Samsung ရဲ႕ wireless pad သစ္က Note 9 နဲ႔ Galaxy Watch ကို အားသြင္းေပးႏိုင္မည္

[ Zawgyi ]

ၾသဂုတ္လ ၉ ရက္မွာ Samsung အေနနဲ႔ Galaxy Note 9 အျပင္ Galaxy Watch ကိုလည္း မိတ္ဆက္ဖြယ္ရွိပါတယ္။ အခုဆိုရင္ Samsung ရဲ႕ထုတ္ကုန္သစ္ ႏွစ္မ်ိဳးစလုံးကုိ ႀကိဳးမဲ့ အားသြင္းႏုိင္တဲ့ Wireless Charger Duo pad နဲ႔ပတ္သက္တဲ့ အခ်က္အလက္ေတြ ေပါက္ၾကားထြက္ေပၚလာပါတယ္။

Wireless Charger Duo နဲ႔ပတ္သက္တဲ့ ဓာတ္ပုံနဲ႔ သတင္းအခ်က္အလက္ေတြကုိ Twitter မွာ Roland Quandt ဆုိတဲ့ ေရွ႕ေျပး သတင္းေဖာ္ျပေလ့ရွိသူက ေရးသားခဲ့ပါတယ္။ အဲဒီ pad မွာ တစ္ႀကိမ္တည္းနဲ႔ ဖုန္းႏွစ္လုံး ဒါမွမဟုတ္ ဖုနး္တစ္လုံးနဲ႔ Galaxy Watch ကုိအားသြင္းႏိုင္ဖုိ႔ “fast charging” ေထာက္ပံ့မႈ ပါဝင္လာတယ္လုိ႔ သိရပါတယ္။

Apple အေနနဲ႔ ၿပီးခဲ့တဲ့ စက္တင္ဘာလက iPhone ေမာ္ဒယ္သစ္ေတြနဲ႔အတူ ႀကိဳးမဲ့အားသြင္း mat တစ္ခုကို ထုတ္ေဖာ္မိတ္ဆက္ ခဲ့ပါတယ္။ အဲဒီ mat ဟာ တစ္ႀကိမ္တည္းနဲ႔ Apple Watch အျပင္ AirPods ကိုလည္း အားသြင္းေပးႏိုင္ပါတယ္။

Samsung အေနနဲ႔ ထုတ္ကုန္ေတြ အားသြင္းႏိုင္တဲ့ ကုိယ္ပုိင္ ႀကိဳးမဲ့အားသြင္းစနစ္ pad နဲ႔ Apple ကို အသာစီးရဖို႔ ယွဥ္ၿပိဳင္လာမွာ ျဖစ္ပါတယ္။ Samsung ရဲ႕ pad ကို ဘယ္အခ်ိန္ တင္ပို႔ေရာင္းခ်မလဲ ဆိုတာကိုေတာ့ မသိရေသးပါဘူး။

Samsung Galaxy Note 9 မွာ အဆင့္ျမႇင့္တင္ထားတဲ့ S Pen ပါဝင္လာမယ္လို႔ ဆိုပါတယ္။ S Pen မွာပါဝင္တဲ့ Bluetooth ေထာက္ပံ့မႈက သီခ်င္းေတြနဲ႔ ဖုန္းကင္မရာေတြကုိ ထိန္းခ်ဳပ္ႏိုင္သလို audio မွတ္စုေတြကိုလည္း မွတ္သားေပးႏိုင္တယ္လို႔ သတင္းေတြက ေဖာ္ျပေနၾကပါတယ္။

ဒါ့အျပင္ Galaxy Watch ဟာ Samsung ရဲ႕မ်ိဳးဆက္သစ္ စမတ္နာရီအမည္အျဖစ္ Galaxy Gear S4 ေနရာ အစားဝင္လာမွာ ျဖစ္ပါတယ္။ Galaxy Watch မွာ Tizen ကို သံုးမလား ဒါမွမဟုတ္ Wear OS ကိုသံုးမလား ဆိုတာကိုေတာ့ မသိရေသးပါဘူး။

စိုးထက္
Ref: TechRadar

[ Unicode ]

သြဂုတ်လ ၉ ရက်မှာ Samsung အနေနဲ့ Galaxy Note 9 အပြင် Galaxy Watch ကိုလည်း မိတ်ဆက်ဖွယ်ရှိပါတယ်။ အခုဆိုရင် Samsung ရဲ့ထုတ်ကုန်သစ် နှစ်မျိုးစလုံးကို ကြိုးမဲ့ အားသွင်းနိုင်တဲ့ Wireless Charger Duo pad နဲ့ပတ်သက်တဲ့ အချက်အလက်တွေ ပေါက်ကြားထွက်ပေါ်လာပါတယ်။

Wireless Charger Duo နဲ့ပတ်သက်တဲ့ ဓာတ်ပုံနဲ့ သတင်းအချက်အလက်တွေကို Twitter မှာ Roland Quandt ဆိုတဲ့ ရှေ့ပြေး သတင်းဖော်ပြလေ့ရှိသူက ရေးသားခဲ့ပါတယ်။ အဲဒီ pad မှာ တစ်ကြိမ်တည်းနဲ့ ဖုန်းနှစ်လုံး ဒါမှမဟုတ် ဖုနး်တစ်လုံးနဲ့ Galaxy Watch ကိုအားသွင်းနိုင်ဖို့ “fast charging” ထောက်ပံ့မှု ပါဝင်လာတယ်လို့ သိရပါတယ်။

Apple အနေနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလက iPhone မော်ဒယ်သစ်တွေနဲ့အတူ ကြိုးမဲ့အားသွင်း mat တစ်ခုကို ထုတ်ဖော်မိတ်ဆက် ခဲ့ပါတယ်။ အဲဒီ mat ဟာ တစ်ကြိမ်တည်းနဲ့ Apple Watch အပြင် AirPods ကိုလည်း အားသွင်းပေးနိုင်ပါတယ်။

Samsung အနေနဲ့ ထုတ်ကုန်တွေ အားသွင်းနိုင်တဲ့ ကိုယ်ပိုင် ကြိုးမဲ့အားသွင်းစနစ် pad နဲ့ Apple ကို အသာစီးရဖို့ ယှဉ်ပြိုင်လာမှာ ဖြစ်ပါတယ်။ Samsung ရဲ့ pad ကို ဘယ်အချိန် တင်ပို့ရောင်းချမလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။

Samsung Galaxy Note 9 မှာ အဆင့်မြှင့်တင်ထားတဲ့ S Pen ပါဝင်လာမယ်လို့ ဆိုပါတယ်။ S Pen မှာပါဝင်တဲ့ Bluetooth ထောက်ပံ့မှုက သီချင်းတွေနဲ့ ဖုန်းကင်မရာတွေကို ထိန်းချုပ်နိုင်သလို audio မှတ်စုတွေကိုလည်း မှတ်သားပေးနိုင်တယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

ဒါ့အပြင် Galaxy Watch ဟာ Samsung ရဲ့မျိုးဆက်သစ် စမတ်နာရီအမည်အဖြစ် Galaxy Gear S4 နေရာ အစားဝင်လာမှာ ဖြစ်ပါတယ်။ Galaxy Watch မှာ Tizen ကို သုံးမလား ဒါမှမဟုတ် Wear OS ကိုသုံးမလား ဆိုတာကိုတော့ မသိရသေးပါဘူး။

စိုးထက်
Ref: TechRadar