
ဈေးနှုန်း – ၁၈၉,၀၀၀ ကျပ် (3/32GB)
အားသာချက်
Entry-level ဖုန်းဖြစ်ပေမယ့် ဒီဖုန်းမှာ Samsung က Android 10 အခြေခံထားတဲ့ သူရဲ့ One UI ကို သုံးထားတာ နှစ်သက်စရာကောင်းသလို အသုံးဝင်တဲ့ pre-installed app တွေကို ထည့်သွင်းပေးထားပါသေးတယ်။
နောက်တစ်ခု USB Type-C အားသွင်းစနစ်ကို အသုံးပြုထားတာနဲ့ ကင်မရာပိုင်းက Entry-level ဖုန်းအတွက် ကောင်းမွန်တာတွေက ဒီဖုန်းရဲ့ အားသာချက်ပါ။
အားနည်းချက်
ကျောဘက်ကာဗာ အနေနဲ့ အသုံးပြုထားတဲ့ ပလတ်စတစ်က ကိုင်ရတာ ချောမွေ့မှုရှိပေမယ့် လက်ရာထင်တာနဲ့ အလွယ်တကူ ညစ်ပတ်နိုင်တယ်လို့ ခံစားရတာ၊ OTG စနစ် မပါဝင်တာနဲ့ ကင်မရာစနစ်က ပြိုင်ဘက်မော်ဒယ်တွေနဲ့ ယှဉ်ရင် သိပ်အားမရဘူးလို့ ခံစားရတာတွေက ဒီဖုန်းရဲ့ အားနည်းချက်ပါ။
စွမ်းဆောင်ရည်
|
|
|
|
|
|
Galaxy A11 မှာ Snapdragon 450 SoC ကို သုံးထားပြီး ဂရပ်ဖစ်အနေနဲ့ Adreno 506 GPU စနစ်ကို သုံးထားပါတယ်။ RAM 3GB နဲ့ အချက်အလက်သိုလှောင်နိုင်မှုကတော့ 32GB ပါဝင်ပါတယ်။ ဒီဖုန်းရဲ့ chipset က V20 SE ရဲ့ GeekBen (multi-core) ရမှတ် ၁၅၉၆၊AnTuTu ရမှတ် 97988 တွေက entry-level ဖုန်းတစ်လုံးအတွက် ကျေနပ်စရာလို့ ပြောလို့ရပေမယ့် ဈေးနှုန်းတူ ပြိုင်ဘက်မော်ဒယ်တွေနဲ့ နှိုင်းယှဉ်မယ် ဆိုရင်တော့ နိမ့်တယ်လို့ဆိုရမှာပါ။ ဖုန်းရဲ့အောက်ဘက်ဘောင်ထဲက စပီကာအသံထွက်ပိုင်းကလည်း ကျယ်လောင် ကောင်းမွန်မှုရှိပြီး ဒီဖုန်းက ဘတ်ဂျက်ဖုန်းတစ်လုံး အနေနဲ့ မာတီမီဒီယာပိုင်း အသုံးပြုဖို့အတွက် အဆင်ပြေလှသလို နေ့စဉ်ဖုန်းသုံးတာမျိုးနဲ့ သာမန်အွန်လိုင်းဂိမ်းကစားဖို့အတွက်လည်း မြန်ဆန်တယ်လို့ ဆိုရမှာပါ။ Android 10 အခြေခံ One UI 2.1 ကို အသုံးပြုထားတဲ့ flaghips Galaxy ဖုန်းတွေ သုံးရသလို ခံစားမှုနဲ့ သုံးနိုင်မှာဖြစ်ပါတယ်။ လက်ဗွေစနစ်နဲ့ Face unlock စနစ်တွေက မြန်ဆန်မှုရှိသလို တိကျမှုလည်းရှိတာ ကျေနပ်စရာပါ။
ဒီဇိုင်းနဲ့ မျက်နှာပြင်
|
|
|
|
|
|
