Samsung ခေါက်စမတ်ဖုန်း Galaxy Z Flip ဗီဒီယိုထွက်ပေါ်လာ

Samsung ဟာ ဒီလအတွင်း ခေါက်စမတ်ဖုန်းသစ် တစ်မျိုးကို မိတ်ဆက်ဖို့ရှိပါတယ်။ အခုဆိုရင် အွန်လိုင်းမှာ Galaxy Z Flip ရဲ့ပထမဆုံး hands-on ဗီဒီယို ထွက်ပေါ်လာပါတယ်။ ဗီဒီယိုကို Ben Gesking ဆိုသူက Twitter ကတစ်ဆင့် တင်ခဲ့ပြီး ဖုန်းကို ပြသထားပါတယ်။

Galaxy Z Flip ဖုန်းမှာ “ultra-thin glass” ပုံစံတစ်မျိုးကို အသုံးပြုထားဖွယ်ရှိပါတယ်။ ဖုန်းပုံစံက အလွယ်တကူ အိတ်ကပ် ဒါမှမဟုတ် လက်ကိုင်အိတ်ထဲ ထည့်သွင်းထားနိုင်ပါတယ်။ Motorola ရဲ့အသစ်ထွက်ရှိမယ့် Razr နဲ့လည်း ဆင်ပါတယ်။

Galaxy Z Flip ကို ဖေဖော်ဝါရီ ၁၁ ရက်၊ ဆန်ဖရန်စစ္စကိုမြို့မှာ ပြုလုပ်မယ့် Samsung ရဲ့Unpacked ပွဲအတွင်း ထုတ်ဖော်မိတ်ဆက်ဖွယ် ရှိပါတယ်။ ဒါမှမဟုတ် သတင်းအချက်အလက်တွေ ပေါက်ကြားထွက်ပေါ်နေတဲ့ Galaxy S20 ကိုလည်း မိတ်ဆက်နိုင်ပါတယ်။

စိုးထက်
Ref: TheVerge