Samsung ရဲ႕ ေနာက္ဆုံးေပၚစမတ္နာရီ Galaxy Watch ကုိ ထုတ္ေဖာ္မိတ္ဆက္

[ Zawgyi ]

Samsung ဟာ ႏွစ္စဥ္က်င္းပေနက် Galaxy Note 9 မိတ္ဆက္ပြဲမွာ Galaxy Watch စမတ္နာရီကုိလည္း မိတ္ဆက္ျပသခဲ့ပါတယ္။

Galaxy Watch စမတ္နာရီမွာ 3G/LTE ခ်ိတ္ဆက္မႈနဲ႔ ႀကိဳးမဲ့အားသြင္းစနစ္ ပါဝင္လာပါတယ္။ Galaxy Watch ကုိ ေမာ္ဒယ္ ၂ မ်ိဳးနဲ႔ ထုတ္လုပ္သြားမွာျဖစ္ၿပီး တစ္မ်ိဳးကို အရြယ္ ၄၆ မီလီမီတာ ေငြေရာင္ဗားရွင္းနဲ႔ ရရိွႏိုင္ပါတယ္။ အရြယ္ပိုမိုေသးငယ္တဲ့ ၄၂ မီလီမီတာ ကုိေတာ့ အနက္ေရာင္နဲ႔ rose gold ဗားရွင္းဆုိၿပီး ျဖန္႔ခ်ိသြားမွာ ျဖစ္ပါတယ္။ Samsung အေနနဲ႔ အရင္တုန္းက ထုတ္လုပ္ခဲ့တဲ့ စမတ္နာရီအမွတ္တံဆိပ္ Gear ကိုစြန္႔လႊတ္ၿပီး Galaxy အမည္ကုိ အသုံးျပဳလုိက္တာ ျဖစ္ပါတယ္။

Galaxy Watch ကို ၾသဂုတ္လ ၂၄ ရက္ကစၿပီး အေမရိကန္မွာ ေရာင္းခ်မွာျဖစ္ကာ ၾသဂုတ္လ ၃၁ ရက္ မွာေတာ့ ကုိရီးယားမွာ စတင္ေရာင္းခ်ပါမယ္။ အျခားေဈးကြက္ေတြမွာေတာ့ စက္တင္ဘာလ ၁၄ ရက္မွာ စတင္ေရာင္းခ်သြားမွာ ျဖစ္ပါတယ္။

အေမရိကန္မွာ Galaxy Watch Bluetooth ၄၂ မီလီမီတာ တန္ဖိုးက ေဒၚလာ ၃၂၉.၉၉ က်သင့္မွာ ျဖစ္ပါတယ္။ ၄၆ မီလီမီတာရဲ႕ တန္ဖိုးက ၃၄၉.၉၉ ေဒၚလာျဖစ္ပါတယ္။ LTE ဗားရွင္းကုိေတာ့ ဒီႏွစ္ကုန္အတြင္း AT&T, Sprint, Verizon, T-Mobile နဲ႔ Samsung.com မွာေရာင္းခ်သြားမွာ ျဖစ္ပါတယ္။ Galaxy Watch ရဲ႕ LTE ဗားရွင္း ေဈးႏႈန္းကုိေတာ့ မသိရေသးပါဘူး။ စက္တင္ဘာလ ၈ ရက္ မတိုင္မီ Galaxy Watch ရဲ႕ Bluetooth ေမာ္ဒယ္ကုိ Samsung.com ကတစ္ဆင့္ မွာယူသူေတြအေနနဲ႔ လက္ပတ္နာရီႀကိဳး တစ္ခုကို အခမဲ့ ရရွိမွာ ျဖစ္ပါတယ္။

Galaxy Watch feature မ်ား

– ၁.၃လက္မ (၄၆ မီလီမီတာ) ဒါမွမဟုတ္ ၁.၂ လက္မ (၄၂ မီလီမီတာ) Gorilla DX+ glass နဲ႔ Super AMOLED touch display

