Samsung ရဲ့ pop-up ကင်မရာ ပါဝင်လာတဲ့ ဖုန်း

Samsung ဟာ ဖုန်းဒီဇိုင်းမှာ notch တွေနဲ့ punch hole ဒီဇိုင်းတွေ စမ်းသပ်နေပါတယ်။ အခုဆိုရင် Samsung က pop-up selfie ကင်မရာပါဝင်တဲ့ ဖုန်းကို စမ်းသပ်နေဖွယ်ရှိပါတယ်။ Samsung ဟာ ပထမဆုံးအကြိမ်အဖြစ် pop-up selfie ကင်မရာထည့်သွင်းထားတဲ့ ဖုန်းကို ထုတ်လုပ်နိုင်ပါတယ်။ အဲဒီဖုန်းရဲ့ ပုံတွေက အွန်လိုင်းမှာ ထွက်လာပါပြီ။

ထွက်လာတဲ့ သရုပ်ဖော်ပုံအရ Samsung ဖုန်းမှာ ကျောဘက်ကင်မရာ ၃ လုံး ပါဝင်လာပါတယ်။ ရှေ့ဘက်က pop-up ကင်မရာကိုတော့ ဘယ်ဘက်မှာ ထည့်သွင်းထားပြီး Galaxy A80 လိုမျိုး full-screen ဒီဇိုင်းကို အသုံးပြုထားပါတယ်။ ဖုန်းရဲ့ display ကတော့ ၆.၅ လက်မရှိပြီး နားကြပ်ပေါက်တော့ မတွေ့ရပါဘူး။ ဖုန်းရဲ့ အသေးစိတ်အချက်အလက်၊ မိတ်ဆက်နိုင်မယ့်ရက် ဒါမှမဟုတ် အမည်ကိုလည်း မသိရသေးပါဘူး။

စိုးထက်
Ref: PocketNow

အင်တာနက်ဂျာနယ်ရဲ့ YouTube Channel ဖြစ်တဲ့ https://www.youtube.com/internetjournaltv မှာလည်း ဗီဒီယိုသတင်းတွေကို ကြည့်ရှုနိုင်တယ်နော် . . .