Samsung ဖုန္းအေဟာင္းမ်ားအား ေနာက္ဆံုးေပၚစမတ္ဖုန္းသစ္ Samsung Galaxy S9 (သို႔မဟုတ္) S9+ နဲ႔ လဲလွယ္၀ယ္ယူႏိုင္မည္

[Zawgyi]

Samsung ခ်စ္သူ သံုးစြဲသူမ်ားအေနနဲ႔ Samsung ဖုန္းအေဟာင္းမ်ားကို ေနာက္ဆံုးေပၚထြက္ရွိထားေသာ စမတ္ဖုန္းသစ္မ်ားျဖစ္တဲ့ Samsung Galaxy S9/S9+ တို႔ျဖင့္ စတင္လဲလွယ္ႏိုင္ၿပီျဖစ္တယ္လို႔ Samsung ျမန္မာက သတင္းထုတ္ျပန္လိုက္ပါတယ္။

အဆိုပါအစီအစဥ္အရ Samsung ဖုန္းကိုင္ေဆာင္သူ သံုးစြဲသူမ်ားအေနနဲ႔ ရန္ကုန္ႏွင့္ မႏၱေလးၿမိဳ႕ရွိ သတ္မွတ္ထားတဲ့ Samsung အေရာင္းဆိုင္ေတြမွာ လဲလွယ္လိုသည့္ Samsung ဖုန္းအေဟာင္းတန္ဖိုးအား သြားေရာက္ကာ စစ္ေဆးရမွာျဖစ္ၿပီး ဖုန္းအေျခအေန၊ အေနအထား ေပၚမူတည္ကာ Samsung မွ တန္ဖိုးသတ္မွတ္ေပးမွာျဖစ္ ပါတယ္။ ဒါ့အျပင္ Samsung မွ အထူးအစီအစဥ္အေနနဲ႔ သတ္မွတ္တန္ဖိုးအျပင္ထပ္ေဆာင္းအပိုေငြက်ပ္ ရွစ္ေသာင္းအား လဲလွယ္သူမ်ားအားလံုးကို လက္ေဆာင္ေပးအပ္သြားမွာျဖစ္တယ္လို႔သိရပါတယ္။ ဥပမာ – သံုးစြဲသူမ်ားလဲလွယ္လိုတဲ့ Samsung ဖုန္းအေဟာင္း (မည္သည့္ ေမာ္ဒယ္အမ်ိဳးစားမဆို) အား တန္ဖိုးေငြ ၅ သိန္းက်ပ္ သတ္မွတ္ေပးပါက လက္ေဆာင္ရရွိမယ့္ ထပ္ေဆာင္းအပိုေငြ က်ပ္ ၈ ေသာင္းအား ထပ္မံေပါင္းထည့္၍ စုစုေပါင္း ၅ သိန္း ၈ ေသာင္းက်ပ္ သတ္မွတ္ေပးမွာျဖစ္ၿပီး လိုအပ္ေသာ ပမာဏအား ထပ္မံစိုက္ထည့္ကာ စမတ္ဖုန္းသစ္ Galaxy S9 သို႔မဟုတ္ Galaxy S9+ အား ဝယ္ယူႏုိင္မွာျဖစ္ပါတယ္။

အဆိုပါအစီအစဥ္အား ေအာက္ေဖာ္ျပပါ ရန္ကုန္ၿမိဳ႕ႏွင့္ မႏၱေလးၿမိဳ႕ ရွိဆိုင္မ်ားတြင္သာ ရယူႏိုင္မည္ျဖစ္ပါတယ္။ ရန္ကုန္ၿမိဳ႕တြင္ Junction City၊ Myanmar Plaza၊ လသာ၊ လွည္းတန္း ႏွင့္ဆူးေလရွိ Samsung အေရာင္းဆိုင္မ်ားတြင္ လဲလွယ္ႏိုင္မွာျဖစ္ၿပီး မႏၱေလးၿမိဳ႕တြင္လဲလွယ္လိုသူမ်ားအေနနဲ႔ ၇၈ လမ္းရွိ Samsung အေရာင္းဆိုင္တြင္ သြားေရာက္လဲလွယ္ႏိုင္မွာျဖစ္ကာ တစ္ဦးလွ်င္ အမ်ားဆံုး ဖုန္း ၃ လံုးအထိ လဲလွယ္၀ယ္ယူႏိုင္မွာျဖစ္ပါတယ္။

Galaxy S9 ႏွင့္ S9+ အား ျမန္မာႏိုင္ငံေစ်းကြက္တြင္ မတ္လ ၆ ရက္ေန႔တြင္စတင္မိတ္ဆက္ခဲ့ၿပီး Galaxy S9 အား 64GB အမ်ဳိးအစားႏွင့္အတူ အမည္းေရာင္တစ္မ်ိဳးတည္းသာ ရရွိႏိုင္မည္ျဖစ္ၿပီး ေစ်းႏွဳန္းအေနနဲ႔ တန္ဖိုး ၁,၀၉ ၀,၀၀၀ က်ပ္ရွိမွာျဖစ္ပါတယ္။ Galaxy S9+ အား အမည္းေရာင္၊ အျပာေရာင္ ႏွင့္ အေရာင္သစ္ ခရမ္းေရာင္စတဲ့ အေရာင္ သံုးေရာင္၊ သိုေလွာင္သိမ္းဆည္းႏိုင္မႈပမာဏ ႏွစ္ မ်ိဳးနဲ႔ ရရွိႏုိင္မွာျဖစ္ၿပီး 128 GB ကို တန္ဖိုး ၁,၂၇၉,၀၀၀ က်ပ္၊ 256 GB ကို တန္ဖိုး ၁,၄၀၀,၀၀၀ က်ပ္နဲ႔ ေရြးခ်ယ္ဝယ္ယူႏိုင္မွာျဖစ္တယ္လို႔သိရပါတယ္။

