Samsung မှ M Series စမတ်ဖုန်း Galaxy M 11 ကို ပြည်တွင်းစျေးကွက်သို့ စတင်မိတ်ဆက်

ကျောဘက်ကင်မရာ ၃ လုံးနဲ့အတူ ကြီးမားကျယ်ပြန့်တဲ့ ၆.၄ လက်မ Infinity-O မျက်နှာပြင်နဲ့ ကြာရှည်ခံ 5000 mAh ဘက်ထရီတို့ ပါဝင်တဲ့ တန်ဖိုးသင့် စမတ်ဖုန်း အမျိုးအစားသစ် Galaxy M11 ကို Samsung Myanmar မှ မိတ်ဆက်လိုက်ပါတယ်။

Galaxy M11 စမတ်ဖုန်းမှာ ၆.၄ လက်မ Infinity-O မျက်နှာပြင် ပါရှိပြီး သေးငယ်တဲ့ pin-hole ကင်မရာကို လက်ဝဲဘက် မျက်နှာပြင်ထိပ်မှာ ထည့်သွင်းပေးထားပါတယ်။ 3GB RAM / 32GB ROM နဲ့ဖြစ်ပြီး ကျောဘက် လက်ဗွေရာစနစ် သာမက မျက်နှာပြင်ဖတ်ရှုလုံခြုံရေးစနစ်တို့ အပြင် အရည်အသွေးမြင့် Dolby Atmos အသံစနစ်တွေကိုလည်း ထည့်သွင်း တည်ဆောက်ထားပါတယ်။

ကျောဘက်ကင်မရာ ၃ လုံး (13 MP wide camera + 5 MP ultra-wide camera + 2 MP depth camera) နဲ့အတူ 8 MP Selfie camera တွေပါဝင်ပြီး ကြည်လင်ပြတ်သားတဲ့ အရည်အသွေးမြင့် ပုံရိပ်တွေနဲ့ ဗီဒီယိုတွေအဖြစ် ရိုက်ကူးသိမ်းဆည်းထားနိုင်မှာ ဖြစ်ပါတယ်။ ဘက်ထရီစနစ်အတွက် ကြာရှည်ခံ 5000 mAh ဘက်ထရီနဲ့ 15W fast charging စနစ်တွေ ထည့်သွင်းပေးထားပါတယ်။

Galaxy M11 စမတ်ဖုန်းသစ်ကို မြန်မာနိုင်ငံ ဈေးကွက်မှာ နိုဝင်ဘာလ ၂၁ ရက် စတင်၍ မြန်မာငွေကျပ် ၂၀၉,၀၀၀ နဲ့ရောင်းချပေးသွားမှာ ဖြစ်ပြီး အနက်ရောင်နဲ့ အပြာရောင် အရောင် ၂ မျိုးအနက် ကြိုက်နှစ်သက်ရာ ရွေးချယ်ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။

-အောင်သူ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««