Samsung Galaxy A30s

စျေးနှုန်း – 379,000 Ks_4GB/64GB

အားသာချက်

တောက်ပပြီး ကောင်းမွန်တဲ့ Display၊ ပြည့်ဝတဲ့ စွမ်းဆောင်ရည်၊ ကောင်းမွန်တဲ့ စနစ်တွေနဲ့ under-display လက်ဗွေစနစ်တွေ အသုံးပြုထားတာက ဒီဖုန်းရဲ့ အားသာချက်ပဲဖြစ်ပါတယ်။

အားနည်းချက်

ပုံမှန်မြင်နေကျ ဖုန်းဒီဇိုင်းနဲ့ ကင်မရာမှာ OIS နည်းပညာမပါဝင်တာက ဒီဖုန်းရဲ့ အားနည်းချက်လို့ ဆိုရမှာ ဖြစ်ပါတယ်။

စွမ်းဆောင်ရည်

• Exynos 7904 (14 nm) CPU • Mali-G71 MP2 GPU
• 4GB RAM • 64GB; microSD, up to 1TB

ဒီဖုန်းမှာ Exynos 7904, 8 cores processor, Mali-G71 MP2, 4GB RAM တွေအသုံးပြုထားတာဖြစ်ပြီး PUBG အပါအဝင် အခြား ဂိမ်းကစားတာတွေကို ဖုန်းကိုယ်ထည် ပူနွေးမှုမရှိဘဲ ကစားနိုင်တာက ကျေနပ်စရာပါ။ စွမ်းဆောင်ရည်ပိုင်းက ပြည့်ဝမှုရှိပေမယ့် 64GB ပမာဏက မနည်း မများတဲ့ ပမာဏလို့ ပြောရမှာပါ။ microSD ကတော့ 1TB (1000GB) အထိ ထပ်မံတိုးမြှင့်အသုံးပြုနိုင်မှာပါ။ Android 9 အခြေခံထားတဲ့ Samsung ရဲ့ One UI 1.5 ကို ထည့်သွင်းထားပြီး အသုံးပြုရတဲ့ interface ပိုင်းက အသုံးပြုရတာ အနည်းငယ် နှေးတယ်လို့ ခံစားရပါတယ်။

ဒီဇိုင်းနဲ့ မျက်နှာပြင်

• Waterdrop selfie camera • Curved edges
• Triple-camera system • 6.4-inch Super AMOLED display
• 720 x 1560 pixels resolution • 19.5:9 aspect ratio
• Optical in-display fingerprint sensor • 169g

ကိုယ်ထည်ဒီဇိုင်းက ဆွဲဆောင်မှုရှိပေမယ့် ထူးထူးခြားခြား အသစ်အဆန်းဖြစ်တယ်လို့တော့ မခံစားရဘူး။ ကျောဘက်ကာဗာမှာပါတဲ့ pattern ပုံစံက လှပပြီး အရောင်အသွေးအရ ဆွဲဆောင်မှုရှိတယ်ဆိုရမှာပါ။ ရှေ့မျက်နှာပြင်မှာ ရေစက်ပုံစံ notch ပါဝင်ပြီး ဖုန်းရဲ့ အောက်ဘက် မျက်နှာပြင်ကတော့ မကြီးမသေးပါ။ ညာဘက်ဘောင်ထဲမှာ ပါဝါနဲ့ အသံအတိုးအကျယ ခလုတ်တွေ တပ်ဆင်ထားပြီး အောက်ဘက်ဘောင်ထဲမှာ နားကြပ်ပေါက်၊ စပီကာနဲ့ USB အားသွင်းပေါက်တွေရှိမှာ ဖြစ်ပါတယ်။ ဘယ်ဘက်ဘောင်ရဲ့ အပေါ်ဘက် ထိပ်နားမှာ SIM ကတ်ပေါက်ရှိပြီး နာနို SIM ကတ်နှစ်ကတ် ထည့်သွင်းနိုင်မယ့်အပြင် microSD ကတ်ပါ ထည့်သွင်း အသုံးပြုနိုင်မှာက သဘောကျစရာပါ။

မျက်နှာပြင်အရွယ်အစား ၆.၄ လက်မရှိတဲ့ Super AMOLED panel မျက်နှာပြင်က ရုပ်ထွက်အရည်အသွေး 1560×720 pixel အထိ ထောက်ပံ့ပေးနိုင်ပြီး တောက်ပမှုရှိသလို ကာလာပိုင်းကလည်း စိုပြည်ကောင်းမွန်မှုရှိပါတယ်။ ဖုန်းကိုယ်ထည်မှာ Touch panel ပါဝင်မှု screen-to-body ratio က ၈၄.၉ ရာခိုင်နှုန်း ရှိပြီး ၂၀၈ ဂရမ် အလေးချိန်က ၆.၄ လက်မခွဲ အရွယ်အစား မြင်ကွင်းကျယ်ဖုန်းအတွက် ကိုင်ရတာ လေးတယ်လို့မခံစားရသလို ဖုန်းကိုယ်ထည်က လက်တစ်ဖတ်တည်းနဲ့ ကိုင်တွယ်အသုံးပြုနိုင်တာကလည်း ကျေနပ်စရာပါ။ သူ့မှာထည့်သွင်းထားတဲ့ In-display လက်ဗွေစနစ်ကလည်း မြန်ဆန်မှုရှိသလို မျက်နှာပြင်နဲ့ ဖုန်း screen ကို unlock လုပ်နိုင်တဲ့ face recognition စနစ်လည်း ထောက်ပံ့ပါဝင်ပါသေးတယ်။