Samsung ဘတ်ဂျက်ဖုန်းဖြစ်တဲ့ Galaxy A11 ရဲ့ ကိုယ်ထည်က ပလတ်စတစ် ဖြစ်သလို နောက်ဘက်ကာဗာကလည်း ပလတ်စတစ် ဖြစ်ပြီး ကိုင်ရတာ ချောမွေ့ကောင်းမွန်အောင် ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ matte coating မဟုတ်တဲ့အတွက် ကျောဘက်ကာဗာက အလွယ်တကူ လက်ရာထင်ပြီး ညစ်ပိုင်းနိုင်တယ်လို့ ဆိုရမှာပါ။ ကိုင်ရတာ ပါးလွှာပြီး ပေါ့ပါးမှုလည်း ရှိပါတယ်။ ကျောဘက်ကင်မရာ သုံးလုံးကို ဒေါင်လိုက်အနေနဲ့ ထည့်သွင်းထားပြီး ရှေ့ဘက်ကင်မရာကိုတော့ hole-punch ဒီဇိုင်းပုံစံနဲ့ ထည့်သွင်းထားတာ entry-level ဘတ်ဂျက်ဖုန်းတစ်လုံး အတွက် သဘောကျစရာပါ။ ဖုန်းရဲ့ညာဘက်ဘောင်ထဲက အသံအတိုးအကျယ်ခလုတ်၊ ပါဝါခလုတ်နဲ့ SIM ကတ်ပေါက်ကတော့ ဘယ်ဘက်ဘောင်ထဲမှာ ထည့်သွင်းထားတာ ဖြစ်ပြီး နားကြပ်ပေါက်ကတော့ အပေါ်ဘက်ဘောင်ထဲမှာ ထည့်သွင်းထားတာ ဖြစ်ပါတယ်။ လက်ဗွေစနစ်ကတော့ ကျောဘက်ကာဗာမှာထည်သွင်းထားတာ ဖြစ်ပြီး ၁၇၇ ဂရမ် အလေးချိန်က လက်ထဲမှာကိုင်ရတာ ပေါ့ပါးမှုရှိပါတယ်။
ဒီဖုန်းရဲ့ ၆.၄ လက်မရှိတဲ့ PLS IPS Display က ရုပ်ထွက်အရည်အသွေး 720×1560 pixel အထိ ထောက်ပံ့ပေးနိုင်ပါတယ်။ ဖုန်းကိုယ်ထည်မှာ မြင်ကွင်းပါဝင်မှုက ၈၁.၆ ရာခိုင်နှုန်း ရှိပါတယ်။ Screen ရဲ့ pixel densiy က 268 ppi ရှိပြီး Screen က တောက်ပမှုရှိသလို ကာလာပိုင်းစိုပြည်မှုရှိတာ နှစ်ခြိုက်စရာပါ။
ကင်မရာ
|
|
|
|
|
|
Samsung Galaxy A11 ရဲ့ ကျောဘက်မှာ Ultra-wide ကင်မရာ၊ wide အဓိက ကင်မရာနဲ့ နောက်ခံဝါးဝါးနဲ့ရိုက်နိုင်ဖို့ အတွက် depth ကင်မရာတွေ တပ်ဆင်ထားတာဖြစ်ပြီး အဓိက ကင်မရာက aperture f/1.8 ရှိတဲ့ 13MP အမျိုးအစားကို ထည့်သွင်းထားတာက ဘတ်ဂျက်ဖုန်းတစ်လုံး အတွက် ကျေနပ်စရာပါ။ ဒီဖုန်းရဲ့ 5MP မြင်ကွင်းကျယ်ကင်မရာ ၁၁၅ ဒီဂရီ မြင်ကွင်းကျယ် ဓာတ်ပုံတွေကို ရိုက်ကူးနိုင်မှာဖြစ်ပြီး bokeh ကင်မရာကတော့ 2MP အမျိုးအစား ဖြစ်ပါတယ်။ အလင်းရောင်ကောင်းမွန်တဲ့ နေ့ဘက်ပိုင်း ရိုက်ကူးမှုက ကာလာပိုင်းစိုပြည်ကောင်းမွန်မှု ရှိသလို အလင်းအားနည်းတဲ့ အခြေအနေမျိုး ရိုက်ကူးမှုကလည်း ဘတ်ဂျက်ဖုန်းတစ်လုံး အတွက်တော့ ကောင်းမွန်မှုရှိတာက ကျေနပ်စရာပါ။