– 5 ATM ေရစိုဒဏ္ခံႏိုင္ရည္ရွိၿပီး IP68 ဖုန္ဒဏ္ခံႏိုင္ရည္ရွိ

– ဘက္ထရီ 472mAh (၄၆ မီလီမီတာ) ဒါမွမဟုတ္ ဘက္ထရီ 270mAh (၄၂ မီလီမီတာ)

– Tizen OS 4.0 အသုံးျပဳထား

– Exynos 9110 dual core 1.15GHz ပ႐ိုဆက္ဆာ

– ႏွလုံးခုန္ႏႈန္း ေစာင့္ၾကည့္ေရးစနစ္အျပင္ ambient light sensor, accelerometer, gyroscope နဲ႔ barometer တို႔ပါဝင္လာ

– LTE ဗားရွင္းမွာ RAM 1.15GB နဲ႔ storage 4GB ပါဝင္

– Bluetooth ဗားရွင္းမွာ RAM 768MB နဲ႔ storage 4GB ပါဝင္လာ

Galaxy Watch ကုိ အားတစ္ခါသြင္းထားရင္ ရက္အနည္းငယ္ၾကာ အသံုးျပဳႏိုင္တယ္လို႔ Samsung က ေျပာခဲ့ပါတယ္။ Galaxy Watch မွာက်န္းမာေရးနဲ႔သက္ဆိုင္တဲ့ feature ေတြအသားေပးထားၿပီး သုံးစြဲသူတစ္ဦးခ်င္းအတြက္ ႏွလုံးခုန္ႏႈန္းေစာင့္ၾကည့္ေရးကေန baseline တည္ေဆာက္မႈ feature ေတြအထိ ပါဝင္လာပါတယ္။ ဒါေၾကာင့္ သုံးစြဲသူႏွလုံးခုန္ႏႈန္း ျမင့္တက္လာတာကုိ ေျခရာခံမိတာနဲ႔ စမတ္နာရီက စိတ္ေအးလက္ေအးေနထုိင္ဖို႔ ညႊန္ၾကားသြားမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ ကုိယ္လက္ႀကံ့ခုိင္ေရး ျပဳလုပ္တာကို ေျခရာခံေပးသလို အိပ္စက္မႈကိုလည္း ေျခရာခံေပးပါတယ္။ Galaxy Watch ဒီဇိုင္းက ေဘးေဘာင္မပါဝင္တဲ့ Gear S2 Classic နဲ႔ဆင္ပါတယ္။

စိုးထက္
Ref: TheVerge

[ Unicode ]

Samsung ဟာ နှစ်စဉ်ကျင်းပနေကျ Galaxy Note 9 မိတ်ဆက်ပွဲမှာ Galaxy Watch စမတ်နာရီကိုလည်း မိတ်ဆက်ပြသခဲ့ပါတယ်။

Galaxy Watch စမတ်နာရီမှာ 3G/LTE ချိတ်ဆက်မှုနဲ့ ကြိုးမဲ့အားသွင်းစနစ် ပါဝင်လာပါတယ်။ Galaxy Watch ကို မော်ဒယ် ၂ မျိုးနဲ့ ထုတ်လုပ်သွားမှာဖြစ်ပြီး တစ်မျိုးကို အရွယ် ၄၆ မီလီမီတာ ငွေရောင်ဗားရှင်းနဲ့ ရရှိနိုင်ပါတယ်။ အရွယ်ပိုမိုသေးငယ်တဲ့ ၄၂ မီလီမီတာ ကိုတော့ အနက်ရောင်နဲ့ rose gold ဗားရှင်းဆိုပြီး ဖြန့်ချိသွားမှာ ဖြစ်ပါတယ်။ Samsung အနေနဲ့ အရင်တုန်းက ထုတ်လုပ်ခဲ့တဲ့ စမတ်နာရီအမှတ်တံဆိပ် Gear ကိုစွန့်လွှတ်ပြီး Galaxy အမည်ကို အသုံးပြုလိုက်တာ ဖြစ်ပါတယ်။

