Samsung Galaxy A12 နှင့် Galaxy A02s စမတ်ဖုန်းအသစ်များကို မြန်မာနိုင်ငံဈေးကွက်သို့ စတင်မိတ်ဆက်

Samsung Electronics မှ Galaxy A12 နဲ့ Galaxy A02s စမတ်ဖုန်းတွေကို မြန်မာနိုင်ငံဈေးကွက်သို့ မိတ်ဆက်ခဲ့ပါတယ်။

“Galaxy A Series မိသားစုဝင် စမတ်ဖုန်းတွေရဲ့ အစဉ်အလာအတိုင်းပဲ အခုမိတ်ဆက်ပေးခဲ့တဲ့ Galaxy A12 နဲ့ Galaxy A02s စမတ်ဖုန်း ၂ မျိုးစလုံးကနေတစ်ဆင့် သုံးစွဲသူတွေအတွက် အံ့အားသင့်ဖွယ်ရာ တီထွင်ဆန်းသစ်မှု အရှိဆုံး လုပ်ဆောင်ချက်တွေကို သင့်တင့်မျှတမှု အရှိဆုံး နှုန်းထားတွေနဲ့ ပေးအပ်သွားနိုင်ဖို့ ကျွန်တော်တို့ ဆောင်ရွက်ထားပါတယ်။ ဖျော်ဖြေရေးအသားပေး စမတ်ဖုန်းတွေ ဖြစ်တာနဲ့အညီ စမတ်ဖုန်း ၂ မျိုးစလုံးမှာ ကြီးမားကျယ်ပြန့်တဲ့ မျက်နှာပြင်နဲ့ ကြာရှည်ခံ ဘက်ထရီတွေကို ထည့်သွင်းပေးထားတဲ့အတွက် ဗီဒီယိုနဲ့ ဖျော်ဖြေရေး အစီအစဉ်တွေကို ကြည့်ရှုရာမှာဖြစ်စေ၊ ဂိမ်းကစားရာမှာဖြစ်စေ နာရီပေါင်းများစွာ ကြာမြင့်စွာ အနှောင့်အယှက်မရှိ လုပ်ဆောင်သွားနိုင်မှာ ဖြစ်ပါတယ်။ဒါ့အပြင် အနီးကပ်ပုံရိပ်တွေနဲ့ ရှုခင်းပုံရိပ်တွေကို ရိုက်ကူးတာပဲ ဖြစ်ဖြစ်၊ bokeh effects ကို အသုံးပြုပြီး လှပကျော့ရှင်းတဲ့ ပုံရိပ်တွေကို ရိုက်ကူးတာပဲ ဖြစ်ဖြစ် အချိန်နဲ့ တစ်ပြေးညီ အခိုက်အတန့်တွေကို လက်မလွတ်တမ်း ရိုက်ကူးဖမ်းယူနိုင်ဖို့အတွက် Galaxy A12 နဲ့ Galaxy A02s စမတ်ဖုန်းတွေမှာ စွမ်းဆောင်ရည်မြင့် ကင်မရာတွေကိုလည်း ထည့်သွင်းပေး ထားပါတယ်” လို့ Samsung Myanmar ၏ Head of Business Group ဖြစ်သူ ကိုဇာနည်ဝင်းထက်က ပြောကြားခဲ့ပါတယ်။

Galaxy A12 စမတ်ဖုန်းတွေကို မြန်မာနိုင်ငံဈေးကွက်မှာ ဇန်နဝါရီ ၈ ရက်မှ စတင်ပြီး 4/128 GB အမျိုးအစားကို ၂၄၉,၀၀၀ ကျပ်၊ 6/128 GB အမျိုးအစားကို ၂၇၉,၀၀၀ ကျပ်နဲ့ ဝယ်ယူနိုင်မှာဖြစ်ပြီး အပြာရောင်၊ အဖြူရောင်နဲ့ အနက်ရောင်ထဲမှ နှစ်သက်ရာအရောင်ကို ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ Galaxy A02s စမတ်ဖုန်းကိုလည်း ဇန်နဝါရီ ၁၆ ရက်မှ စတင်ကာ ၁၈၉,၀၀၀ ကျပ်နဲ့ ဝယ်ယူနိုင်မှာဖြစ်ပြီး အပြာရောင်၊ အဖြူရောင်နဲ့ အနက်ရောင် အရောင် ၃ မျိုးထဲမှ နှစ်သက်ရာအရောင်ကို ရွေးချယ်ဝယ်ယူသွားနိုင်မှာဖြစ်ပါတယ်။

Galaxy A12 စမတ်ဖုန်း ဝယ်ယူသူတွေအနေနဲ့ 6 GB Mytel အင်တာနက် အစီအစဉ်၊ Mytel နံပါတ်အချင်းချင်း မိနစ် ၆၀၀ အခမဲ့ ဖုန်းခေါ်ဆိုနိုင်မယ့် အစီအစဉ် (တစ်ကြိမ်သာ ခံစားခွင့်ရှိမည် ဖြစ်ပြီး ရက် ၆၀ အတွင်း အသုံးပြုသွားနိုင်မည်)၊ Galaxy A02s စမတ်ဖုန်း ဝယ်ယူသူတွေကို 4 GB Mytel အင်တာနက်အစီအစဉ်နဲ့ Mytel နံပါတ်အချင်းချင်း မိနစ် ၄၀၀ အခမဲ့ ဖုန်းခေါ်ဆိုနိုင်မယ့်အစီအစဉ် (တစ်ကြိမ်သာ ခံစားခွင့်ရှိမည် ဖြစ်ပြီး ရက် ၆၀ အတွင်း အသုံးပြုသွားနိုင်မည်) တွေကို ရရှိခံစားနိုင်မှာဖြစ်ပြီး ဇွန် ၃၀ ရက် နောက်ဆုံးထားကာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Galaxy A12 နဲ့ Galaxy A02s စမတ်ဖုန်း ဝယ်ယူအားပေးသူတွေကို No Worry Crack ဝန်ဆောင်မှုကိုလည်း ပေးအပ်ထားပြီး အဆိုပါ ဝန်ဆောင်မှုအရ ဝယ်ယူသည့်နေ့မှစ၍ ဒီဇင်ဘာ ၃၁ ရက်အထိ မတော်တဆ ဖြစ်ရပ်များကြောင့် ဖုန်းမျက်နှာပြင် အရှေ့ ထိခိုက်ပျက်စီးခြင်းအတွက် ပြန်လည် ပြုပြင်ရာမှာ ၅၀ ရာခိုင်နှုန်း လျှော့ဈေးနဲ့ မှန်လဲလှယ်ခွင့် တစ်ကြိမ်ကို ရရှိခံစားနိုင်မှာဖြစ်ပါတယ်။

-အောင်သူ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««