Samsung Galaxy A01

Price – 179,000 Ks (2GB/16GB)

အားသာချက်

ကျစ်လျစ်ပြီး ခေတ်မီတဲ့ ကိုယ်ထည်ဒီဇိုင်း၊ entry-level ဖုန်းဖြစ်ပေမယ့် Android 10 အခြေခံထားတဲ့ One UI 2 ကိုသုံးပေးထားတာတွေက ဒီဖုန်းရဲ့ အားသာချက်လို့ပြောရမှာပါ။

အားနည်းချက်

Engry-level ဖုန်းအတွက် RAM 2GB က လက်ခံလို့ရပေမယ့် ပေးရတဲ့ဈေးနဲ့ဆိုရင်တော့ သိုလှောင်နိုင်မှုပမာဏ 16GB ပဲ ပါတာက နည်းတယ်လို့ ခံစားရပါတယ်။

စွမ်းဆောင်ရည်

·Qualcomm Snapdragon 439 (12 nm) CPU ·Adreno 505 GPU
·2GB RAM ·16GB; microSD up to 512GB

Qualcomm Snapdragon 439 ကို သုံးထားပြီး RAM 2GB နဲ့ အချက်အလက်သိုလှောင်နိုင်မှုကတော့ 16GB ရှိတဲ့အပြင် microSD ကနေ 512GB ထိ ထပ်မံ တိုးမြှင့် အသုံးပြုနိုင်တာကလည်း နှစ်ခြိုက်စရာပါ။ ဒီဖုန်းက ဂိမ်းကစားဖို့အတွက် မဟုတ်ပေမယ့် နေ့စဉ်အသုံးပြုမှုအတွက် မြန်ဆန်တဲ့ ခံစားချက်နဲ့အသုံးရမှာဖြစ်ပြီး Android 10 အခြေခံထားတဲ့ One UI 2 က ရှင်းလင်းလွယ်ကူမှုကို ခံစားရမှာဖြစ်ပါတယ်။ ဒီဖုန်းမှာ dark theme လုပ်ဆောင်ချက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ဒီဇိုင်းနဲ့ မျက်နှာပြင်

·Dewdrop Camera Design ·5.7 inch PLS TFT LCD display
·2.5D Curved Glass front, Plastic back ·19:9 aspect ratio (301 ppi density)
·149g

Galaxy A01 ဖုန်းရဲ့ ရှေ့မျက်နှာပြင်က Dewdrop notch ပါဝင်တဲ့ ပုံစံဖြစ်ပြီး ရှေမျက်နှာပြင်ကို ဖန်သားနဲ့ဖုံးအုပ်ပေးထားပြီး ကျောဘက်နဲ့ ကိုယ်ထည်ကတော့ ပလတ်စတစ်ဖြစ်ပါတယ်။ ကျောဘက်မျက်နှာပြင်ရဲ့ ဘယ်ဘက်အပေါ်ထောင့်နားမှာ ကင်မရာနှစ်လုံးကို LED fash မီးနဲ့တွဲပြီး ဒေါင်လိုက်ပုံစံနဲ့ ထည့်သွင်းထားပါတယ်။ ညာဘက်ဘောင်မှာတော့ ပါဝါခလုတ်ကို SIM slot ပေါက် အောက်ဘက်နားမှာ တပ်ဆင်ထားပြီး အသံမတိုးမကျယ်ခလုတ်ကိုတော့ ဘယ်ဘက်ဘောင်ထဲမှာ တပ်ဆင်ထားပါတယ်။ ဖုန်းရဲ့ ထိပ်ဘက်ဘောင်ထဲမှာ နားကြပ်ပေါက်ကို တပ်ဆင်ထားပြီး အောက်ဘက်ဘောင်ထဲမှာတော့ အားသွင်းပေါက်နဲ့ စပီကာကို တပ်ဆင်ထားပါတယ်။

မျက်နှာပြင်အရွယ်အစားက ၅.၇ လက်မရှိတဲ့ PLS TFT LCD Display မျက်နှာပြင်ဖြစ်ပြီး ရုပ်ထွက်အရည်အသွေး 720×1560 pixel အထိ ထောက်ပံ့ပေးနိုင်ပါတယ်။ Screen ပိုင်းက တောက်ပမှုရှိသလို ကာလပိုင်းစိုပြည်မှုရှိပေမယ့် နေရောင်အောက်မှာ အသုံးပြုရတာတော့ အနည်းငယ် အားနည်းမှုရှိပါတယ်။ ဖုန်းကိုယ်ထည်မှာ Touch panel ပါဝင်မှု screen-to-body ratio က ၇၅.၁ ရာခိုင်နှုန်းရှိပြီး ၁၄၉ ဂရမ် အလေးချိန်က မပေါ့မလေးအဆင်ပြေလှသလို ကျစ်လျစ်ပြီး ပါးလွှာတဲ့ကိုယ်ထည်က လက်ထဲမှာ အံဝင်ခွင်ကျရှိလှပါတယ်။

