Sales and Marketing Career Conference 2018 ျပဳလုပ္မည္

[ Zawgyi ]

ကုမၸဏီေပါင္း ၃၀ ေက်ာ္မွ အလုပ္အကိုင္ေခၚယူမယ့္ Sales and Marketing Career Conference 2018 ကို Rose Garden ဟိုတယ္မွာ ဇြန္လ ၃ ရက္၊ နံနက္ ၉ နာရီကေန ညေန ၅ နာရီအထိ ျပဳလုပ္သြားမယ္လို႔ သိရပါတယ္။

JobNet က ဦးစီက်င္းပျပဳလုပ္ သြားမွာျဖစ္ကာ ျပည္တြင္း Sales and Marketing ပိုင္းေခၚယူလိုတဲ့ ကုမၸဏီေတြနဲ႔ Sales and Marketing ပိုင္းက လုပ္သားေတြကို ထိပ္တိုက္ေတြ႔ဆံုေစမွာျဖစ္ေၾကာင္း၊ Sales Deveploment, Commercial Roles, B2B, Business Deveploment, SalesManagment, Sales Training, Director of Sales, Marketing, Media, Advertising, Digital Marketing Management, Marketing Analytics, Creative, PR & Communications Specialists စတဲ့ အလုပ္အကိုင္ အခြင့္အလမ္း လစ္လပ္ေနရာေတြအတြက္ အလုပ္ေခၚယူသြားမွာျဖစ္ေၾကာင္း သိရပါတယ္။

ပြဲအတြင္းတက္ေရာက္ သူေတြအေနနဲ႔ ျပည္တြင္းကုမၸဏီေတြက CEO ေတြရဲ႕ ေဆြးေႏြးေဟာေျပာမႈကို နားေထာင္ႏိုင္မွာျဖစ္ေၾကာင္း၊ အဆိုပါပြဲကို မည္သူမဆုိအခမဲ့ တက္ေရာက္ႏိုင္ေၾကာင္း သိရပါတယ္။

-ေအာင္သက္ကို

==========

[ Unicode ]

Sales and Marketing Career Conference 2018 ပြုလုပ်မည်

==========

ကုမ္ပဏီပေါင်း ၃၀ ကျော်မှ အလုပ်အကိုင်ခေါ်ယူမယ့် Sales and Marketing Career Conference 2018 ကို Rose Garden ဟိုတယ်မှာ ဇွန်လ ၃ ရက်၊ နံနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

JobNet က ဦးစီကျင်းပပြုလုပ် သွားမှာဖြစ်ကာ ပြည်တွင်း Sales and Marketing ပိုင်းခေါ်ယူလိုတဲ့ ကုမ္ပဏီတွေနဲ့ Sales and Marketing ပိုင်းက လုပ်သားတွေကို ထိပ်တိုက်တွေ့ဆုံစေမှာဖြစ်ကြောင်း၊ Sales Deveploment, Commercial Roles, B2B, Business Deveploment, SalesManagment, Sales Training, Director of Sales, Marketing, Media, Advertising, Digital Marketing Management, Marketing Analytics, Creative, PR & Communications Specialists စတဲ့ အလုပ်အကိုင် အခွင့်အလမ်း လစ်လပ်နေရာတွေအတွက် အလုပ်ခေါ်ယူသွားမှာဖြစ်ကြောင်း သိရပါတယ်။

ပွဲအတွင်းတက်ရောက် သူတွေအနေနဲ့ ပြည်တွင်းကုမ္ပဏီတွေက CEO တွေရဲ့ ဆွေးနွေးဟောပြောမှုကို နားထောင်နိုင်မှာဖြစ်ကြောင်း၊ အဆိုပါပွဲကို မည်သူမဆိုအခမဲ့ တက်ရောက်နိုင်ကြောင်း သိရပါတယ်။

-အောင်သက်ကို