Samsung A6+ စမတ်ဖုန်း ပြည်တွင်းဈေးကွက်တွင် ဝယ်ယူနိုင်မည်

[ Zawgyi ]

Samsung ရဲ့ A6+ မော်ဒယ်စမတ်ဖုန်းကို ပြည်တွင်းဈေးကွက်တွင် ဝယ်ယူနိုင်မှာဖြစ်တယ် လို့သိရပါတယ်။



-အောင်သက်ကို

==============

[ Unicode ]

Samsung A6+ စမတ်ဖုန်း ပြည်တွင်းစျေးကွက်တွင် ဝယ်ယူနိုင်မည်

==============

Samsung ရဲ့ A6+ မော်ဒယ်စမတ်ဖုန်းကို ပြည်တွင်းစျေးကွက်တွင် ဝယ်ယူနိုင်မှာဖြစ်တယ် လို့သိရပါတယ်။

မိတ်ဆက်ပွဲကို မေလ ၂၂ ရက်မှာပြုလုပ်ခဲ့ပါတယ်။ မျက်နှာပြင်အရွယ်အစား ၆ လက်မဖြစ်ပြီး Resolution 1080×2220 အထောက်အပံ့ပေးနိုင်တဲ့ Super AMOLED Display အမျိုးအစားဖြစ်ပါ တယ်။ အမြန်နှုန်း 1.8GHz ရှိတဲ့ Octa Core Cortex-A53 CPU အသုံးပြုထားကာ ဂရပ်ဖစ်စနစ်အတွက် Adreno 506 အထောက်အပံ့ပါဝင်ပါတယ်။ ဖုန်းတွင်းအချက်အလက် သိုလှောင်မှုပမာဏ 32GB ပါဝင်ကာ RAM အတွက် 3GB ပါဝင်ပါတယ်။ ကင်မရာပိုင်းအတွက် ကျောဘက် 16MP/f1.7 နဲ့ 5MP/f1.9 ကင်မရာနှစ်ခု ပါဝင်ပါတယ်။ Android OS 8.0 Oreo အသုံးပြုထားကာ Wifi, Bluetooth 4.2 စနစ် အထောက်အပံ့ပေးထားပါတယ်။ ရုပ်ရှင်ကြည့်ခြင်းနဲ့ သီချင်းနားထောင်တာအတွက် Dolby Atoms Audio အထောက်အပံ့ ပေးထားကာ ဘက်ထရီသိုလှောင်မှုကတော့ 3500mAh ဖြစ်ပါတယ်။

အနက်ရောင်၊ ရွှေရောင် နဲ့အပြာရောင် ရရှိနိုင်ကာ တန်ဖိုး ၄၉၉,၀၀၀ ကျပ်နဲ့ ပြည်တွင်းက Samsung Showroom တွေမှာ ဝယ်ယူနိုင်မှာဖြစ်ကြောင်း သိရပါတယ်။

-အောင်သက်ကို