Samsung မွ Galaxy J4 ႏွင့္ J6 စမတ္ဖုန္းသစ္ Galaxy J Music Festival တြင္ တရား၀င္မိတ္ဆက္မည္

[Zawgyi]

Samsung မွ Galaxy J Series စမတ္ဖုန္းမ်ိဳးဆက္သစ္ မ်ားျဖစ္ၾကေသာ Galaxy J4 ႏွင့္ J6 အား ႀကိဳတင္မွာယူႏိုင္မယ့္ရက္ကို စတင္ေၾကညာလိုက္ေၾကာင္း၊ အဆိုပါ ေမာ္ဒယ္သစ္စမတ္ဖုန္းမ်ားကို မၾကာခင္ရန္ကုန္ၿမိဳ႕တြင္ ျပဳလုပ္က်င္းပမယ့္ Galaxy J Music Festival တြင္ တရားဝင္ မိတ္ဆက္သြားမွာျဖစ္ေၾကာင္း တရား၀င္ သတင္းထုတ္ျပန္ခ်က္အရသိရပါတယ္။

“Galaxy J4 နဲ႔ J6 ကို ႀကိဳတင္မွာယူႏိုင္ၿပီျဖစ္တဲ့အျပင္ မၾကာခင္ျပဳလုပ္က်င္းပမယ့္ Galaxy J Music Festival မွာလည္း တရားဝင္မိတ္ဆက္သြားမယ္ဆိုတဲ့အေၾကာင္းကို သံုးစြဲသူပရိတ္သတ္ႀကီးကို မွ်ေဝလိုပါတယ္။ ကြ်န္ေတာ္တို႔အေနနဲ႔ ဒီစမတ္ဖုန္းသစ္ ၂လံုးကို Galaxy Music Festival နဲ႔အတူ မိတ္ဆက္ရတဲ့အေၾကာင္းရင္းကေတာ့ J4 နဲ႔ J6 ႏွစ္မ်ိဳးစလံုးက အခုေခတ္လူငယ္မ်ိဳးဆက္သစ္ေတြအတြက္ရည္ရြယ္ၿပီး ဖန္တီးထားတာျဖစ္ပါတယ္။” ဟု Samsung Myanmar ၏ Head of IT and Mobile ကိုဇာနည္ဝင္းထက္မွ ေျပာၾကားခဲ့သည္။

“ဒီ Music Festival က Galaxy စမတ္ဖုန္းသစ္ေတြကို ႀကိဳတင္မွာယူတဲ့ Samsung ခ်စ္ပရိတ္ သတ္ႀကီးနဲ႔ ဂီတခ်စ္ျမတ္ႏိုးသူေတြအတြက္ အထူးရည္ရြယ္ၿပီး ျပဳလုပ္က်င္းပတာျဖစ္ပါတယ္။ အဲ့ဒါ ေၾကာင့္လည္း ကြ်န္ေတာ္တို႔ရဲ႕ အဖိုးတန္ ပရိတ္သတ္အေနနဲ႔လည္း Galaxy J4 နဲ႔ J6 ကို ႀကိဳတင္မွာယူၿပီး Music Festival မွာ ေပ်ာ္ေပ်ာ္ပါးပါးအတူဆင္ႏႊဲၾကရေအာင္လို႔ ဖိတ္ေခၚခ်င္ပါတယ္။” ဟု ကိုဇာနည္ဝင္းထက္မွ ျဖည့္စြက္ေျပာၾကားခဲ့သည္။

အဆိုပါစမတ္ဖုန္းသစ္မ်ားကို ေမလ ၂၅ ရက္ေန႔မွ ဇြန္လ ၅ ရက္ေန႔အထိ နီးစပ္ရာ Samsung ဖုန္းအေရာင္းဆိုင္မ်ားသို႔သြားေရာက္ကာ ႀကိဳက္ႏွစ္သက္ရာ စမတ္ဖုန္းသစ္အား စရန္ေငြ သံုးေသာင္းက်ပ္ ေပးသြင္းကာ မွာယူႏိုင္မွာျဖစ္ပါတယ္။ ႀကိဳတင္မွာယူသူမ်ားအေနနဲ႔ Samsung ရဲ႕ အထူးလက္ေဆာင္ေတြနဲ႔အတူ Galaxy J Music Festival သြားေရာက္ၾကည့္ရႈႏိုင္မယ့္ အခြင့္အေရးကိုလည္း ရရွိခံစားႏိုင္မွာျဖစ္ပါတယ္။ Galaxy J4 ႀကိဳတင္မွာယူသူပရိသတ္မ်ားအေနနဲ႔ Samsung Jacket အက်ၤ ီအား လည္းေကာင္း၊ Galaxy J6 ႀကိဳတင္မွာယူသူမ်ားအေနနဲ႔ Remax M11 Bluetooth စပီကာအားလည္းေကာင္း၊ အထူးလက္ေဆာင္အေနနဲ႔ ရရွိႏိုင္မွာျဖစ္ပါတယ္။

