Samsung ဖုန်းသစ် အမည်ကို အတည်ပြုတဲ့ ဓာတ်ပုံတွေ ထွက်ပေါ်လာ

Samsung ရဲ့အထင်ကရ ဖုန်းသစ် အမည်ကတော့ ဓာတ်ပုံနဲ့တကွ ပေါက်ကြားထွက်ပေါ်လာပါတယ်။ ဖုန်းသစ်အမည်ကတော့ Galaxy S20 ဖြစ်တယ်လို့ သိရပါတယ်။

XDA Developers ကတော့ Galaxy S20 Plus လို့ခေါင်းစဉ်တပ်ထားတဲ့ ဓာတ်ပုံတွေကို ထုတ်ပြန်ခဲ့ပါတယ်။ Galaxy S20 အမည်နဲ့ ထုတ်ကုန် ၃မျိုး ထွက်ရှိမယ်လို့ သိရပါတယ်။ ဓာတ်ပုံတွေအရ ဖုန်းရဲ့ ကနဦး screen မှာ Galaxy S20 အမည်ကို တွေ့ရပါမယ်။

Samsung ဟာဆန်ဖရန်စစ္စကိုမြို့မှာ ပြုလုပ်တဲ့ Unpacked ပွဲ၊ ဖေဖော်ဝါရီလ ၁၁ရက် ပွဲမှာ ဖုန်းတစ်မျိုးကို မိတ်ဆက်လေ့ရှိပါတယ်။ Samsung အနေနဲ့ ဒုတိယမြောက် ခေါက်စမတ်ဖုန်းတစ်မျိုးကိုလည်း မိတ်ဆက်နိုင်ပါတယ်။ အဲဒီဖုန်းဟာ Motorola Razr လိုမျိုး ရေပြင်ညီကွေးနိုင်ပြီး Galaxy Bloom လို့ခေါ်ဆိုသွားမယ်လို့ သိရပါတယ်။

Galaxy S20 ဖုန်းရဲ့ အဓိက ကင်မရာကတော့ 12-megapixel ရှိပြီး ultrawide, telephoto နဲ့ macro lens တို့ပါဝင်လာနိုင်ဖွယ်ရှိပါတယ်။
စိုးထက်
Ref: CNET