Samsung ဖုန္းေတြမွာပါတဲ့ Secure Folders လုံၿခဳံေရးစနစ္ကို ဘယ္လိုသုံးမလဲ

[ Zawgyi ]

Samsung ဖုန္းေတြမွာပါ၀င္တဲ့ Secure Folders စနစ္ကို သုံးၿပီး ဖုန္းထဲက အခ်က္အလက္ဖုိင္၊ ဓာတ္ပုံ၊ ဗီဒီယုိ၊ ဖုန္းအဆက္အသြယ္စတဲ့ မိမိအတြက္ အေရးႀကီးတဲ့ဖုိင္နဲ႔ အခ်က္အလက္ေတြကို တျခားသူေတြ အလြယ္တကူ မၾကည့္႐ႈႏုိင္ေအာင္ ဖုန္းလုံၿခဳံေရးစနစ္တစ္ခု ခံထားၿပီး Lock လုပ္ထားႏုိင္ပါတယ္။ ဒီစနစ္က လုံၿခဳံေရးဆုိင္ရာ ပလက္ေဖာင္းတစ္ခု ျဖစ္တဲ့ Samsung Knox ဆိုတဲ့ စနစ္တစ္ခုလည္းျဖစ္ပါတယ္။

ဒီ Knox စနစ္ကေတာ့ S9, S9+, Note 9 တို႔ကတည္းက ဖုန္းမွာ တစ္ပါတည္း ပါ၀င္လာတာ ျဖစ္ပါတယ္။ မိမိဖုန္းက Android 7.0 Nougat နဲ႔ အထက္ဆိုရင္ေတာ့ Secure Folders စနစ္ကို အသုံးျပဳႏုိင္မွာျဖစ္ပါတယ္။ ဒီစနစ္ကို ေတာ္ေတာ္မ်ားမ်ား သိရွိအသုံးျပဳၾကသူ နည္းပါတယ္။ အျခား third-party app ေတြကိုသာ ပိုသုံးၾကပါတယ္။ ဘာလို႔လဲဆိုေတာ့ Samsung ဖုန္းေတြမွာ ဒီ Secure Folders app ကို ဖုန္းထဲမွာ ထည့္ေပးထားေပမယ့္ App စနစ္ထဲမွာ ေဖ်ာက္ထားလို႔ျဖစ္ပါတယ္။

မိမိအေနနဲ႔ အသုံးျပဳမယ္ဆိုရင္ေတာ့ အရင္ဆုံး ဒီဖုိင္ကို ေဖ်ာက္ထားတာ တစ္နည္း hide လုပ္ထားတာကို ျပန္ေဖာ္ရပါမယ္။ ၿပီးမွ ဆက္သုံးလို႔ရမွာျဖစ္ပါတယ္။ အရင္ဆုံး App စနစ္ရဲ႕ Search ထဲမွာ Secure Folder ဆိုၿပီး ႐ိုက္လုိက္ပါ။ ၿပီးရင္ေတာ့ ပုံမွာျပထားတဲ့အတုိင္း Secure Folder ကို တစ္ခ်က္ႏွိပ္လုိက္ပါ။

ဒါဆိုရင္ေတာ့ ပထမဆုံး အသုံးျပဳတာျဖစ္တဲ့အတြက္ လုံၿခဳံေရး Pattern သတ္မွတ္ေပးဖို႔ ေျပာပါမယ္။ မိမိႏွစ္သက္ရာ တစ္ခုကို သတ္မွတ္ပါ။ ၿပီးရင္ေတာ့ Agree ကို ႏွိပ္ေပးပါ။

ၿပီးရင္ေတာ့ App စနစ္ထဲမွာ Secure Folder ေဖ်ာက္ထားတာကို ေဖာ္ဖို႔အတြက္ Settings ထဲက Biometrics and Security စနစ္ထဲကို သြားလိုက္ပါ။

ၿပီးရင္ေတာ့ Show Secure Folder ဆိုတဲ့ေဘးနားက ခလုတ္ေလးက ပိတ္ေနပါမယ္။ အဲဒါကို တစ္ခ်က္ႏွိပ္ ဖြင့္ေပးလိုက္ပါ။

ဒါဆိုရင္ေတာ့ App စနစ္ထဲမွာ Secure Folder ဖိုင္ေပၚလာပါလိမ့္မယ္။

ဒါဆိုရင္ေတာ့ Secure Folder ကို ဖြင့္ၿပီး Lock လုပ္ထားခ်င္တဲ့ အခ်က္အလက္နဲ႔ ဖုိင္ေတြကို Add files ဆုိတာကို ႏွိပ္ၿပီး လုပ္ေဆာင္ထားၿပီျဖစ္ပါတယ္။ မိမိအေနနဲ႔ Copy အေနနဲ႔ ေရႊ႕ထားမလား၊ မူရင္းကို ေရႊ႕ထားမလား ဆိုတာကို ေရြးခ်ယ္ၿပီး ထားႏုိင္မွာျဖစ္ပါတယ္။ ၿပီးရင္ေတာ့ ညာဘက္ အေပၚေထာင့္နားက Folder ကို Lock ဆိုတာကို ႏွိပ္ၿပီး ထြက္ေပးရမွာ ျဖစ္ပါတယ္။ အဲလိုမလုပ္ခ်င္ရင္ေတာ့ ေစာေစာက ပုံ – ၅ လုပ္ခဲ့တဲ့ Show Secure Folder ေဘးနားက ခလုတ္ကို ႏွိပ္ၿပီး ျပန္ပိတ္ကာ ဖုိင္ကို ေဖ်ာက္ထားႏုိင္မွာလည္း ျဖစ္ပါတယ္။

