ်တွေနဲ့ power bank 10,000 mAh ရရှိမှာ ဖြစ်ပါတယ်။

Samsung Galaxy A71

Galaxy A71 ဟာ Galaxy A51 နဲ့တော်တော်ဆင်ပေမယ့် ကွာခြားချက်တချို့ရှိပါတယ်။ A71 မှာ Snapdragon 730 SoC ပါဝင်ပြီး ကျောဘက်မှာ ကင်မရာ ၄ လုံး ပါဝင်ပေမယ့် အဓိက ကင်မရာကတော့ 64MP ဖြစ်ပါတယ်။
A71 မျက်နှာပြင်က ပိုမိုကြီးမားပြီး ၆.၇ လက်မ ရှိပါတယ်။ ဖုန်းရဲ့ punch hole က ပိုမိုကြီးမားသလို 25W အားသွင်းမြန်ဆန်တဲ့စနစ်နဲ့ 4,500mAh ပါဝင်လာပါတယ်။ A51 ထက်ပိုမိုလေးလံပါတယ်။ A71 ရဲ့ဈေးနှုန်းနဲ့ ထွက်ရှိမယ့်ရက်ကိုတော့ မထုတ်ပြန်သေးပါဘူး။

 

 

စိုးထက်
Ref: GSMArena