Galaxy J4 ႏွင့္ Galaxy J6 အား ႏိုင္ငံတစ္ဝွမ္းရွိ လက္လီအေရာင္းဆိုင္မ်ားႏွင့္ Samsung အေရာင္း ဆိုင္မ်ားတြင္ အနက္ေရာင္၊ ေရႊေရာင္ ႏွင့္ ခရမ္းေရာင္ အစရွိသျဖင့္ အေရာင္ ၃ ေရာင္ျဖင့္ ရရွိႏိုင္မည္ျဖစ္ၿပီး Galaxy J4 အား ၂၀၁၈ ခုႏွစ္၊ ဇြန္လ ၁၅ ရက္ေန႔မွစတင္ကာ ျမန္မာက်ပ္ေငြ ၂၁၉,၀၀၀ က်ပ္ျဖင့္လည္းေကာင္း၊ Galaxy J6 အား ၂၀၁၈ ခုႏွစ္၊ ဇြန္ ၁၂ ရက္ေန႔မွစတင္ကာ ျမန္မာက်ပ္ေငြ ၃၁၅,၀၀၀ က်ပ္ျဖင့္လည္းေကာင္း ေစ်းကြက္အတြင္း ၀ယ္ယူႏုိင္မယ္လို႔သိရပါတယ္။

J Music Festival အား ဇြန္လ ၉ ရက္ေန႔ (စေနေန႔) တြင္ The One Entertainment Park (ရန္ကုန္ၿမိဳ႕ရွိ မိုးလံုေလလံုေနရာ) အတြင္း ျပဳလုပ္က်င္းပသြားမွာျဖစ္ၿပီး ဂီတေဖ်ာ္ေျဖပြဲကို ညေန ၆း၀၀ တြင္စတင္မွာျဖစ္ပါတယ္။ အဆိုပါပြဲတြင္ ျမန္မာႏိုင္ငံရွိ နာမည္ေက်ာ္ၾကားေသာ ႏိုင္ငံ ေက်ာ္အဆိုေတာ္မ်ားျဖစ္ၾကေသာ Big Bag၊ လင္းလင္း၊ ေဝလ၊ ေအာင္ထက္၊ ေနမင္းအိမ္ (Galaxy Star)၊ Key (Galaxy Star)၊ တင္ဇာေမာ္၊ ျဖဴျဖဴေက်ာ္သိန္း၊ အိမ့္ခ်စ္ ႏွင့္ မီးႏို (Galaxy Star) မွ ပါဝင္ေဖ်ာ္ေျဖသြားမွာျဖစ္တယ္လုိ႔သိရပါတယ္။
ပြဲမက်င္းပမီ ႏွင့္ က်င္းပေနခ်ိန္အတြင္းတြင္လည္း Samsung မွ စမတ္ဖုုန္းမ်ားအား လက္ေတြ႔စမ္းသပ္ အသံုုးျပဳႏိုုင္မယ့္ ေကာင္တာမ်ားအားစီစဥ္ေပးထားေပးမွာျဖစ္တဲ့အျပင္ အျခားေသာ အေရာင္အေသြးစံုုလင္ကာ ေပ်ာ္စရာေကာင္းေသာ အစီအစဥ္မ်ားအားလည္း စီစဥ္ေပးထားမွာ ျဖစ္ပါတယ္။ ၄င္းအစီအစဥ္မ်ားတြင္ ကံစမ္းမဲအစီအစဥ္၊ beauty blogger Caterpillarmaybe ပါဝင္ေသာ အလွအပဆိုင္ရာေနရာႏွင့္ ျမန္မာႏိုင္ငံရဲ႕ တက္သစ္စ graffiti artists ႏွစ္ေယာက္မွ ဖန္တီးထားေသာ ေနရာတိုု႔ပါဝင္မွာျဖစ္ပါတယ္။ အဆိုုပါ graffiti corner မွာ ပြဲသိုု႔တက္ေရာက္လာေသာ ပြဲလာပရိသတ္မ်ားကိုုယ္တိုုင္ ပါဝင္ႏိုုင္ေသာ အစီအစဥ္မ်ားကိုုလည္း ဖန္တီးေပးထားမယ္လုိ႔သိရပါတယ္။

