
Vivo S6 5G ဖုန်းဟာ Samsung Exynos chipset အသုံးပြုထားတဲ့ ဖုန်းဖြစ်ပါတယ်။ ဒီဖုန်းကို ဒီတစ်ပတ်မှာ Vivo ကမိတ်ဆက်လိုက်ပါတယ်။ Vivo S6 5G မှာ Exynos 980 ပရိုဆက်ဆာ ပါဝင်လာပါတယ်။ အဲဒီ chipset မှာ နောက်ဆုံးပေါ် CPU core တွေပါဝင်ပြီး Cortex-A77 core ၂ ခုကို စွမ်းဆောင်ရည်ထိရောက်တဲ့ Core-A55 ၆ ခုနဲ့ တွဲဖက်ထားပါယ်။ ဒါ့အပြင် Mali-G76 MP5 GPU, machine learning အတွက် NPU နဲ့ 8nm ထုတ်လုပ်မှု လုပ်ငန်းစဉ်ကို အသုံးပြုထားပါတယ်။
Samsung ရဲ့ chipset မှာ sub-6Ghz 5G ထောက်ပံ့မှုပါဝင်လာပါတယ်။ ဒါပေမဲ့ mmWave စွမ်းဆောင်ရည် မပါဝင်ပါဘူး။
Vivo S6 5G မှာ မျက်နှာပြင် ၆.၄၄ လက်မ FHD+ OLED မျက်နှာပြင်၊ RAM 8GB ပါဝင်ပြီး storage 128Gb ဒါမှမဟုတ် 256GB ကိုရွေးချယ်နိုင်ပါတယ်။ ဘက်ထရီကတော့ 4,500mAh ဖြစ်ပြီး 18W အားသွင်းစနစ် ပါဝင်လာပါတယ်။ Vivo S6 5G ရှေ့ကင်မရာကို ရေစက်ပုံစံ notch ထဲထည့်သွင်းထားပြိး 32MP ဖြစ်ပါတယ်။ ကျောဘက်မှာ ကင်မရာ ၄ လုံး ပါဝင်ပြီး 48MP, 8MP ultr-wide, 2MP macro နဲ့ 2MP depth sensor တို့ ပါဝင်လာပါတယ်။
အခြား feature တွေကတော့ in-display fingerprint sensor, 3.5mm port, USB-C အပြင် Android 10 အခြေခံ FunTouch OS အသုံးပြုထားပါတယ်။ Vivo S6 5G ရဲ့ 8GB/256GB ဗားရှင်းကတော့ ဒေါ်လာ ၃၈၀ နဲ့ 8GB/26GB ကတော့ ၄၂၂ ဒေါ်လာ အသီးသီးကျသင့်ပါမယ်။
စိုးထက်
Ref: AndroioAuthority