Sakura-Insein သင်တန်းကျောင်းမှ သင်တန်းသားများခေါ်ယူ

ပညာရေးဝန်ကြီးဌာန (TVET) Department နဲ့ မြန်မာနိုင်ငံ ဂျီတီအိုင် ကျောင်းသား ဟောင်းများအသင်း (Myanmar AGTI Society) တို့ပူးပေါင်းဖွင့်လှစ်တဲ့ Sakura-Insein သင်တန်းကျောင်းမှ သင်တန်းသားတွေခေါ်ယူနေပါတယ်။

သင်တန်းအမှတ်စဥ် (၉) ကို သြဂုတ်လအတွင်းမှာ ဖွင့်လှစ်မှာ ဖြစ်ပြီး Sakura-Insein Technical Course အနေနဲ့ Commercial Electrical Wiring Course အတွက် သင်တန်းသားဦးရေ ၃၀ နဲ့ Electrical Power Distribution Line Course အတွက် သင်တန်းသားဦးရေ ၁၅ ဦးတို့ကို ခေါ်ယူသွားမှာဖြစ်ပါတယ်။ သင်တန်းကာလမှာ ၇ လဖြစ်ပြီး ဂျပန်နိုင်ငံရဲ့ လျှပ်စစ်စံချိန်စံညွှန်းတွေနဲ့အညီ သင်ထောက်ကူပစ္စည်းအပြည့်အစုံနဲ့ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ တက်ရောက်လိုသူတွေအနေနဲ့ မြန်မာနိုင်ငံသားဖြစ်ရမှာဖြစ်ပြီး အနိမ့်ဆုံး တက္ကသိုလ်ဝင်တန်းအဆင့်သင်ကြားဖူးသူ နဲ့ ဇွန် ၃၀ ၇က်မှာ အသက် ၁၇ နှစ်ပြည့်ပြီး အသက် ၂၅ နှစ်ထက်မကြီးသူတွေ ဖြစ်ရပါမယ်။ သင်တန်းကြေးပေးသွင်းတက်ရောက်ရမှာဖြစ်ပြီး လျှောက်လွှာတွေကို ရန်ကုန်မြို့၊ အင်းစိန် ဂျီတီအိုင်ကျောင်းဝင်းအတွင်းရှိ သက်မွေးပညာသင်တန်းကျောင်း နဲ့ လှိုင်တက္ကသိုလ်နယ်မြေ ရှိ GTI ကျောင်းသားဟောင်း အသင်းမှာ အခမဲ့ထုတ်ယူနိုင်ပါတယ်။ လျှောက်လွှာတွေကို ဇူလိုင် ၁ ရက် မှစတင်ကာ ထုတ်ယူနိုင်ပြီး အသေးစိတ်အချက်အလက်တွေကို ဖုန်း-၀၁-၃၆၄၃၆၆၃၊ ၀၉၉၇၅၂၈၉၇၉၇၊ ၀၉၇၉၅၅၅၅၃၃၄ နဲ့ ၀၁-၇၅၁၉၈၆၃ ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

-သန္တာ