Samsung မွ အသစ္ထြက္ Galaxy Note 9 ကို ျပည္တြင္းတြင္ ႀကိဳတင္မွာယူႏုိင္

[ Zawgyi ]

Samsung ရဲ႕ Galaxy Note 9 Live Event ပြဲအခမ္းအနားကို ၾသဂုတ္လ ၉ ရက္က ကမၻာေအးဘုရားလမ္းရွိ Samsung Iconic Service Plaza မွာ က်င္းပျပဳလုပ္ခဲ့ၿပီး အသစ္မိတ္ဆက္လိုက္တဲ့ Galaxy Note 9 ကို ယေန႔ ၾသဂုတ္လ ၁ဝ ရက္မွစတင္ၿပီး ၾသဂုတ္လ ၂၂ ရက္ထိ ျပည္တြင္းမွာ Pre-order အေနနဲ႔ ႀကိဳတင္မွာယူႏုိင္ၿပီလို႔ သိရပါတယ္။

အဆိုပါ Note 9 ကို RAM 6, Internal 128 GB ေမာ္ဒယ္နဲ႔ RAM 8 GB, Internal 512 GB ေမာ္ဒယ္ႏွစ္မ်ဳိး မွာယူႏုိင္မွာျဖစ္ၿပီး 128GB အမ်ဳိးအစားက တန္ဖိုး ၁,၃၉၉,ဝဝဝ က်ပ္၊ 512GB အမ်ဳိးအစားက တန္ဖိုး ၁,၇၅ဝ,ဝဝဝ က်ပ္ရွိမွာျဖစ္ပါတယ္။ ႀကိဳတင္မွာယူမယ့္သူ ေတြအေနနဲ႔ 128GB အမ်ဳိးအစားကို အျပာေရာင္၊ အနက္ေရာင္၊ သတၱဳေရႊေရာင္နဲ႔ 512GB အမ်ဳိးအစားကို အျပာေရာင္၊ အနက္ေရာင္အေနနဲ႔ ေရြးခ်ယ္မွာယူႏုိင္မွာျဖစ္ၿပီး နီးစပ္ရာ Samsung ဖုန္းအေရာင္းဆုိင္ေတြမွာ ေငြက်ပ္ ၅ဝ,ဝဝဝ ႀကိဳတင္ေပးသြင္းကာ မွာယူႏုိင္မယ္လို႔သိရပါတယ္။

[foogallery id=”90364″]

ႀကိဳတင္မွာယူသူေတြအေနနဲ႔ ဖုန္းကို ၾသဂုတ္လ ၂၄ ရက္မွာ ထုတ္ေပးသြားမွာျဖစ္ၿပီး Note 9 ႀကိဳတင္မွာယူသူတုိင္းအား 512GB အမ်ဳိးအစားအတြက္ Samsung Dual Wireless Charger, 128GB အမ်ဳိးအစားအတြက္ Samsung Wireless Charger ေတြကို လက္ေဆာင္အေနနဲ႔ ရရွိႏုိင္မွာျဖစ္တဲ့အျပင္ ကံစမ္းမဲကူပြန္တစ္ခု ရရွိမွာျဖစ္ပါတယ္။ ကံစမ္းမဲအေနနဲ႔ StarCity ကြန္ဒိုတုိက္ခန္း တစ္ခန္း၊ Mitsubishi ၂ဝ၁၇ ကားသစ္တစ္စီး၊ Samsung လက္မ ၄၈ တီဗြီအလုံး ၃ဝ၊ JBL Click 2 ေရစုိခံစပီကာ အလုံး ၄ဝ၀ ကို မဲေဖာက္ေပးသြားမွာျဖစ္ပါတယ္။ ကံစမ္းမဲကို ၾသဂုတ္လ ၃၁ ရက္မွာ ဖြင့္ေဖာက္ေၾကညာေပးသြားမယ္လုိ႔ သိရပါတယ္။

-ရဲထြဋ္ဝင္း

[ Unicode ]

Samsung ရဲ့ Galaxy Note 9 Live Event ပွဲအခမ်းအနားကို သြဂုတ်လ ၉ ရက်က ကမ္ဘာအေးဘုရားလမ်းရှိ Samsung Iconic Service Plaza မှာ ကျင်းပပြုလုပ်ခဲ့ပြီး အသစ်မိတ်ဆက်လိုက်တဲ့ Galaxy Note 9 ကို ယနေ့ သြဂုတ်လ ၁ဝ ရက်မှစတင်ပြီး သြဂုတ်လ ၂၂ ရက်ထိ ပြည်တွင်းမှာ Pre-order အနေနဲ့ ကြိုတင်မှာယူနိုင်ပြီလို့ သိရပါတယ်။

အဆိုပါ Note 9 ကို RAM 6, Internal 128 GB မော်ဒယ်နဲ့ RAM 8 GB, Internal 512 GB မော်ဒယ်နှစ်မျိုး မှာယူနိုင်မှာဖြစ်ပြီး 128GB အမျိုးအစားက တန်ဖိုး ၁,၃၉၉,ဝဝဝ ကျပ်၊ 512GB အမျိုးအစားက တန်ဖိုး ၁,၇၅ဝ,ဝဝဝ ကျပ်ရှိမှာဖြစ်ပါတယ်။ ကြိုတင်မှာယူမယ့်သူ တွေအနေနဲ့ 128GB အမျိုးအစားကို အပြာရောင်၊ အနက်ရောင်၊ သတ္တုရွှေရောင်နဲ့ 512GB အမျိုးအစားကို အပြာရောင်၊ အနက်ရောင်အနေနဲ့ ရွေးချယ်မှာယူနိုင်မှာဖြစ်ပြီး နီးစပ်ရာ Samsung ဖုန်းအရောင်းဆိုင်တွေမှာ ငွေကျပ် ၅ဝ,ဝဝဝ ကြိုတင်ပေးသွင်းကာ မှာယူနိုင်မယ်လို့သိရပါတယ်။

ကြိုတင်မှာယူသူတွေအနေနဲ့ ဖုန်းကို သြဂုတ်လ ၂၄ ရက်မှာ ထုတ်ပေးသွားမှာဖြစ်ပြီး Note 9 ကြိုတင်မှာယူသူတိုင်းအား 512GB အမျိုးအစားအတွက် Samsung Dual Wireless Charger, 128GB အမျိုးအစားအတွက် Samsung Wireless Charger တွေကို လက်ဆောင်အနေနဲ့ ရရှိနိုင်မှာဖြစ်တဲ့အပြင် ကံစမ်းမဲကူပွန်တစ်ခု ရရှိမှာဖြစ်ပါတယ်။ ကံစမ်းမဲအနေနဲ့ StarCity ကွန်ဒိုတိုက်ခန်း တစ်ခန်း၊ Mitsubishi ၂ဝ၁၇ ကားသစ်တစ်စီး၊ Samsung လက်မ ၄၈ တီဗွီအလုံး ၃ဝ၊ JBL Click 2 ရေစိုခံစပီကာ အလုံး ၄ဝ၀ ကို မဲဖောက်ပေးသွားမှာဖြစ်ပါတယ်။ ကံစမ်းမဲကို သြဂုတ်လ ၃၁ ရက်မှာ ဖွင့်ဖောက်ကြေညာပေးသွားမယ်လို့ သိရပါတယ်။