Samsung ၏ Lifestyle TV အသစ်များတွင် Eco-Packaging အား စတင်အသုံးပြုသွားမည်

Samsung Electronics မှ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို လျှော့ချပေးနိုင်ရန်အတွက် ၎င်းတို့ရဲ့ Lifestyle TV အသစ်တွေမှာ Eco-Packaging ပတ်ဝန်းကျင်နဲ့ ကိုက်ညီတဲ့ ထုပ်ပိုးမှုပုံစံသစ်တစ်မျိုးကို အသုံးပြုသွားမယ်လို့ သိရပါတယ်။ သဘာဝပတ်ဝန်းကျင်အတွက် သင့်တော်တဲ့ ကတ်ထူအလွှာထပ်တွေနဲ့ ဖန်တီးထားတဲ့ ထုပ်ပိုးမှုပုံစံသစ်ကို Serif , The Frame နဲ့ The Sero မော်ဒယ်အသစ်များမှာ အသုံးပြုသွားမှာဖြစ်ပြီး ဝယ်ယူအသုံးပြုသူတွေအနေနဲ့ ထုပ်ပိုးတဲ့ပုံးတွေကို ပြန်လည်အသုံးပြုနိုင်မယ့်အပြင် အခြားသော စိတ်ဝင်စားစရာ သုံးစွဲပုံအမျိုးမျိုးကိုလည်း ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်နဲ့ကိုက်ညီတဲ့ အလွှာထပ်ပါ ကတ်ထူပုံးတွေရဲ့ တစ်ဖက်တစ်ချက်စီမှာ dot matrix ဒီဇိုင်းကို ရိုက်နှိပ်ပေးထားပြီး အသုံးပြုသူတွေအနေနဲ့ ကတ်ထူပုံးတွေကို အလွယ်တကူ ဖြတ်တောက်နိုင်ကာ စားပွဲခုံငယ်များ၊ အိမ်မွေးတိရစ္ဆာန်လေးများအတွက် နေအိမ်များ အစရှိတဲ့ လူသုံးကုန်ပစ္စည်းများ ဖန်တီးကာ ပြန်လည် အသုံးပြုနိုင်မှာပါ။

eco- friendly ကတ်ထူပုံးများဖြင့် လူသုံးကုန်ပစ္စည်း ပြုလုပ်နည်း လမ်းညွှန်ကိုလည်း ပုံးပေါ်မှ QR code ကို scan ဖတ်ခြင်းဖြင့် ရယူနိုင်မှာဖြစ်ပြီး TV တစ်ဝိုက်မှာ စင်နဲ့ ပရိဘောဂတွေကို ထားလေ့ရှိတဲ့ The Serif တီဗီပိုင်ရှင်တွေ အနေနဲ့ ကြောင်အတွက်အိမ်များ၊ မဂ္ဂဇင်းထားရန်စင်၊ remote control အပါအဝင် အီလက်ထရောနစ်ပစ္စည်းများ ထားရှိရန်နေရာတွေကို ကတ်ထူပုံးတွေနဲ့ ဆောက်လုပ်နိုင်မှာဖြစ်ပါတယ်။

“သုံးစွဲသူတွေက သူတို့သတ်မှတ်ထားတဲ့ စံနှုန်းတွေကို တန်ဖိုးထားလုပ်ဆောင်တတ်တဲ့ ကုမ္ပဏီတွေ အမှတ်တံဆိပ်တွေဆီက ကုန်ပစ္စည်းတွေကို ဝယ်ယူကြတယ်ဆိုတာ ကျွန်တော်တို့သိပါတယ်။ ကျွန်တော်တို့ရဲ့ eco-packaging နည်းပညာက ကျွန်တော်တို့ရဲ့ ဝယ်ယူသုံးစွဲ သူတွေအနေနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကို တစ်ဖက်တစ်လမ်းက ကူညီလျှော့ချပေးနိုင်တယ် ဆိုတဲ့ အတွေ့အကြုံအသစ်နဲ့ ကိုယ်နေထိုင်တဲ့ သဘာဝပတ်ဝန်းကျင် အကျိုးပြုမှုကို ကိုယ်တိုင် ခံစားရစေနိုင်မှာဖြစ်ပါတယ်” လို့ Samsung Myanmar ရဲ့ Head of Business Group ဖြစ်သူကို ဇာနည်ဝင်းထက်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၀ ခုနှစ် ဒုတိယနှစ်ဝက်လောက်မှာ The Serif TV အမျိုးအစားကို စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။

-သန္တာ

Facebook မှာ နောက်ဆုံးရ နိုင်ငံတကာနဲ့ ပြည်တွင်းက နည်းပညာသတင်းတွေ၊ ပညာရေးသတင်းတွေ ဖတ်ချင်ရင် https://www.facebook.com/InternetJournal ကို like လုပ်ထားဖို့တော့ လိုမယ်နော်…