Galaxy Watch ကို သြဂုတ်လ ၂၄ ရက်ကစပြီး အမေရိကန်မှာ ရောင်းချမှာဖြစ်ကာ သြဂုတ်လ ၃၁ ရက် မှာတော့ ကိုရီးယားမှာ စတင်ရောင်းချပါမယ်။ အခြားဈေးကွက်တွေမှာတော့ စက်တင်ဘာလ ၁၄ ရက်မှာ စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။

အမေရိကန်မှာ Galaxy Watch Bluetooth ၄၂ မီလီမီတာ တန်ဖိုးက ဒေါ်လာ ၃၂၉.၉၉ ကျသင့်မှာ ဖြစ်ပါတယ်။ ၄၆ မီလီမီတာရဲ့ တန်ဖိုးက ၃၄၉.၉၉ ဒေါ်လာဖြစ်ပါတယ်။ LTE ဗားရှင်းကိုတော့ ဒီနှစ်ကုန်အတွင်း AT&T, Sprint, Verizon, T-Mobile နဲ့ Samsung.com မှာရောင်းချသွားမှာ ဖြစ်ပါတယ်။ Galaxy Watch ရဲ့ LTE ဗားရှင်း ဈေးနှုန်းကိုတော့ မသိရသေးပါဘူး။ စက်တင်ဘာလ ၈ ရက် မတိုင်မီ Galaxy Watch ရဲ့ Bluetooth မော်ဒယ်ကို Samsung.com ကတစ်ဆင့် မှာယူသူတွေအနေနဲ့ လက်ပတ်နာရီကြိုး တစ်ခုကို အခမဲ့ ရရှိမှာ ဖြစ်ပါတယ်။

Galaxy Watch feature များ

– ၁.၃လက်မ (၄၆ မီလီမီတာ) ဒါမှမဟုတ် ၁.၂ လက်မ (၄၂ မီလီမီတာ) Gorilla DX+ glass နဲ့ Super AMOLED touch display

– 5 ATM ရေစိုဒဏ်ခံနိုင်ရည်ရှိပြီး IP68 ဖုန်ဒဏ်ခံနိုင်ရည်ရှိ

– ဘက်ထရီ 472mAh (၄၆ မီလီမီတာ) ဒါမှမဟုတ် ဘက်ထရီ 270mAh (၄၂ မီလီမီတာ)

– Tizen OS 4.0 အသုံးပြုထား

– Exynos 9110 dual core 1.15GHz ပရိုဆက်ဆာ

– နှလုံးခုန်နှုန်း စောင့်ကြည့်ရေးစနစ်အပြင် ambient light sensor, accelerometer, gyroscope နဲ့ barometer တို့ပါဝင်လာ

– LTE ဗားရှင်းမှာ RAM 1.15GB နဲ့ storage 4GB ပါဝင်

– Bluetooth ဗားရှင်းမှာ RAM 768MB နဲ့ storage 4GB ပါဝင်လာ

Galaxy Watch ကို အားတစ်ခါသွင်းထားရင် ရက်အနည်းငယ်ကြာ အသုံးပြုနိုင်တယ်လို့ Samsung က ပြောခဲ့ပါတယ်။ Galaxy Watch မှာကျန်းမာရေးနဲ့သက်ဆိုင်တဲ့ feature တွေအသားပေးထားပြီး သုံးစွဲသူတစ်ဦးချင်းအတွက် နှလုံးခုန်နှုန်းစောင့်ကြည့်ရေးကနေ baseline တည်ဆောက်မှု feature တွေအထိ ပါဝင်လာပါတယ်။ ဒါကြောင့် သုံးစွဲသူနှလုံးခုန်နှုန်း မြင့်တက်လာတာကို ခြေရာခံမိတာနဲ့ စမတ်နာရီက စိတ်အေးလက်အေးနေထိုင်ဖို့ ညွှန်ကြားသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ်လက်ကြံ့ခိုင်ရေး ပြုလုပ်တာကို ခြေရာခံပေးသလို အိပ်စက်မှုကိုလည်း ခြေရာခံပေးပါတယ်။ Galaxy Watch ဒီဇိုင်းက ဘေးဘောင်မပါဝင်တဲ့ Gear S2 Classic နဲ့ဆင်ပါတယ်။

Ref: TheVerge