Samsung ကြိုးမဲ့နားကြပ် Galaxy Buds Live

Samsung ရဲ့နောက်ဆုံးထွက် Galaxy Buds Live ဟာ မိတ်ဆက်မခင် ကတည်းက Twitter မှာ ပေါက်ကြားထွက်ပေါ်ခဲ့ပါတယ်။ ဒါ့အပြင် Samsung ကလည်း iOS နဲ့ Android အတွက် Galaxy Wear app ကို အချိန်မီလေး update လုပ်ခဲ့ပါတယ်။

Galaxy Buds Live ကို mystic white, mmystic black နဲ့ mystic bronze ဆိုပြီး အရောင် ၃ မျိုးနဲ့ ထုတ်လုပ်ပါမယ်။ Galaxy Buds Live ရဲ့အသေးစိတ်အချက်် တချို့ကိုတော့ မသိသေးပါဘူး။ Galaxy Buds Live ကိုတော့ ဒေါ်လာ ၁၇၀ နဲ့ ရောင်းချမယ်လို့ သိထားပါတယ်။ Samsung က Galaxy Buds Live ဟာစတိုင်ကျပြီး ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေရှိတယ်လို့ ပြောထားပါတယ်။

Galaxy Buds Live ဟာ AirPods လိုပဲ အပွင့်ပုံစံဖြစ်ပြီး နားထဲသက်သောင့်သက်သာ ထည့်ထားနိုင်ပါတယ်။ ဒါ့အပြင် နားကြပ်တပ်ဆင်တဲ့အခါ ထွက်မကျစေဖို့ “wingtip” ၂ ခု ထည့်ထားပေးပါတယ်။Samsung က Galaxy Buds Live အတွက် ဆူညံသံလျှော့ချပေးတဲ့စနစ်က အပွင့်ပုံစံအတွက် သင့်တော်တဲ့ Active noise control ဖြစ်တယ်လို့ ပြောထားပါတယ်။

Samsung Galaxy Buds Live ကို ဆူညံသံလျှော့ချတဲ့စနစ်နဲ့ဆိုရင် ၈ နာရီအထိ အသုံးပြုနိုင်ပါတယ်။ ကျစ်လျစ်တဲ့ charging case ပါဝင်ပြီး USB-C ဒါမှမဟုတ် ကြိုးမဲ့နည်းလမ်းနဲ့ အားဖြည့်နိုင်တယ်။ Charging case မှာဘက်ထရီ သက်တမ်း ၂ နာရီခွဲစာ သိုလှောင်ထားနိုင်ကာ ၅ မိနစ် အားသွင်းရင် ၁ နာရီ အထိ အသုံးပြုနိုင်ပါတယ်။ IPX4 သတ်မှတ်ချက်ရထားတာကြောင့် ရေစိုခံပါတယ်။

Galaxy ဖုန်းဒါမှမဟုတ် tablet နဲ့ချိတ်ဆက်အသုံးပြုရင် ဂိမ်း latency နည်းပါးတာအပြင် လုပ်ဆောင်ချက်တချို့လည်း ပါဝင်ပါမယ်။ Galaxy ဖုန်းပိုင်ရှင်တွေက Buds ရဲ့ touch control ကိုသုံးစရာမလိုဘဲ hands-free နဲ့ Bixby ကိုအသုံးပြုနိုင်ပါတယ်။ သုံးစွဲသူက “Hi, Bixby” လို့ပြောလိုက်တာနဲ့ အသုံးပြုနိုင်ပါတယ်။

-စိုးထက်
Ref: CNET