Samsung က gaming စမတ္ဖုန္းတစ္မ်ိဳး ဖန္တီးေနဟုဆို

[ Zawgyi ]

စမတ္ဖုန္းကုမၸဏီအခ်ိဳ႕ဟာ gaming စမတ္ဖုန္းေတြကို စြန္႔စားၿပီး ထုတ္လုပ္လာၾကပါတယ္။ Sony Ericsson ဟာ ပထမဆံုး gaming စမတ္ဖုန္းေတြထဲက တစ္ခုျဖစ္တဲ့ Xperia Play ကို ၂၀၁၁ ခုႏွစ္တုန္းက ျဖန္႔ခ်ိခဲ့ပါတယ္။ ၂၀၁၇ ႏွစ္ကုန္ပိုင္းမွာ ဂိမ္းနဲ႔ ဆက္စပ္ပစၥည္းေတြ ထုတ္လုပ္တဲ့ Razer က Razer Phone ကို မိတ္ဆက္ခဲ့ပါတယ္။ ဒီႏွစ္မွာေတာ့ Xiaomi က Black Shark gaming စမတ္ဖုန္းနဲ႔ Nubia က Red Magic gaming ဖုန္းကို အသီးသီး မိတ္ဆက္ခဲ့ပါတယ္။ ဒါဟာ အျခား OEM ေတြက အလားတူ gaming ဖုန္းေတြထုတ္လုပ္ဖို႔ စီစဥ္ေနတာကို ၫႊန္ျပေနပါတယ္။

အခုအခါမွာေတာ့ ေတာင္ကိုရီးယား ကုမၸဏီႀကီးျဖစ္တဲ့ Samsung က ကိုယ္ပိုင္ gaming စမတ္ဖုန္းတစ္မ်ိဳး ဖန္တီးေနတယ္ဆိုတဲ့ ေကာလာဟလသတင္း ထြက္ေပၚလာပါတယ္။

ဒီေကာလာဟလသတင္းကို tipster တစ္ေယာက္ျဖစ္တဲ့ MMDDJ_ က Twitter ေပၚမွာ တင္ခဲ့တာျဖစ္ပါတယ္။ အဲ့ဒီ tweet မွာ Samsung က gaming အတြက္ရည္ရြယ္ထားတဲ့ စမတ္ဖုန္းတစ္မ်ိဳးကို ဖန္တီးေနတယ္လို႔ ေရးသားထားပါတယ္။ အဲ့ဒီ tipster ဟာ အသစ္မိတ္ဆက္မယ့္ Samsung ထုတ္ကုန္ေတြနဲ႔ပတ္သက္ၿပီး အၿမဲမွန္ကန္ေအာင္ အရိပ္အျမြက္ ေရးသားေဖာ္ျပေလ့ရိွသူပါ။ ဒါေပမဲ့လည္း အဆိုပါ gaming စမတ္ဖုန္းရဲ႕ အခ်က္အလက္ေတြကိုေတာ့ tipster က မေဖာ္ျပခဲ့ပါဘူး။

တကယ္လို႔ ဒီသတင္းသာ မွန္ကန္ခဲ့မယ္ဆိုရင္ Samsung gaming စမတ္ဖုန္းရဲ႕ အခ်က္အလက္ေတြကို သိပ္မၾကာခင္ သိရိွရမွာျဖစ္ပါတယ္။

Ref: GizmoChina

[ Unicode ]

စမတ်ဖုန်းကုမ္ပဏီအချို့ဟာ gaming စမတ်ဖုန်းတွေကို စွန့်စားပြီး ထုတ်လုပ်လာကြပါတယ်။ Sony Ericsson ဟာ ပထမဆုံး gaming စမတ်ဖုန်းတွေထဲက တစ်ခုဖြစ်တဲ့ Xperia Play ကို ၂၀၁၁ ခုနှစ်တုန်းက ဖြန့်ချိခဲ့ပါတယ်။ ၂၀၁၇ နှစ်ကုန်ပိုင်းမှာ ဂိမ်းနဲ့ ဆက်စပ်ပစ္စည်းတွေ ထုတ်လုပ်တဲ့ Razer က Razer Phone ကို မိတ်ဆက်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ Xiaomi က Black Shark gaming စမတ်ဖုန်းနဲ့ Nubia က Red Magic gaming ဖုန်းကို အသီးသီး မိတ်ဆက်ခဲ့ပါတယ်။ ဒါဟာ အခြား OEM တွေက အလားတူ gaming ဖုန်းတွေထုတ်လုပ်ဖို့ စီစဉ်နေတာကို ညွှန်ပြနေပါတယ်။

အခုအခါမှာတော့ တောင်ကိုရီးယား ကုမ္ပဏီကြီးဖြစ်တဲ့ Samsung က ကိုယ်ပိုင် gaming စမတ်ဖုန်းတစ်မျိုး ဖန်တီးနေတယ်ဆိုတဲ့ ကောလာဟလသတင်း ထွက်ပေါ်လာပါတယ်။

ဒီကောလာဟလသတင်းကို tipster တစ်ယောက်ဖြစ်တဲ့ MMDDJ_ က Twitter ပေါ်မှာ တင်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီ tweet မှာ Samsung က gaming အတွက်ရည်ရွယ်ထားတဲ့ စမတ်ဖုန်းတစ်မျိုးကို ဖန်တီးနေတယ်လို့ ရေးသားထားပါတယ်။ အဲ့ဒီ tipster ဟာ အသစ်မိတ်ဆက်မယ့် Samsung ထုတ်ကုန်တွေနဲ့ပတ်သက်ပြီး အမြဲမှန်ကန်အောင် အရိပ်အမြွက် ရေးသားဖော်ပြလေ့ရှိသူပါ။ ဒါပေမဲ့လည်း အဆိုပါ gaming စမတ်ဖုန်းရဲ့ အချက်အလက်တွေကိုတော့ tipster က မဖော်ပြခဲ့ပါဘူး။

တကယ်လို့ ဒီသတင်းသာ မှန်ကန်ခဲ့မယ်ဆိုရင် Samsung gaming စမတ်ဖုန်းရဲ့ အချက်အလက်တွေကို သိပ်မကြာခင် သိရှိရမှာဖြစ်ပါတယ်။

Ref: GizmoChina