Samsung ဟာ အလယ်အလတ်တန်းစားဖုန်းတွေမှာ အသုံးပြုမယ့် chipset အသစ် Exynos 1080 ကိုမိတ်ဆက်လိုက်ပါတယ်။ Samsung ဟာ 5nm EUV FinFET နည်းပညာနဲ့ တည်ဆောက်ထားတဲ့ Exynos 1080 ချစ်ပ်ကို တရားဝင် မိတ်ဆက်လိုက်ပါတယ်။
Samsung ဟာ Exynos 1080 မှာ octa-core CPU နဲ့အတူ triple cluster ဒီဇိုင်းအသုံးပြုထားပြီး Cortex-A78 core ၄ ခုနဲ့ Cortex-A55 core ၄ ခု ပါဝင်လာပါတယ်။ စွမ်းဆောင်ရည်အမြင့်ဆုံး Cortex-A78 ကတော့ 2.8GHz အထိ ထောက်ပံ့ထားပြီး အခြား cluster ၃ ခုကတော့ Cortex-A78s ကတော့ 2.6GHz အထိရှိပါတယ်။ A55 quartet ကိုတော့ 2.0GHz အထိ ထောက်ပံ့ထားပါတယ်။ GPU ကတော့ Mali-G78 MP10 ဖြစ်ပါတယ်။
ချစ်ပ်မှာ ပါဝင်တဲ့ 5G ကတော့ Sub-6GHz နဲ့ mmWave စံချိန်စံညွှန်းတွေ ထောက်ပံ့ထားပါတယ်။
-စိုးထက်
Ref: GSMArena