 

[Unicode]

Samsung မှ Galaxy J Series စမတ်ဖုန်းမျိုးဆက်သစ် များဖြစ်ကြသော Galaxy J4 နှင့် J6 အား ကြိုတင်မှာယူနိုင်မယ့်ရက်ကို စတင်ကြေညာလိုက်ကြောင်း၊ အဆိုပါ မော်ဒယ်သစ်စမတ်ဖုန်းများကို မကြာခင်ရန်ကုန်မြို့တွင် ပြုလုပ်ကျင်းပမယ့် Galaxy J Music Festival တွင် တရားဝင် မိတ်ဆက်သွားမှာဖြစ်ကြောင်း တရားဝင် သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

“Galaxy J4 နဲ့ J6 ကို ကြိုတင်မှာယူနိုင်ပြီဖြစ်တဲ့အပြင် မကြာခင်ပြုလုပ်ကျင်းပမယ့် Galaxy J Music Festival မှာလည်း တရားဝင်မိတ်ဆက်သွားမယ်ဆိုတဲ့အကြောင်းကို သုံးစွဲသူပရိတ်သတ်ကြီးကို မျှဝေလိုပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီစမတ်ဖုန်းသစ် ၂လုံးကို Galaxy Music Festival နဲ့အတူ မိတ်ဆက်ရတဲ့အကြောင်းရင်းကတော့ J4 နဲ့ J6 နှစ်မျိုးစလုံးက အခုခေတ်လူငယ်မျိုးဆက်သစ်တွေအတွက်ရည်ရွယ်ပြီး ဖန်တီးထားတာဖြစ်ပါတယ်။” ဟု Samsung Myanmar ၏ Head of IT and Mobile ကိုဇာနည်ဝင်းထက်မှ ပြောကြားခဲ့သည်။

“ဒီ Music Festival က Galaxy စမတ်ဖုန်းသစ်တွေကို ကြိုတင်မှာယူတဲ့ Samsung ချစ်ပရိတ် သတ်ကြီးနဲ့ ဂီတချစ်မြတ်နိုးသူတွေအတွက် အထူးရည်ရွယ်ပြီး ပြုလုပ်ကျင်းပတာဖြစ်ပါတယ်။ အဲ့ဒါ ကြောင့်လည်း ကျွန်တော်တို့ရဲ့ အဖိုးတန် ပရိတ်သတ်အနေနဲ့လည်း Galaxy J4 နဲ့ J6 ကို ကြိုတင်မှာယူပြီး Music Festival မှာ ပျော်ပျော်ပါးပါးအတူဆင်နွှဲကြရအောင်လို့ ဖိတ်ခေါ်ချင်ပါတယ်။” ဟု ကိုဇာနည်ဝင်းထက်မှ ဖြည့်စွက်ပြောကြားခဲ့သည်။

အဆိုပါစမတ်ဖုန်းသစ်များကို မေလ ၂၅ ရက်နေ့မှ ဇွန်လ ၅ ရက်နေ့အထိ နီးစပ်ရာ Samsung ဖုန်းအရောင်းဆိုင်များသို့သွားရောက်ကာ ကြိုက်နှစ်သက်ရာ စမတ်ဖုန်းသစ်အား စရန်ငွေ သုံးသောင်းကျပ် ပေးသွင်းကာ မှာယူနိုင်မှာဖြစ်ပါတယ်။ ကြိုတင်မှာယူသူများအနေနဲ့ Samsung ရဲ့ အထူးလက်ဆောင်တွေနဲ့အတူ Galaxy J Music Festival သွားရောက်ကြည့်ရှုနိုင်မယ့် အခွင့်အရေးကိုလည်း ရရှိခံစားနိုင်မှာဖြစ်ပါတယ်။ Galaxy J4 ကြိုတင်မှာယူသူပရိသတ်များအနေနဲ့ Samsung Jacket အကျင်္ ီအား လည်းကောင်း၊ Galaxy J6 ကြိုတင်မှာယူသူများအနေနဲ့ Remax M11 Bluetooth စပီကာအားလည်းကောင်း၊ အထူးလက်ဆောင်အနေနဲ့ ရရှိနိုင်မှာဖြစ်ပါတယ်။