ကင်မရာ

• Standard: 25MP, f/1.7, PDAF • Ultrawide: 8MP, f/2.2
• Depth: 5MP, f/2.2 • Waterdrop selfie camera: 16MP, f/2.0 (wide)

ကင်မရာစနစ်မှာတော့ PDAF နည်းပညာထောက်ပံ့ပါဝင်တဲ့ Aperture f/1.7 ရှိတဲ့ 25MP ကင်မရာ၊ 8MP Ultra-wide ကင်မရာနဲ့ 5MP depth sensor ကင်မရာ စုစုပေါင်း ကင်မရာသုံးလုံး ကျောဘက်မှာ တပ်ဆင်ထားပြီး ကောင်းမွန်တဲ့ ကာလာအရည်အသွေး၊ ကြည်လင်ပြတ်သားမှုရှိတဲ့ ဓာတ်ပုံတွေကို ရိုက်ကူးနိုင်သလို မြင်ကွင်းကျယ်ဓာတ်ပုံတွေကို ရိုက်ကူးနိုင်ပေမယ့် ညပိုင်း အလင်းအားနည်းတဲ့ အနေအထားမျိုးမှာ ရိုက်ကူးမှုကတော့ ဒီထက်ပိုကောင်းမယ်ဆိုရင်တော့ တော်တော်လေး ကျေနပ်စရာကောင်းမယ်လို့ မြင်ပါတယ်။ Instagram influencers တွေအကြိုက်ဖြစ်မယ် Food, panorama, Pros, Live focus, Slow-mo စတဲ့ လုပ်ဆောင်ချက်တွေ အသုံးပြုရိုက်ကူးမှုအတွက် တော်တော်လေး ကောင်းမွန်ပါတယ်။ ရှေ့ဘက် 16MP selfie ကင်မရာကလည်း မြင်ကွင်းကျယ်အမျိုးအစား ဖြစ်တဲ့အတွက် အဖွဲ့လိုက်ဓာတ်ပုံတွေကို အလွယ်တကူ ရိုက်ကူးနိုင်မှာဖြစ်တဲ့အပြင် ရှေ့ကင်မရာစနစ်မှာ ပါဝင်တဲ့ Live focus စနစ်ကလည်း မြန်ဆန်ကောင်းမွန်မှုရှိသလို selfimoji နဲ့ Animate မျက်နှာဖုံးလေးတွေ တပ်ကာလည်း ရိုက်ကးနိုင်တာက Samsung ရဲ့ flag-ship ဖုန်းတစ်လုံးကို သုံးရတယ်လို့ ခံစားရမှာပါ။

ဘက်ထရီ

• 4000mAh • 15W charging
• USB-C, USB On-The-GO

ဒီဖုန်းမှာ 4000mAh ပမာဏ ဘက်ထရီကို ထည့်သွင်းထားတဲ့အပြင် အားသွင်းမြန်ဆန်တဲ့ 15W အမျိုးအစား အသုံးပြုထားပြီး တကယ့်ကို မြန်ဆန်မှုရှိပါတယ်။ မိမိအနေနဲ့ ဂိမ်းအရမ်းမဆော့ဘူးဆိုရင်တော့ ပုံမှန်အသုံးပြုမှုအတွက် ဘက်ထရီက နှစ်ရက်လောက် ခံနိုင်ရည်ရှိပါတယ်။

သုံးသပ်ချက်

Samsung Galaxy A30s မှာ အသုံးပြုထားတဲ့ ဟာ့ဒ်ဝဲစနစ်က ပေးရတဲ့ ဈေးနဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့ သုံးရတာ တန်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဒီဇိုင်းပိုင်းကောင်းမွန်သလို under-display လက်ဗွေစနစ်၊ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်၊ ကင်မရာစနစ်တွေအပြင် ဘက်ထရီနဲ့ အချိန်ကြာကြာအသုံးပြုနိုင်တာတွေက သဘောကျစရာပါ။ ကင်မရာစနစ်က နေ့ပိုင်း ရိုက်ကူးမှုအတွက် ကောင်းမွန်ပေမယ့် ညပိုင်းရိုက်ကူးမှုပိုင်းမှာ အနည်းငယ် အားနည်းပြီး ကင်မရာစနစ်အတွက် OIS နည်းပညာ ထောက်ပံ့ပါ၀င်မှုမရှိတာလွဲရင် Samsung ရဲ့ Flagship လုပ်ဆောင်ချက်တွေ ထောက်ပံ့ပါဝင်တဲ့ Galaxy A30s ဖုန်းက Mid-range အမျိုးအစား စမတ်ဖုန်း ကိုင်ချင်သူတွေကို အထူးဆွဲဆောင်နိုင်တဲ့ ဖုန်းတစ်လုံးလို့ ဆိုရမှာဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း

Display 4
Performance 3.5
Camera 4
Battery 3.5
Hand On 4
Over All 4