Samsung ရဲ့ မျိုးဆက်သစ် tablet များကို လိပ်ပြီး အိတ်ကပ်ထဲထည့်ကာ သယ်ဆောင်နိုင်ဖွယ်ရှိ

ခလုတ်တစ်ချက်နှိပ်ရုံနဲ့ လိပ်ထားတဲ့ screen ကို tablet ဒါမှမဟုတ် စမတ်ဖုန်းတစ်ခုအသွင် ပြောင်းလဲပေးနိုင်မယ့် ထုတ်ကုန်တွေအတွက် Samsung ရဲ့ မူပိုင်ခွင့်သစ်တစ်ခုကို Let’s Go Digital က တွေ့ရှိခဲ့ပါတယ်။

ဇွန်လလယ်က တင်ခဲ့တဲ့ အဲ့ဒီ မူပိုင်ခွင့်မှာ လိပ်ထားတဲ့ display တစ်ခုပါဝင်တဲ့ သတ္တုနဲ့လုပ်ထားတဲ့ ထုတ်ကုန်တစ်ခုကို ပြသထားပါတယ်။ အဲ့ဒီ display ထွက်လာတဲ့အခါမှာ display က စမတ်ဖုန်းတစ်ခု ဒါမှမဟုတ် tablet တစ်ခုအဖြစ် ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။

လိပ်နိုင်တဲ့ screen ထည့်သွင်းထားနိုင်မယ့် ဆလင်ဒါပုံစံ ပင်မကိုယ်ထည်ရဲ့ဘေးဘက်မှာ အချက်အလက်လုံခြုံမှုအတွက် fingerprint sensor တစ်ခု ပါဝင်ပါတယ်။ Screen ကို unlock လုပ်ဖို့နဲ့ screen ကို ဖြန့်ဖို့အတွက် fingerprint တစ်ခုနဲ့ မှတ်ပုံတင်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

-နောင်နောင်
Ref: BGR