Galaxy J4 နှင့် Galaxy J6 အား နိုင်ငံတစ်ဝှမ်းရှိ လက်လီအရောင်းဆိုင်များနှင့် Samsung အရောင်း ဆိုင်များတွင် အနက်ရောင်၊ ရွှေရောင် နှင့် ခရမ်းရောင် အစရှိသဖြင့် အရောင် ၃ ရောင်ဖြင့် ရရှိနိုင်မည်ဖြစ်ပြီး Galaxy J4 အား ၂၀၁၈ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့မှစတင်ကာ မြန်မာကျပ်ငွေ ၂၁၉,၀၀၀ ကျပ်ဖြင့်လည်းကောင်း၊ Galaxy J6 အား ၂၀၁၈ ခုနှစ်၊ ဇွန် ၁၂ ရက်နေ့မှစတင်ကာ မြန်မာကျပ်ငွေ ၃၁၅,၀၀၀ ကျပ်ဖြင့်လည်းကောင်း စျေးကွက်အတွင်း ၀ယ်ယူနိုင်မယ်လို့သိရပါတယ်။

J Music Festival အား ဇွန်လ ၉ ရက်နေ့ (စနေနေ့) တွင် The One Entertainment Park (ရန်ကုန်မြို့ရှိ မိုးလုံလေလုံနေရာ) အတွင်း ပြုလုပ်ကျင်းပသွားမှာဖြစ်ပြီး ဂီတဖျော်ဖြေပွဲကို ညနေ ၆းဝဝ တွင်စတင်မှာဖြစ်ပါတယ်။ အဆိုပါပွဲတွင် မြန်မာနိုင်ငံရှိ နာမည်ကျော်ကြားသော နိုင်ငံ ကျော်အဆိုတော်များဖြစ်ကြသော Big Bag၊ လင်းလင်း၊ ဝေလ၊ အောင်ထက်၊ နေမင်းအိမ် (Galaxy Star)၊ Key (Galaxy Star)၊ တင်ဇာမော်၊ ဖြူဖြူကျော်သိန်း၊ အိမ့်ချစ် နှင့် မီးနို (Galaxy Star) မှ ပါဝင်ဖျော်ဖြေသွားမှာဖြစ်တယ်လို့သိရပါတယ်။
ပွဲမကျင်းပမီ နှင့် ကျင်းပနေချိန်အတွင်းတွင်လည်း Samsung မှ စမတ်ဖုုန်းများအား လက်တွေ့စမ်းသပ် အသုုံးပြုနိုုင်မယ့် ကောင်တာများအားစီစဉ်ပေးထားပေးမှာဖြစ်တဲ့အပြင် အခြားသော အရောင်အသွေးစုံုလင်ကာ ပျော်စရာကောင်းသော အစီအစဉ်များအားလည်း စီစဉ်ပေးထားမှာ ဖြစ်ပါတယ်။ ၄င်းအစီအစဉ်များတွင် ကံစမ်းမဲအစီအစဉ်၊ beauty blogger Caterpillarmaybe ပါဝင်သော အလှအပဆိုင်ရာနေရာနှင့် မြန်မာနိုင်ငံရဲ့ တက်သစ်စ graffiti artists နှစ်ယောက်မှ ဖန်တီးထားသော နေရာတိုု့ပါဝင်မှာဖြစ်ပါတယ်။ အဆိုုပါ graffiti corner မှာ ပွဲသိုု့တက်ရောက်လာသော ပွဲလာပရိသတ်များကိုုယ်တိုုင် ပါဝင်နိုုင်သော အစီအစဉ်များကိုုလည်း ဖန်တီးပေးထားမယ်လို့သိရပါတယ်။