Samsung ဥက္ကဋ္ဌ လီကွမ်ဟီ ကွယ်လွန်

Samsung Electronics ကတော့ ကုမ္ပဏီဥက္ကဋ္ဌ လီကွမ်ဟီ ကွယ်လွန်သွားတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ လီကွမ်ဟီဟာ ကွယ်လွန်ချိန်မှာ သားဖြစ်သူ ဒုဥက္ကဋ္ဌလီဂျေးယန်း အပါအဝင် မိသားစုဝင်တွေနဲ့ အတူရှိခဲ့ပါတယ်။ အသက် ၇၈ နှစ်မှာ ကွယ်လွန်သွားပါတယ်။

လီကွမ်ဟီ သေဆုံးရတဲ့ အကြောင်းအရင်းကို မထုတ်ပြန်ခဲ့ပါဘူး။ ဒါပေမဲ့ ၂၀၁၄ ခုနှစ်မှာ လီဟာ နှလုံးရောဂါ ခံစားခဲ့ရတာကြောင့် မသန်စွမ်းဖြစ်ခဲ့ရပြီး လူမြင်ကွင်းကနေ ပျောက်ကွယ်နေပါတယ်။ လီဂျေးယန်းကတော့ ဖခင်နေရာကို ဆက်ခံခဲ့ပြီး နှစ်အနည်းငယ်အတွင်း လုပ်ငန်းကို အုပ်ချုပ်နေတဲ့ ခေါင်းဆောင်ဖြစ်ပါတယ်။

လီကွမ်ဟီဟာ တီဗီနဲ့ အိမ်သုံးပစ္စည်း အပေါစား ရောင်းချတဲ့ ကုမ္ပဏီကနေ ကမ္ဘာပေါ်က အင်အားအကြီးဆုံး အမှတ်တံဆိပ်ဖြစ်အောင် Samsung ကိုပြုလုပ်မှုမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပြီး အငြင်းပွားဖွယ်ရာပုဂ္ဂိုလ် ဖြစ်ပါတယ်။ သူဟာ တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး လူတစ်ဦး ဖြစ်လာပါတယ်။ Samsung အုပ်စုဟာ တောင်ကိုရီးယားနိုင်ငံရဲ့ အသားတင်ထုတ်လုပ်မှု ၅ ရာခိုင်နှုန်း ရှိပါတယ်။

-စိုးထက်
Ref: TheVerge

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««