ရှေ့ဘက် 8MP selfie ကင်မရာက aperture f/2.0 ရှိတဲ့ wide အမျိုးအစားဖြစ်ပြီး ရုပ်ထွက်ပိုင်း ကောင်းမွန်မှုရှိပါတယ်။ ရှေ့ကင်မရာစနစ်တွေနဲ့နဲ့ 1080p အရည်အသွေးဗီဒီယိုကို 30fps ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။
ဘက်ထရီ
|
|
|
ဒီဖုန်းမှာ 4000mAh ပမာဏ ဘက်ထရီကို ထည့်သွင်းထားပြီး အားသွင်းခေါင်းက USB Type-C အမျိုးအစား ဖြစ်ပါတယ်။ ဘတ်ဂျက်ဖုန်းတချို့ရဲ့ အားသွင်းစနစ်က microUSB ကို သုံးနေကြသေးပေမယ့် ဒီဖုန်းမှာ Type-C ကို သုံးပေးထားတာက ပြိုင်ဘက်တွေထက် အားသာချက်တစ်ခုလို့ မြင်ပါတယ်။ ဘက်ထရီနဲ့ ပုံမှန်ဖုန်းသုံးတာကို ၂ ရက်လောက်သုံးနိုင်မှာ ဖြစ်ပြီး ဘက်ထရီစနစ်အတွက် ၁၅ ဝပ် fast charging နည်းပညာလည်း ထောက်ပံ့ပါဝင်ပါတယ်။
သုံးသပ်ချက်
အရင်ထွက်ခဲ့သမျှ Samsung ရဲ့ Galaxy A စီးရီးတွေလိုပဲ Galaxy A11 က အရည်အသွေးပိုင်း ကောင်းမွန်မှုရှိတယ်လို့ ဆိုရမှာပါ။ Samsung ရဲ့ high-end ဖုန်းနဲ့ အလယ်အလတ်ဖုန်းတွေကို သုံးရသလိုမျိုး ခံစားမှုနဲ့ သုံးနိုင်အောင် ဖန်တီးထားတဲ့ ဒီဖုန်းက USB Type-C နဲ့ selfie ကင်မရာက hole-punch ဒီဇိုင်းနဲ့ ထုတ်ထားတာက ဘတ်ဂျက်ဖုန်းသုံးနေတယ်လို့ ခံစားရမှာမဟုတ်တာ သဘောကျစရာပါ။ နောက်တစ်ခုက Samsung ရဲ့ One UI ကို ထည့်ပေးထားတာနဲ့ အသုံးဝင်တဲ့ app တွေ ထည့်ပေးထားတာတွေက သုံးရတာ ကျေနပ်စရာပါ။ ကင်မရာစနစ်က ဘတ်ဂျက်ဖုန်းအတွက် အဆင်ပြေကောင်းမွန်တယ် ဆိုပေမယ့် ဒီဈေးနဲ့ဆို ဒီဖုန်းထက် ကင်မရာပိုင်းပိုကောင်းတဲ့ ဖုန်းကို ရရှိနိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ သင့်အနေနဲ့ ကျပ်နှစ်သိန်းအောက် ဒီဇိုင်းလှပပြီး Samsung flagship ဖုန်းတစ်လုံးလို သုံးနိုင်တဲ့ ဘတ်ဂျက်ဖုန်းကို သုံးချင်တယ်ဆိုရင်တော့ Galaxy A11 က ရွေးချယ်သင့်တဲ့ ဖုန်းတစ်လုံးပဲ ဖြစ်ပါတယ်။
-ရဲထွဋ်ဝင်း
»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««