Samsung ရဲ့ S Pen ဓာတ်ပုံထွက်လာ

Samsung ရဲ့ Galaxy S စီးရီးကတော့ မကြာခင် ထွက်ရှိတော့မှာ ဖြစ်ပြီး သတင်းအချက်အလက်တွေကလည်း ဆက်တိုက် ထွက်နေပါတယ်။ Samsung ကတော့ ဇန်နဝါရီ ၁၄ ရက် Unpacked ပွဲမှာ ထုတ်ကုန်ကို မိတ်ဆက်မယ်လို့ ဖိတ်စာ ပို့ထားပါတယ်။ Samsung ရဲ့ S Pen နဲ့ S 21 Ultra အတွက် case ဓာတ်ပုံတွေလည်း ထွက်လာပါတယ်။

WinFuture ကတော့ S Pen နဲ့ S21 ultra flip case ဓာတ်ပုံတွေကို ပြခဲ့ပါတယ်။ သုံးစွဲသူက S Pen ကို အသုံးမလိုတဲ့အခါမှာ case ထဲထည့်လို့ ရပါမယ်။ အရင် ကောလာဟလသတင်းတွေအရ S21 Ultra ဖုန်းမှာ stylus ထည့်တဲ့ အကန့်တော့ မပါဝင်ပါဘူး။

Samsung ရဲ့ Galaxy Note လိုပဲ S21 Ultra ရဲ့ S Pen မှာတော့ gesture နဲ့ scroll လုပ်ဆောင်ချက် အပြင် ဓာတ်ပုံရိုက်ကူးတာနဲ့ ဗီဒီယို play တဲ့ဗီဒီယိုတွေ ပါဝင်လာပါမယ်။

ဝက်ဘ်ဆိုက်ဖော်ပြချက်အရ S Pen ကိုတော့ ယူရို ၄၀ (ဒေါ်လာ ၅၀) နဲ့ပဲ ရောင်းချပါမယ်။

-စိုးထက်
Ref: CNET

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««