Samsung မှ line-up အသစ်ဖြစ်သော TU series TV များကို မိတ်ဆက်

Samsung Electronics မှ မြန်မာနိုင်ငံတွင် Smart TVများ၊ Crystal 4K UHD TV များ၊ QLED 4K နဲ့ 8K TV များအထိ တိုးချဲ့ကာ စုံလင်သော Full TV Line-up အဖြစ် မိတ်ဆက်လိုက်ပါတယ်။

အဆင့်မြင့် နောက်ဆုံးပေါ်နည်းပညာများ အသုံးပြုထားသော စွမ်းအင်ချွေတာတဲ့ Samsung TV တွေဟာ ကန့်သတ်မှု မရှိသော ဘဝနေထိုင်မှု အတွေ့အကြုံသစ်ကို ပေးစွမ်းသွားမှာ ဖြစ်ပါတယ်။

“Samsung သည် တီထွင်ဆန်းသစ်မှုများ၊ကြည့်ရှုမှုအတွေ့အကြုံအသစ်များကို သုံးစွဲသူများအား စဉ်ဆက်မပြတ် ဝန်ဆောင်မှုပေးစွမ်းခဲ့ပါတယ်။ သုံးစွဲသူများက ဈေးနှုန်းသင့်တင့်ပြီး အဆင့်မြင့်သော premium TV များကို လိုလားကြသည်ကိုကျွန်တော်တို့ လေ့လာတွေ့ရှိထားပါတယ်။ ဒီ TU series မိတ်ဆက်မှုဟာ အလုပ်များသော workaholic များ၊ မိမိတို့ကိုယ်ကိုယ်တန်ဖိုးထားသူများ၊ ဖျော်ဖြေရေး အစီအစဉ်များကို ကြိုက်သူများ၊မိသားစုများ အစရှိသော လူနေမှုပုံစံမျိုးစုံအတွက် မည်သည့် လိုအပ်မှုမျိုးကိုမဆို ဖြည့်ဆည်းပေးရန် ရည်ရွယ်ထားပါတယ်” လို့ Samsung Myanmar မှ Head Of Business Group ဖြစ်တဲ့ ကိုဇာနည်ဝင်းထက်က ပြောကြားခဲ့ပါတယ်။

အဆိုပါ 2020 TU စီးရီးများကို Samsung ၏ တရားဝင်အရောင်းပြခန်းများတွင် ရရှိနိုင်ပြီး တီဗီအမျိုးအစား အသစ်များကို တစ်နှစ်တိတိ အာမခံပါရှိပါတယ်။ ဝယ်ယူသုံးစွဲသူတွေ အတွက် QLED TVs၊ Crystal 4K UHD တီဗီများဝယ်ယူသောအခါတွင် အခမဲ့ပို့ဆောင်ပေးသည့် ဝန်ဆောင်မှုကိုပါ ထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။

-သန္တာ