-ရဲထြဋ္ဝင္း

[ Unicode ]

Samsung ဖုန်းတွေမှာပါ၀င်တဲ့ Secure Folders စနစ်ကို သုံးပြီး ဖုန်းထဲက အချက်အလက်ဖိုင်၊ ဓာတ်ပုံ၊ ဗီဒီယို၊ ဖုန်းအဆက်အသွယ် စတဲ့ မိမိအတွက် အရေးကြီးတဲ့ဖိုင်နဲ့ အချက်အလက်တွေကို တခြားသူတွေ အလွယ်တကူ မကြည့်ရှုနိုင်အောင် ဖုန်းလုံခြုံရေးစနစ်တစ်ခု ခံထားပြီး Lock လုပ်ထားနိုင်ပါတယ်။ ဒီစနစ်က လုံခြုံရေးဆိုင်ရာ ပလက်ဖောင်းတစ်ခု ဖြစ်တဲ့ Samsung Knox ဆိုတဲ့ စနစ်တစ်ခုလည်းဖြစ်ပါတယ်။

ဒီ Knox စနစ်ကတော့ S9, S9+, Note 9 တို့ကတည်းက ဖုန်းမှာ တစ်ပါတည်း ပါ၀င်လာတာ ဖြစ်ပါတယ်။ မိမိဖုန်းက Android 7.0 Nougat နဲ့ အထက်ဆိုရင်တော့ Secure Folders စနစ်ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒီစနစ်ကို တော်တော်များများ သိရှိအသုံးပြုကြသူ နည်းပါတယ်။ အခြား third-party app တွေကိုသာ ပိုသုံးကြပါတယ်။ ဘာလို့လဲဆိုတော့ Samsung ဖုန်းတွေမှာ ဒီ Secure Folders app ကို ဖုန်းထဲမှာ ထည့်ပေးထားပေမယ့် App စနစ်ထဲမှာ ဖျောက်ထားလို့ဖြစ်ပါတယ်။

မိမိအနေနဲ့ အသုံးပြုမယ်ဆိုရင်တော့ အရင်ဆုံး ဒီဖိုင်ကို ဖျောက်ထားတာ တစ်နည်း hide လုပ်ထားတာကို ပြန်ဖော်ရပါမယ်။ ပြီးမှ ဆက်သုံးလို့ရမှာဖြစ်ပါတယ်။ အရင်ဆုံး App စနစ်ရဲ့ Search ထဲမှာ Secure Folder ဆိုပြီး ရိုက်လိုက်ပါ။ ပြီးရင်တော့ ပုံမှာပြထားတဲ့အတိုင်း Secure Folder ကို တစ်ချက်နှိပ်လိုက်ပါ။

ဒါဆိုရင်တော့ ပထမဆုံး အသုံးပြုတာဖြစ်တဲ့အတွက် လုံခြုံရေး Pattern သတ်မှတ်ပေးဖို့ ပြောပါမယ်။ မိမိနှစ်သက်ရာ တစ်ခုကို သတ်မှတ်ပါ။ ပြီးရင်တော့ Agree ကို နှိပ်ပေးပါ။

ပြီးရင်တော့ App စနစ်ထဲမှာ Secure Folder ဖျောက်ထားတာကို ဖော်ဖို့အတွက် Settings ထဲက Biometrics and Security စနစ်ထဲကို သွားလိုက်ပါ။

ပြီးရင်တော့ Show Secure Folder ဆိုတဲ့ဘေးနားက ခလုတ်လေးက ပိတ်နေပါမယ်။ အဲဒါကို တစ်ချက်နှိပ် ဖွင့်ပေးလိုက်ပါ။

ဒါဆိုရင်တော့ App စနစ်ထဲမှာ Secure Folder ဖိုင်ပေါ်လာပါလိမ့်မယ်။

ဒါဆိုရင်တော့ Secure Folder ကို ဖွင့်ပြီး Lock လုပ်ထားချင်တဲ့ အချက်အလက်နဲ့ ဖိုင်တွေကို Add files ဆိုတာကို နှိပ်ပြီး လုပ်ဆောင်ထားပြီဖြစ်ပါတယ်။ မိမိအနေနဲ့ Copy အနေနဲ့ ရွှေ့ထားမလား၊ မူရင်းကို ရွှေ့ထားမလား ဆိုတာကို ရွေးချယ်ပြီး ထားနိုင်မှာဖြစ်ပါတယ်။ ပြီးရင်တော့ ညာဘက် အပေါ်ထောင့်နားက Folder ကို Lock ဆိုတာကို နှိပ်ပြီး ထွက်ပေးရမှာ ဖြစ်ပါတယ်။ အဲလိုမလုပ်ချင်ရင်တော့ စောစောက ပုံ – ၅ လုပ်ခဲ့တဲ့ Show Secure Folder ဘေးနားက ခလုတ်ကို နှိပ်ပြီး ပြန်ပိတ်ကာ ဖိုင်ကို ဖျောက်ထားနိုင်မှာလည်း ဖြစ်ပါတယ်။