Samsung ရဲ့ clamshell ဒီဇိုင်း ခေါက်စမတ်ဖုန်း ဓာတ်ပုံတွေ ထွက်ပေါ်လာ

Samsung ဟာ အောက်တိုဘာလအကုန်မှာ clamshell ဒီဇိုင်း အသုံးပြုထားတဲ့ ခေါက်စမတ်ဖုန်းကို တရားဝင် အမြည်းမိတ်ဆက်ခဲ့ဖူးပါတယ်။ အဲဒီနောက်ပိုင်းမှာ Samsung ရဲ့ခေါက်စမတ်ဖုန်းသစ် သရုပ်ဖော်ပုံနဲ့ ကောလာဟလများစွာ ထွက်ပေါ်ခဲ့ပါတယ်။ အခုဆိုရင် မျိုးဆက်သစ် Galaxy Fold ထုတ်ကုန် ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။

အခုဓာတ်ပုံမှာတော့ မျိုးဆက်သစ် Galaxy Fold ဟာ ရှည်လျားပြီး Infinity-O display ကိုအသုံးပြုထားပါတယ်။ ရှေ့ကင်မရာနေရာမှာ punch hole ကိုအသုံးပြုထားပါတယ်။ ဘေးဘောင်က အနည်းငယ်ထူပြီး Motorrola Razr နဲ့ဆင်ပါတယ်။ ဖုန်းမှာ One UI အသုံးပြုထားပြီး ဖုန်းပုံစံနဲ့ကိုက်ညီအောင် အနည်းငယ်ပြင်ဆင်ထားဖွယ် ရှိပါတယ်။

ဖုန်းကို ခေါက်လိုက်တဲ့အခါ ရှေ့ဘက်မှာ အချိန်၊ ရက်စွဲနဲ့ သတိပေးချက်တွေ ပြသပေမယ့် display အသေးတစ်ခု ပါဝင်ပြီး LED flash နဲ့ dual ကင်မရာလည်း ပါဝင်လာပါတယ်။

ဖုန်းရဲ့ကျောဘက်ကို ဖန်ထည်နဲ့ပြုလုပ်ထားပြီး Galaxy Fold မှာအသုံးပြုထားတဲ့ ပတ္တာပုံစံကို အသုံးပြုထားဖွယ်ရှိပါတယ်။ ဖုန်းရဲ့ညာဘက်ခြမ်းမှာ အသံနဲ့ ပါဝါခလုတ်တွေပါဝင်ပြီး အောက်ဘက်မှာ စပီကာနဲ့ type-C port ကိုအသုံးပြုထားပါတယ်။

သတင်းတွေအရ clamshell ဒီဇိုင်း Galaxy Fold ကို ဒေါ်လာ ၁,၀၀၀ ဝန်းကျင်နဲ့ရောင်းချမှာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၁၈ ရက်မှာ Galaxy S11 စီးရီးနဲ့အတူ မိတ်ဆက်ဖွယ်ရှိပါတယ်။

စိုးထက်
Ref: GSMArena