Samsung ရဲ့မျိုးဆက်သစ် ခေါက်စမတ်ဖုန်း ဗီဒီယိုထွက်ပေါ်လာ

Samsung ဟာ developer ကွန်ဖရင့်မှာ မျိုးဆက်သစ် ခေါက်စမတ်ဖုန်း ဒီဇိုင်းကို အမြည်းမိတ်ဆက်ခဲ့ပါတယ်။ Samsung အနေနဲ့ မျိုးဆက်သစ် ခေါက်စမတ်ဖုန်းမှာ clamshell ဒီဇိုင်းကို အသုံးပြုဖွယ်ရှိပြီး အရင်တုန်းက ခေါက်ဖုန်းဒီဇိုင်းတွေကို အမှတ်ရစရာ ဖြစ်ပါတယ်။

Samsung ဟာ မျိုးဆက်သစ် ခေါက်စမတ်ဖုန်း ဒီဇိုင်းကို အောက်မှာ ဖော်ပြထားတဲ့ ဗီဒီယိုနဲ့ အမြည်းပြသခဲ့ပါတယ်။ အခုဗီဒီယိုက တရားဝင်ဖြစ်ပြီး developer ကွန်ဖရင့်မှာ ပြသခဲ့တာ ဖြစ်ပါတယ်။
အရင်ကာလတုန်းက ခေါက်ဖုန်းတွေဟာ အလွန်အောင်မြင်ခဲ့ပြီး Motorola ရဲ့နာမည်ကျော် RAZR နဲ့ အခြားမော်ဒယ်တွေကလည်း ကျော်ကြားခဲ့ပါတယ်။

Samsung ဟာ ခေါက်ထားနိုင်တဲ့ မျက်နှာပြင်အတွက် punch –hole ကင်မရာကို အသုံးပြုခဲ့တဲ့အတွက် Galaxy Fold ထုတ်ကုန်ဟာ နေရာလွတ်တွေ ထွက်ပေါ်လာပါတယ်။ Samsung အနေနဲ့ ခေါက်ဖုန်းပုံစံမျိုး အသုံးချမယ် ဆိုရင်တော့ မျိုးဆက်သစ် Galaxy Fold မှာ သီးခြား display တစ်ခုကို ထည့်သွင်းဖွယ်ရှိနေပါတယ်။

ဩဂုတ်လတုန်းက Samsung ဟာ ခေါက်ဖုန်းဒီဇိုင်းလိုမျိုး ခေါက်စမတ်ဖုန်း မူပိုင်ခွင့်ကို တင်ခဲ့ပြီး ဆက်လက်ဖန်တီးနေတယ်လို့ Bloomberg ကဖော်ပြခဲ့ဖူးပါတယ်။ အဲဒီ စမတ်ဖုန်း မျက်နှာပြင်ကို ဖြန့်လိုက်ရင် အရွယ်အစားက ၆.၇ လက်မအထိ ရှိပြီး Galaxy Fold ထက်ပါးလွှာမယ်လို့ သိရပါတယ်။

စိုးထက်
Ref: GSMArena