-ရဲထြဋ္ဝင္း

 

[Unicode]

Samsung ချစ်သူ သုံးစွဲသူများအနေနဲ့ Samsung ဖုန်းအဟောင်းများကို နောက်ဆုံးပေါ်ထွက်ရှိထားသော စမတ်ဖုန်းသစ်များဖြစ်တဲ့ Samsung Galaxy S9/S9+ တို့ဖြင့် စတင်လဲလှယ်နိုင်ပြီဖြစ်တယ်လို့ Samsung မြန်မာက သတင်းထုတ်ပြန်လိုက်ပါတယ်။

အဆိုပါအစီအစဉ်အရ Samsung ဖုန်းကိုင်ဆောင်သူ သုံးစွဲသူများအနေနဲ့ ရန်ကုန်နှင့် မန္တလေးမြို့ရှိ သတ်မှတ်ထားတဲ့ Samsung အရောင်းဆိုင်တွေမှာ လဲလှယ်လိုသည့် Samsung ဖုန်းအဟောင်းတန်ဖိုးအား သွားရောက်ကာ စစ်ဆေးရမှာဖြစ်ပြီး ဖုန်းအခြေအနေ၊ အနေအထား ပေါ်မူတည်ကာ Samsung မှ တန်ဖိုးသတ်မှတ်ပေးမှာဖြစ် ပါတယ်။ ဒါ့အပြင် Samsung မှ အထူးအစီအစဉ်အနေနဲ့ သတ်မှတ်တန်ဖိုးအပြင်ထပ်ဆောင်းအပိုငွေကျပ် ရှစ်သောင်းအား လဲလှယ်သူများအားလုံးကို လက်ဆောင်ပေးအပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။ ဥပမာ – သုံးစွဲသူများလဲလှယ်လိုတဲ့ Samsung ဖုန်းအဟောင်း (မည်သည့် မော်ဒယ်အမျိုးစားမဆို) အား တန်ဖိုးငွေ ၅ သိန်းကျပ် သတ်မှတ်ပေးပါက လက်ဆောင်ရရှိမယ့် ထပ်ဆောင်းအပိုငွေ ကျပ် ၈ သောင်းအား ထပ်မံပေါင်းထည့်၍ စုစုပေါင်း ၅ သိန်း ၈ သောင်းကျပ် သတ်မှတ်ပေးမှာဖြစ်ပြီး လိုအပ်သော ပမာဏအား ထပ်မံစိုက်ထည့်ကာ စမတ်ဖုန်းသစ် Galaxy S9 သို့မဟုတ် Galaxy S9+ အား ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

အဆိုပါအစီအစဉ်အား အောက်ဖော်ပြပါ ရန်ကုန်မြို့နှင့် မန္တလေးမြို့ ရှိဆိုင်များတွင်သာ ရယူနိုင်မည်ဖြစ်ပါတယ်။ ရန်ကုန်မြို့တွင် Junction City၊ Myanmar Plaza၊ လသာ၊ လှည်းတန်း နှင့်ဆူးလေရှိ Samsung အရောင်းဆိုင်များတွင် လဲလှယ်နိုင်မှာဖြစ်ပြီး မန္တလေးမြို့တွင်လဲလှယ်လိုသူများအနေနဲ့ ရ၈ လမ်းရှိ Samsung အရောင်းဆိုင်တွင် သွားရောက်လဲလှယ်နိုင်မှာဖြစ်ကာ တစ်ဦးလျှင် အများဆုံး ဖုန်း ၃ လုံးအထိ လဲလှယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

Galaxy S9 နှင့် S9+ အား မြန်မာနိုင်ငံစျေးကွက်တွင် မတ်လ ၆ ရက်နေ့တွင်စတင်မိတ်ဆက်ခဲ့ပြီး Galaxy S9 အား 64GB အမျိုးအစားနှင့်အတူ အမည်းရောင်တစ်မျိုးတည်းသာ ရရှိနိုင်မည်ဖြစ်ပြီး စျေးနှုန်းအနေနဲ့ တန်ဖိုး ၁,၀၉ ၀,၀၀၀ ကျပ်ရှိမှာဖြစ်ပါတယ်။ Galaxy S9+ အား အမည်းရောင်၊ အပြာရောင် နှင့် အရောင်သစ် ခရမ်းရောင်စတဲ့ အရောင် သုံးရောင်၊ သိုလှောင်သိမ်းဆည်းနိုင်မှုပမာဏ နှစ် မျိုးနဲ့ ရရှိနိုင်မှာဖြစ်ပြီး 128 GB ကို တန်ဖိုး ၁,၂၇၉,၀၀၀ ကျပ်၊ 256 GB ကို တန်ဖိုး ၁,၄၀၀,၀၀၀ ကျပ်နဲ့ ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်တယ်လို့သိရပါတယ်။

-ရဲထွဋ်ဝင်း