ကင်မရာ

·Standard: 13MP (wide), f/2.2, AF ·2MP, f/2.4, (depth)
·Video : 1080p 30fps ·Selfie camera: 5MP, f/2.2

ကင်မရာနစ်က Entry-level ဖုန်းဖြစ်ပေမယ့် အရင်ကလို ကင်မရာက ရိုက်လို့ရတယ်ဆိုရုံလေး မဟုတ်တော့ဘဲ နောက်ခံဝါးဝါးနဲ့ Potrait ပုံတွေကိုပါ ကောင်းမွန်စွာရိုက်ကူးနိုင်တာ နှစ်သက်စရာပါ။ ကျောဘက်မှာ Aperture f/2.2 ရှိတဲ့ 13MP (Wide) ကင်မရာနဲ့ Aperture f/2.4 ရှိတဲ့ 2MP (depth) ကင်မရာနှစ်လုံးပါဝင်လာပြီး ကင်မရာစနစ်အတွက် AF စနစ်ထောက်ပံ့ပါဝင်ပါတယ်။ Indoor နဲ့ Outdoor ရိုက်ကူးမှုအတွက် အရည်အသွေးကောင်းမွန်တဲ့ ဓာတ်ပုံတွေကို ရိုက်ကူးနိုင်မှာဖြစ်ပြီး ရှေ့ဘက် selfie ကင်မရာကလည်း 5MP ဖြစ်ပေမယ့် ရုပ်ထွက်ပိုင်းက entry-level ဖုန်းတစ်လုံးအတွက် ကောင်းမွန်မှုရှိတယ်လို့ဆိုရမှာပါ။ ကျောဘက်ကင်မရာက 1080p ဗီဒီယိုတွေကို 30fps နဲ့ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။

ဘက်ထရီ

·3000mAh ·microUSB 2.0

3000mAh ဘက်ထရီက ပုံမှန် standby mode ကို ၇၂ နာရီကြာထားရှိနိုင်မှာဖြစ်ပြီး ဖုန်းခေါ်ဆိုမယ်ဆိုရင်တော့ နာရီ ၃၀ ခန့်အသုံးပြုနိုင်တာ ကျေနပ်စရာပါ။ ဘက်ထရီမှာ အားသွင်းမြန်တဲ့ fast charging စနစ် မပါဝင်တဲ့အတွက် အားသွင်းမယ်ဆိုရင်တော့ ၀-၁၀၀ ရာခိုင်နှုန်းကို ၂ နာရီ သို့မဟုတ် ၂ နာရီခွဲဝန်းကျင်လောက် ကြာမှာဖြစ်ပါတယ်။

သုံးသပ်ချက်

Samsung Galaxy A01 က စမတ်ဖုန်းကို စတင်အသုံးပြုချင်သူတွေအတွက် အထူးဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်း၊ OS နဲ့ ကိုင်ရတာ ကောင်းမွန်တဲ့ ခံစားချက်ကို အပြည့်အဝ ပေးစွမ်းနိုင်မယ့် ဖုန်းဖြစ်ပါတယ်။ Samsung ရဲ့ High-end နဲ့ Mid-range ဖုန်းတွေလိုမျိုး Android 10 အခြေခံထားတဲ့ One UI 2 ကလည်း စမတ်ဖုန်းသုံးတဲ့ ခံစားမှုကို ကောင်းမွန်စေမှာဖြစ်ပါတယ်။ သိုလှောင်မှုပမာဏနည်းတာက မိမိအနေနဲ့ SD ကတ်ကို ထပ်မံထည့်သွင်း အသုံးပြုနိုင်ပေမယ့် Display ပိုင်းက နေရောင်အောက်မှာ အသုံးပြုဖို့အတွက် အနည်းငယ် အားနည်းတာကလွဲရင် Screen တောက်ပမှုနဲ့ ကာလာပိုင်းကလည်း အဆင်ပြေမှုရှိပါတယ်။ ဖုန်းကို စတင်အသုံးပြုမယ့်သူတွေ၊ နောက်ဆုံးပေါ်ဒီဇိုင်းနဲ့ ဈေးသက်သာတဲ့ဖုန်းကို ကိုင်ချင်သူတွေနဲ့ entry-level ဖုန်းကို နောက်ဆုံးထွက် OS နဲ့ ကိုင်ချင်သူတွေအတွက် ဒီဖုန်းက ရွေးချယ်စရာတစ်ခုလို့ ဆိုချင်ပါတယ်။

Display
Performance
Camera
Battery
Hand On
Over All

-ရဲထွဋ်ဝင်း