Samsung မှ ဖုန်းခေါ်ဆိုမေးမြန်းခြင်း ဝန်ဆောင်မှုကို စတင်

Samsung ဖုန်းအသုံးပြုသူတွေအနေနဲ့ Samsung Myanmar contact center အား ဖုန်းခေါ်ဆို မေးမြန်းခြင်း ဝန်ဆောင်မှုကို ဧပြီ ၂၀ ရက်မှစတင်ကာ နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၆ နာရီ အထိ ပြုလုပ်နိုင်မယ်လို့ သိရပါတယ်။

Samsung service center များကိုလည်း ဧပြီ ၂၁ ရက်နောက်ပိုင်းမှာ တနင်္လာမှ စနေ အထိ နံနက် ၉ နာရီမှ ညနေ ၅ နာရီ အတွင်း ပြန်လည်ဖွင့်လှစ်သွားမှာဖြစ်ပြီး Samsung ထုတ်ကုန်တွေနဲ့ ပတ်သက်တဲ့ သိလိုသမျှ အကြောင်းအရာများကို အွန်လိုင်းဝန်ဆောင်မှုများဖြစ်တဲ့ Live Chat, Samsung Myanmar App, Samsung Myanmar Facebook page တို့မှတစ်ဆင့် ပိတ်ရက်မရှိ ၂၄ နာရီ ၇ ရက်ပတ်လုံး မေးမြန်းနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

Live chat ဝန်ဆောင်မှုကို ဒီနေရာမှ တစ်ဆင့် အသုံးပြုနိုင်မှာဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း